Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Monday, 16 May 2011

စစ်သားနဲ့ နိုင်ငံရေး

စစ်သားနဲ့ နိုင်ငံရေး
စစ်သားနဲ့ နိုင်ငံရေး မောင်စွမ်းရည် စစ်သားနဲ့ နိုင်ငံရေးလို့ ခေါင်းစဉ်တပ်လိုက်ပေမယ့် စစ်တပ်နဲ့ နိုင်ငံရေးလို့ အဓိပ္ပာယ်ကောက်ချင်လည်း ရပါတယ်။ "စစ်သား" ဆိုတာက "စစ်တပ်" ဆိုတဲ့ အဖွဲ့အစုထဲမှာမှာပါတဲ့ စစ်မှုထမ်းတဦးချင်းကို ပြောလိုတာပါ။ စစ်မှုထမ်းဆိုရာမှာလည်း စစ်သား၊ စစ်ဗိုလ်၊ စစ်ဗိုလ်ချုပ် စတဲ့ စစ်မှုထမ်းတွေကို ဆိုလိုတာပါ။ ဒီလိုဆိုပြန်တော့ စစ်ဗိုလ်ချုပ်ဆိုတဲ့ အရာရှိတွေက သူတို့ကို စစ်သားတွေနဲ့ ရောနှောပြောတာ ကြိုက်မှာမဟုတ်ပါ။ သူတို့က စစ်သားဆိုတာ စစ်တပ်ရဲ့ "အစေခံ"၊ "အသေခံ" လို့သာ မှတ်ယူလေ့ရှိပါတယ်။ ဒါကလည်း အင်္ဂလိပ်နဲ့ ဂျပန်နယ်ချဲ့နဲ့ ဖက်ဆစ်တို့ဆီက အမွေခံစိတ်ဓာတ်တွေ ဖြစ်ပုံရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကတော့ စစ်ဗိုလ်၊ စစ်သား မခွဲခြားတဲ့ တိုက်ဖော်တိုက်ဖက်၊ ရဲဘော်ရဲဘက် စိတ်ဓာတ်ကို အခြေခံပြီး စစ်တပ်ဖွဲ့ခဲ့ပေမယ့် သိတဲ့အတိုင်း။

စစ်သားဆိုတာ နိုင်ငံသားတဦးပဲဖြစ်ပါတယ်။ အိမ်သားတိုင်း အိမ်တလုံးရဲ့ ကိစ္စမှာ သက်ဆိုင်သလိုပါပဲ။ ကျောင်းသား၊ ဈေးသား၊ အလုပ်သမား၊ လယ်သမား၊ စစ်သား အားလုံးဟာ နိုင်ငံသားတွေဖြစ်ကြတဲ့အတိုင်း နိုင်ငံရေးကို စိတ်ဝင်စားကြရမှာပါပဲ။ နိုင်ငံရေးကို စိတ်ဝင်စားပြီး ဒါဟာ ငါတို့အရေး၊ နိုင်ငံသားတိုင်းရဲ့ အရေးဆိုတဲ့ အသိနဲ့ အဆုံးအဖြတ်ပေးကြရတဲ့အခါ မှန်ကန်တဲ့ အဆုံးအဖြတ်ကို ပေးနိုင်ပါတယ်။ စစ်သားဟာ စစ်တပ်အဖွဲ့ဝင်ဖြစ်လို့ စစ်စည်းကမ်း၊ စစ်ဥပဒေကို လိုက်နာရမှာတပိုင်းပါ။ စစ်ဆင်ရေးတရပ်နဲ့ပဲ ဆိုင်ပါတယ်။ မလိုက်နာရင် စစ်ရှုံးမှာပေါ့။ ဒါက အဖွဲ့အစည်းသဘောပါ။ ကျောင်းသားက ကျောင်းစည်းကမ်း၊ အလုပ်သမားက အလုပ်ရုံစည်းကမ်း၊ သံဃာက သံဃာ့ဝိနည်း စသဖြင့် ဆိုင်ရာ အဖွဲ့အစည်းရဲ့စည်းကမ်းတွေကို လိုက်နာကြရမြဲပါ။ ဒါပေမယ့် သူတို့အားလုံးဟာ နိုင်ငံထဲမှာ နေကြလို့ နိုင်ငံရဲ့အရေးကို စိတ်ဝင်းစားကြရမှာပါ။ ဒါကြောင့် စစ်သားလည်း နိုင်ငံရေးကို မျက်ခြည်မပြတ် သိရှိနေရမှာပါ။ ဒါမှာသာ နိုင်ငံတနိုင်ငံလုံး ကိစ္စအတွက် အဆုံးအဖြတ်ပေးကြရတဲ့အခါ မှန်ကန်မှာပါ။ ဥပမာ မဲပေးဖို့ကိစ္စ။ လူတဦးကို တမဲသာပေးခွင့်ရှိပေမယ့် ဒီ "တမဲ" တွေကပဲ နိုင်ငံရဲ့ ကံကြမ္မာကို အဆုံးဖြတ်ပေးသွားမှာ မဟုတ်လား။ ဒီမိုကရေစီနိုင်ငံအတွက် မဲတမဲဟာ အရေးကြီးပါတယ်။ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲတွေနဲ့ ကြည့်ပြီးဆုံးဖြတ်ရင် တိုင်းပြည် ငါးပါးမှောက်မှာပါ။ စစ်သားဟာ စစ်စည်းကမ်း လိုက်နာရုံနဲ့ စစ်သားဖြစ်ပြီလို့ သဘောထားလို့မရပါ။ အဲဒါက ကျွန်စိတ်ပါ။ သာမန်အချိန်မှာတော့ ဒီလိုပဲ စစ်စည်းကမ်းနဲ့ပဲ မှေးပြီး နေလို့ရပါတယ်။ သူ့တာဝန်က နိုင်ငံတော်ကပေးတဲ့ တာဝန်ဖြစ်တဲ့ နိုင်ငံတော်ကာကွယ်ရေးသာ အဓိကပါ။

စစ်သားက စစ်တပ်ရဲ့ စည်းကမ်းဥပဒေလိုက်နာရသလို စစ်တပ်ဟာလည်း နိုင်ငံတော်ရဲ့ ဥပဒေကို လိုက်နာရပါတယ်။ နိုင်ငံတော်ရဲ့ ဥပဒေက အထက်ကပါ။ အစိုးရအဖွဲ့အစည်းက အထက်ကပါ။ စစ်တပ်ဟာ အစိုးရအဖွဲ့အစည်းခိုင်းတာ လုပ်ရမှာဖြစ်ပြီး စစ်တပ်က အစိုးရအဖွဲ့အစည်းကို ခိုင်းဖို့မဟုတ်ပါ။ နိုင်ငံရဲ့ အန္တရာယ်ကာကွယ်တယ်ဆိုတဲ့ကိစ္စက နယ်ချဲ့အန္တရာယ်၊ ဖက်ဆစ်အန္တရာယ်၊ ကျူးကျော်သူအန္တရာယ်၊ သူပုန်အန္တရာယ်လိုဟာမျိုးပါ။ တရုတ်ဖြူကျူးကျော်မှုလို၊ ဘိန်းဘုရင်လွှမ်းမိုးမှုလိုကိစ္စတွေကို ကာကွယ်ရမှာပါ။ ကျောင်းသား၊ အလုပ်သမား၊ လယ်သမားအစ သံဃာအဆုံး (လက်နက်မဲ့) ဥပဒေဘောင်အတွင်းက ဆန္ဒပြတောင်းဆိုတာမျိုးကို "တပ်မတော်က ကယ်တင်တယ်" ဆိုပြီး နှစ်ပေါင်း သုံးလေးဆယ် "ကယ်တင်" နေတာမျိုးဟာ စစ်တပ်တာဝန်မဟုတ်ပါ။ ဒီလို ပိုင်းခြားသိဖို့ဆိုတာလည်း နိုင်ငံရေးအသိထဲမှာ ပါဝင်ပါတယ်။ ဥပဒေတွင်းမှာ လက်နက်မဲ့ဆန္ဒပြတာ လူ့အခွင့်အရေးပါပဲ။ စစ်သားဟာ နိုင်ငံရေးအသိရှိရပါမယ်။

နိုင်ငံရေးအသိဆိုရာမှာ တနိုင်ငံလုံးရဲ့ နေ့စဉ်အခြေအနေနဲ့ မျက်မှောက်ခေတ်တခုလုံးကို ခြုံပြီး ဖော်ပြတဲ့ အခြေအနေတွေကို သိဖို့ရယ်၊ နောက်တပိုင်းကတော့ တရုတ်၊ ရုရှ၊ ဥရောပ၊ အာရှ၊ အရှေ့တောင်အာရှ၊ အရှေ့အလယ်ပိုင်း စတဲ့ဒေသဆိုင်ရာ နိုင်ငံရေးတွေရယ် မျက်ခြည်မပြတ် သိနေဖို့ လိုပါတယ်။ (ဒါတွေကို သေချာနားလည်သဘောပေါက်ဖို့ ပထ၀ီနဲ့ သမိုင်းလည်း နောက်ခံပြုဖို့ လေ့လာရပါတယ်။ ဒါထက်မြင့်ပြီး လေ့လာချင်ရင် ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒ၊ အရှင်းရှင်ဝါဒ၊ အမျိုးသားရေးဝါဒ စတဲ့ နိုင်ငံရေးဝါဒတွေကိုလည်း အနည်းအကျဉ်း သိရပါအုံးမယ်။

ဗမာ့တပ်မတော်ဟာ ဖက်ဆစ်တော်လှန်ရေးကာလမှာ ပေါက်ဖွားလာခဲ့ပါတယ်။ တပ်မတော်ရယ်လို့ မဖွဲ့ခင်ကတည်းက နိုင်ငံရေးသဘောတရားသင်တန်းတွေကို ပေးထားပါတယ်။ တော်လှန်ရေးလုပ်တော့ တိုင်းအလိုက် "စစ်ရေးတာဝန်ခံတဦး" နဲ့အတူ "နိုင်ငံရေးတာဝန်ခံတဦး" စီတွဲပြီး တာဝန်ယူရပါတယ်။ ရဲဘော်သုံးကျိပ်ဝင်တွေက စစ်ပညာသင်ပေးပြီး ကွန်မြူနစ်တွေက နိုင်ငံရေးသဘောတရားတွေ ပို့ချပေးပါတယ်။ ပြည်ပ (အိန္ဒိယမှာ ကွန်မြူနစ် သခင်သိန်းဖေ- ဦးသိန်းဖေမြင့်) က နိုင်ငံရေးသင်တန်းပေးပြီး မဟာမိတ်စစ်တပ်က အမေရိကန်၊ အင်္ဂလိပ်စစ်ဗိုလ်တွေက စစ်သင်တန်းပေးခဲ့ပါတယ်။ အဲဒီအချိန် စစ်တပ်မှာ ပို့ချတဲ့ နိုင်ငံရေး တပါတီ နိုင်ငံရေးမဟုတ်ပါဘူး။ မြန်မာ့မျက်မှောက်နိုင်ငံရေးအခြေအနေ၊ ကမ္ဘာနိုင်ငံရေးအခြေအနေနဲ့ ဖက်ဆစ်ဝါဒသရုပ်၊ နယ်ချဲ့အရင်းရှင်ဝါဒသရုပ်တွေ ဖြစ်ပါတယ်။ မဆလ ဆိုရှယ်လစ်အတု ခေတ်မှာတောင် နိုင်ငံရေးတက္ကသိုလ်လို၊ ဖောင်ကြီးသင်တန်းလိုဟာတွေနဲ့ စစ်မှုထမ်း အပါအ၀င် ၀န်ထမ်းတွေကို နိုင်ငံရေးသိပ္ပံပညာတွေ ပို့ချပေးခဲ့ပါသေးတယ်။ ပညာရေးတက္ကသိုလ် ဆရာအတတ်သင်ကျောင်းတွေနဲ့ တက္ကသိုလ်အသီးသီးမှာတောင် နိုင်ငံရေးသိပ္ပံဌာနတွေ ရှိခဲ့ပါတယ်။ အဲဒီတုန်းက နိုင်ငံတကာရေးရာ စာစောင်ဟာ အတော်ကောင်းပါတယ်။ နိုင်ငံရေးသိပ္ပံဆိုတဲ့ စာအုပ်ပြာလေးလည်း (ဘာသာပြန်) ထုတ်ခဲ့ဖူးပါတယ်။ လူတိုင်း ဖတ်သင့်တာတွေပါ။ စစ်တပ်တွေမှာလည်း စာဖတ်ခန်း၊ စာကြည့်တိုက်တွေ ရှိပါတယ်။ အစဉ်အလာပါ။

ဗိုလ်ချုပ်အောင်ဆန်းက စစ်တပ်က နိုင်ငံရေးလုပ်တာကို မလိုလားခဲ့ပါ။ သူကိုယ်တိုင် စစ်တပ်ရဲ့ အမြင့်ဆုံးရာထူးကို စွန့်လွှတ်ပြီးမှ နိုင်ငံရေးလုပ်ပါတယ်။ နမူနာပြခဲ့ပါတယ်။ သူဖယ်ပေးပြီးနောက် စစ်တပ်ထဲက ပါတီနိုင်ငံရေးသမားတွေက ခြေပုန်းခုတ်ပြီး စစ်တပ်အကြီးအကဲ ရာထူးကို လုခဲ့ကြပါတယ်။ စစ်သားတယောက်ဟာ သူ့ဘာသာ နိုင်ငံရေးခံယူချက် ကိုယ်ပိုင်ရှိနိုင်ပေမယ့် နိုင်ငံရေးပါတီတွေရဲ့ အာဏာလုရေးကိစ္စကို စစ်တပ်ထဲကို သွင်းမလာရပါဘူး။ လွတ်လပ်ရေး ရစကတည်းက ဗိုလ်ချုပ်အောင်ဆန်းရဲ့စကားကို နားမထောင်ဘဲ စစ်တပ်ထဲမှာ နိုင်ငံရေးလုပ်လို့ စစ်အာဏာရှင်စနစ်ကြီး ပေါ်ပေါက်လာခဲ့တဲ့အတွက် စစ်တပ်က အစိုးရဖြစ်ပြီး ဥပဒေရဲ့ အထက်က ရောက်သွားခဲ့ပါတယ်။ တည်ဆဲဥပဒေဆိုတဲ့ စကားကို တွင်တွင်သုံးပြီး အခြေခံဥပဒေကိုတော့ အကြိမ်ကြိမ် ချိုးဖောက်ဖျက်ဆီးခဲ့ပါတယ်။ နိဂုံးချုပ်ရရင် စစ်တပ်က နိုင်ငံရေးမလုပ်ရဘူး။ အစိုးရမလုပ်ရဘူး။ အစိုးရပေးတဲ့တာဝန်ကို စစ်တပ်က လုပ်ရမယ်။ စစ်သားက နိုင်ငံရေးအသိရှိရမယ်။ နိုင်ငံရေးအသိ မြင့်မားလေ ကောင်းလေပါပဲ။

နိုင်ငံရေးပါတီတခုခုမှာ ၀င်ထားသည့်တိုင်အောင် ပါတီကိစ္စတွေကို စစ်တပ်ထဲ ဆွဲသွင်းမလာရပါ။ ပါတီကိစ္စလုပ်ချင်ရင် စစ်တပ်က ထွက်ရပါမယ်။ သို့မဟုတ် ခုလို နိုင်ငံရေးလုပ်စားပြီး စစ်တပ်သမိုင်းကို အိုးမဲသုတ်ခဲ့တဲ့ သန်းကြွယ်သူဌေး ဗိုလ်ချုပ်တွေကို စစ်သားတွေက ဖယ်ရှားပစ်ရပါမယ်။ နာမည်ပျက်စစ်တပ်ထဲမှာ စစ်ကျွန်ဘ၀နဲ့ နေကြရပါတကားဆိုတာကို "နိုင်ငံရေးအသိ" က နားလည်စေပါလိမ့်မယ်။ ဒါကြောင့် စစ်သားတိုင်း ပြည်သူနဲ့ ခံစားမှုတူအောင် နိုင်ငံရေးအသိနဲ့ ချင့်ချိန်နိုင်ဖို့ လိုအပ်ပါတယ်။ တပ်နဲ့ပြည်သူ ကြည်ဖြူရပါမယ်။ ပြည်သူ့မျက်နှာ၊ အခြေခံဥပဒေရဲ့မျက်နှာ (ကိုယ့်ဘာသာရေးဆွဲတဲ့ ဥပဒေမဟုတ်ရပါ) ကို ကြည့်ရပါမယ်။ အာဏာလိုချင်တဲ့ စီးပွားရေးလုပ်စားတဲ့ ဗိုလ်ချုပ်တွေရဲ့ မျက်နှာကို မကြည့်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

ပထမ မြန်မာများ

ပထမ မြန်မာများ

မြန်မာနိုင်ငံရှိ ပထမစခဲ့သော ပုဂ္ဂိုလ်များ

1. ပထမဆုံး သမ္မတ = စဝ်ရွှေသိုက်
2. ပထမဆုံး ၀န်ကြီးချုပ် = ဦးနု
3. ပထမဆုံး အနောက်တိုင်းဆေး ဒေါက်တာ = ဒေါက်တာ ရှောလူး
4. ပထမဆုံး အင်္ဂလိပ် မြန်မာ အဘိဓာန် ရေးသားသူများ = မက္ခရာမင်းသား နှင့်
မစ္စတာလိန်း (ဒေါက်တာ ဆင်မျူယ် ဂျွန်ဆင်၏ အင်္ဂလိပ်အဘိဓာန်ကို ပြန်ဆို)
5. ပထမဆုံး သိပ္ပံစာပေ ပြုစုသူ = ယောမင်းကြီး ဦးဘိုးလှိုင်
6. ပထမဆုံး အမျိုးသားကောလိပ်မှ ဝိဇ္ဇာဘွဲ့ရသူ=အာဇာနည်ခေါင်းဆောင်ကြီး
ဆရာကြီး ဦးရာဇတ်
7. ပထမဆုံး အင်ဂျင်နီယာ =ဖန်ချက်ဝန် ဦးရွှေအိုး
8. ပထမဆုံး နိုင်ငံရေးသမား အကျဉ်းကျခံရသူ = ဆရာတော်ဦးဥတ္တမ
9. ပထမဆုံး လူမှုဝန်ထမ်း အမျိုးသမီး = ဒေါ်ဦးဇွန်း
10. ပထမဆုံး ရုပ်ရှင်သရုပ်ဆောင် = ဦးညီပု
11. ပထမဆုံး မြန်မာ့ရုပ်ရှင်ထူထောင်သူ နှင့် ဒါရိုက်တာ = လန်ဒန်အတ် ဦးအုန်းမောင်
12. ပထမဆုံး မြန်မာ့ရုပ်ရှင် စတန့်မင်းသား = ကျော်စိုး
13. ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ မင်းသား = ဦးကျော်ဝင်း
14. ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ မင်းသမီး =ကြည်ကြည်ဌေး
15. ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ကလေးသရုပ်ဆောင် = အောင်ထွန်းလေး
16. ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ဆု အမျိုးသား = ဦးကျောက်လုံး
17. ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ဆု အမျိုးသမီး =ဒေါ်မေနွဲ့
18. ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဒါရိုက်တာ = ဦးသုခ
19. ပထမဆုံး နိုင်ငံခြားသွား ဆိုင်းဆရာ = စိန်ဗေဒါ
20. ပထမဆုံး ကာလပေါ်ဝတ္ထုရေး စာရေးဆရာ = ဂျိမ်းစ်လှကျော် (မောင်ရင်မောင်
မမယ်မ ၀တ္တု)
21. ပထမဆုံး သတင်းစာ ဆရာမ = အင်ဒီပင်းဒင့် ဒေါ်စန်း
22. ပထမဆုံး ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး ပါမောက္ခ = ဦးဖေမောင်တင်
23. ပထမဆုံး ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာ ကထိက = ဒေါက်တာဘမော်
24. ပထမဆုံး စတီရီယို အဆိုတော် = တက္ကသိုလ်ထွန်းနောင်
25. ပထမဆုံး လေသူရဲ = မီးပုံးပျံ ဦးကျော်ရင်
26. ပထမဆုံး စက်ရုပ်တီထွင်သူ = ဦးကြည်
27. ပထမဆုံး နယ်လှည့် ဇာတ်သဘင် = ဂရိတ်ဦးဘိုးစိန်
28. ပထမဆုံး မြန်မာလူမျိုး ဟိုက်ကုတ်တရားဝန်ကြီးချုပ် = ဒေါက်တာဆာမြဘူး
(၁၈၈၅-၁၉၆၆)
29. ပထမဆုံး မြန်မာပါရဂူ = ဒေါက်တာဘဟန်(၁၈၉၀-၁၉၆၉) (ပြင်သစ်နှင့်ဂျာမနီပြန်)
30. ပထမဆုံး ညွှန်ကြားရေးမှူးချုပ် နှင့် အဏုမြူ စွမ်းအင် ဦးစီးဌာန
တည်ထောင်သူ = ဒေါက်တာတင်လှိုင်
31. ပထမဆုံး မြန်မာ ကာတွန်းဆရာ = ဦးဘကလေး(ရွှေတလေး)
32. ပထမဆုံး မြန်မာနိုင်ငံ သမိုင်းကော်မရှင်ဥက္ကဋ္ဌ = ပညာမင်ကြီး စည်သူဦးကောင်း
33. ပထမဆုံး ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ်=ဒေါက်တာတင်မောင်
34. ပထမဆုံး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗ-က-သ)၏ ဥက္ကဋ္ဌ=ဦးရာရှစ်
35. ပထမဆုံး ကျားကစားနည်း စာအုပ်ရေးသူ=စာရေးဆရာချစ်ညို (၁၉၂၄ - ၁၉၈၇)
36. ပထမဆုံး လူမှုထူးချွန် ပထမဆင့်ကို ရရှိသူ အမျိုးသမီး=ဟာဂျီမ
ပျဉ်းမနားဒေါ်ပု (၁၉၀၆-၁၉၈၂)
37. ပထမဆုံး ဖလောရင့် နိုက်တင်ဂေးဆု ရရှိသူ =ဗိုလ်မှူး
ဒေါ်ခင်အုန်းမြ(ခေါ်) စာရေးဆရာမကြီး မြမာလာ
38. ပထမဆုံး မြန်မာ ကိုယ်ခန္ဓာအလှူရှင် = ဦးဝင်းမြင့်(မန္တလေး)

စာကိုး မြန်မာ့ သမိုင်း

ချစ်ခင်လေးစားသော
ရွှေအိမ်စည်

Thursday, 12 May 2011

Burma Insight: 11 May 2011

ပဲခူးမြို.နယ် အမျိုးသားဒီမိုကရေစီအင်အားစုမှ ( ၃ ) ရက် ရက်တိုသတင်တန်းကို မေလ( ၁၂ ) ရက်နေ. မှ ( ၁၄ ) ရက်နေ.အထိပို.ချပေးမည်ဖြစ်ပါသည်။သင်ကြားမည်.ခေါင်းစဉ်များမှာ State meship,Power relation,Role of Legislation,Constitution,State market & Civil Society and Good Governnance တို.ဖြစ်ပါသည်။ယခုသင်တန်းပြီးလျှင်ေ
နောက်ပိုင်းကိုလည်းဆက်လက်ပို.ချနိုင်အောင်စီစဥင်္ဆောင်၇ွက်သွားမှာဖြစ်ပါတယ်။အခုအစိုးရအပြောင်းအလဲအပြီးအခုထပ်ပြီးတော.ပြသာကနာတက်ပြန်ပြီ။ဒါကမြို.နယ်အုပ်ချုပ်ရေး မှူး လုပ်နေတဲ.ကိစ္စတွေချည်းပါဘဲ။သူကနေပြီးမြို.နယ်ထဲကစီးပွားရေးလုပ်ငန်း၇ှင်ကြီးနဲ.
အကျိုးအမြတ်ရဘို.လုပ်နေတာပါ။အဓိကကတော.ဂျိုးသိန်းဆေးပေါ.လိပ်ပါ။သူကပဲခူးမှာတိုင်းမှူးအဆက်ကကလည်းအခုလိုဘဲလုပ်နေခဲ.တာ။ပဲခူးဆေးရုံမှာတောင် ဂျိုးသိန်း ဆေးရုံဆိုပြီးလှူထားတာရှိနေတယ်။
နောက်ရွှေမောဓောဘုရားလမ်းထိပ်မှာဆိုရင်လည်း ဂျိုးသိန်းန်ာမည်နဲ. အပြင်ဆေးရုံရှိနေပါတယ်။လော်ဆစ်ဟန်နဲ.ခမည်းခမက်တော်တယ်လို.လည်းကြားပါတယ်။ဒါကတော.သိအောင်ပြောပြပေးတာပါ။သတင်း
တော.မထုတ်ပါနဲ.ဦး။အခုထပ်ပြီးဒီနေရာကိုသိမ်းဆည်းဘို.ကြိုးစားနေပြန်တယ်။

PLease forward this to everyone you know to sign.

သူငယ်ချင်းတိုသူငယ်ချင်းတို့ရေ၊ကျေးဇူးပြူပီးဝိုင်းဝန်းလိုက်ကျရအောင်ပါရှင်၊ကျေးဇူးပြူပီးဝိုင်းဝန်းလိုက်ကျရအောင်ပါရှင်
Please help this campaign urged by Our Leader Daw Aung San Suu Kyi. PLease forward this to everyone you know to sign.

GoPetition

Burma Insight: 11 May 2011

Burma Insight: 11 May 2011
BDC
11 May 2011

Yangon, May 11 -- The Special Adviser to the UN Secretary-General for Myanmar, Mr. Vijay Nambiar and his delegation held extensive talks with the Myanmar government delegation headed by Foreign Minister U Wunna Maung Lwin on matters of cooperation between Myanmar and United Nations in Nay Pyi Taw this afternoon soon after Vijay Nambiar’s arrival at the Myanmar’s administrative capital at noon today, the state-owned TV announced late this evening.

Following the above-mentioned talks, the Special Adviser to the UN Secretary-General for Myanmar, Mr. Vijay Nambiar and his delegation also met and held talks with the Myanmar government delegation led by Minister for Home Affairs Lt-Gen Ko Ko in Nay Pyi Taw this evening, the TV further said without elaborating.

This is Vijay Nambiar’s second visit to Myanmar in six months period. He first came here in his capacity as Special Adviser to the UN Secretary-General for two-day visit from November 27 to 28, 2010.

Vijay Nambiar, who met the democracy icon Aung San Suu Kyi at the latter’s residence in Yangon on the first day of his first visit to Myanmar on November 27 last year, is likely to hold talks with her this time too.

According to a short statement issued by UN, Vijay Nambiar will spend three days in Myanmar this time.

The statement also said Vijay Nambiar will hold meetings with political parties, civil society organizations and other key interlocutors in his efforts to implement the Secretary-General’s good offices mandate.

Wednesday, 11 May 2011

အခမဲ့ ပညာသင်ကျောင်း ဖွင့်မရအောင် ဒေသခံ အာဏာပိုင်တွေ ဖိအားပေး

အခမဲ့ ပညာသင်ကျောင်း ဖွင့်မရအောင် ဒေသခံ အာဏာပိုင်တွေ ဖိအားပေးမြန်မာလူငယ်တွေရဲ့ ပညာရည် တိုးတက် မြင့်မားစေဖို့အတွက် ပညာဒါန ဆိုပြီး၊ ရန်ကုန် သင်္ကန်းကျွန်း မြို့နယ် အတွင်းမှာ လူငယ်ကွန်ယက် တစ်ခုကနေ မကြာသေးခင်ကမှ ပြောင်းရွှေ့ ဖွင့်လှစ် သင်ကြားပေးနေတဲ့ ဗေဒါ သင်တန်းကျောင်းကို မြို့နယ် အာဏာပိုင်တွေက ကျောင်းမဖွင့်နိုင်အောင်

Photo: RFA)
အာဏာပိုင်များ၏ ဖိအားပေးမှုကြောင့် တာမွေမှ စမ်းချောင်းသို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ရသော ဗေဒါ စေတနာ့ ဝန်ထမ်း သင်တန်းကျောင်း နေရာသစ်သို့ ဖေဖော်ဝါရီ ၁၆ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး (ဝဲ) လာရောက် အားပေးနေပုံ ဖြစ်ပါသည်။ (Photo: RFA)
သင်တန်းသားတွေကို ဧည့်စာရင်း မပေးဖို့ မြို့နယ် ရဲတပ်ဖွဲ့ နဲ့ စစ်ဖက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သက်ဆိုင်ရာ ရပ်ကွက် အုပ်ချူပ်ရေးမှုးတွေကို ညွှန်ကြားနေတာတွေ ရှိတယ်လို့ သိရပါတယ်။
ဗေဒါ သင်တန်းကျောင်း တာဝန်ခံ လူငယ်ကွန်ယက် ခေါင်းဆောင် ကိုမျိုးရန်နောင်သိမ်း ကို အာအက်ဖ်အေ က ဆက်သွယ် မေးမြန်းရာမှာတော့ ကျောင်းဖွင့်ဖို့ ငှားထားတဲ့ အိမ်ပိုင်ရှင်တွေကို ဖြစ်လာတဲ့ နောက်ဆက်တွဲ ပြသနာတွေကို တာဝန်ယူဖို့ အတင်း လက်မှတ် ထိုးခိုင်းနေတယ်လို့ ပြောပါတယ်။
ဒီအကြောင်း အပြည့်အစုံကို အာအက်ဖ်အေ သတင်းထောက် ကိုအောင်မိုးမြင့်က သတင်းပေးပို့ထားပါတယ်

Source: http://www.rfa.org/burmese/news/free_school_disturbed_by_authorites-05102011113601.html

Listen to the song

Sunday, 8 May 2011

Burma Democratic Concern (BDC) အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်တွေ့ဆုံဆွေးနွေးပွဲဖြစ်ပေါ်လာရေး

Burma Democratic Concern (BDC) အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်တွေ့ဆုံဆွေးနွေးပွဲဖြစ်ပေါ်လာရေး

06 May 2011

မြန်မာပြည်တွင်စစ်အာဏာရှင်အစိုးရသည်ဦးသိန်းစိန်ခေါင်းဆောင်သောကြံ့ဖွံ့အစိုးရကိုအာဏာလွှဲပေး

လိုက်သည်ဟုပြောသည်။ထို USDP ကြံ့ဖွံ့အစိုးရဆိုသည်မှာအတုအယောင် 2010 ရွေးကောက်ပွဲမှပေါ်ထွက်လာခြင်းဖြစ်ပြီးထို ရွေးကောက်ပွဲကိုလည်းအတုအယောင်အခြေခံဥပဒေကိုအခြေခံ၍ကျင်းပခြင်းဖြစ်ပြီးထိုအခြေခံဥပဒေသည်လည်းအတုအယောင်ဆန္ဒခံယူပွဲဖြင့်တဖတ်သတ်အတင်းအကျပ်အတည်ပြုခဲ့ခြင်းဖြစ်သည်။ဒါ့အပြင်

ထို2010 ရွေးကောက်ပွဲကိုလည်းမတရားရွေးကောက်ပွဲဥပဒေများအရကျင်းပခဲ့ခြင်းဖြစ်သည်။

သို့သော်မြန်မာပြည်သူများ၏ခံစားနေမှုဒုက္ခများမှာမပြောင်းလဲသွားပါ။မြန်မာပြည်၏စီးပွားရေးအကျပ်အ

တည်းမှာပိုမိုစိုးဝါးလာခဲ့ပြီးအလုပ်လက်မဲ့ဦးရေမှာပိုမိုများပြားလာခဲ့ပါသည်။တချိန်တည်းမှာပင်အခြေခံစား

သောက်ကုန်များ၏ ဈေးနူန်းမှာတရိတ်ရိတ်ပိုမို၍တားမနိုင်ဆီးမရမြင့်တက်လာခဲ့ပါသည်။ဒါ့အပြင်ဆင်း

ရဲမွဲတေမှုပြသာနာမှာပိုမိုဆိုးဝါးလာခဲ့ပြီးအကျင့်ပျက်လဘ်စားမှုများလည်းဆက်လက်မြင့်တက်လာခဲ့ပါသည်။သာမန်ပြည်သူများအထူးသဖြင့်တိုင်းပြည်လူဦးရေသန်း ၆၀ ၏ ၇၀ရာခိုင်နူန်းရှိသောလယ်သမားများမှာ

အဆိုးဝါးဆုံးခံစားရပါသည်။





တိုင်းပြည်၏အာဏာကိုဦးသိန်းစိန်ခေါင်းဆောင်သောအရပ်သားဝတ်စုံဝတ်ထားသောစစ်အစိုးရမှဗဟိုချုပ်

ကိုင်မှုဖြင့်ချုပ်ကိုင်ထားပြီးတိုင်းသူပြည်သားများကိုချိန်းခြောက်အနိုင်ကျင့်ဗိုလ်ကျခြင်း၊သတင်းများကို

တင်းကျပ်စွာဆင်ဆာဖြတ်ခြင်း၊လူတဦးခြင်းစီ၏အခွင့်အရေးများကိုထိန်းချုပ်ညင်းပယ်ခြင်းနှင့်လူနည်းစုတိုင်းရင်းသားများကိုဖိနှိပ်ချုပ်ခြယ်ခြင်းများကိုဆက်လက်ပြုလုပ်လျက်ရှိပါသည်။





ဦးသိန်းစိန်စစ်အစိုးရသည်သူတို့ကိုယ်သူတို့ရွေးကောက်ပွဲအရပေါ်ပေါက်လာသောအစိုးရအဖြစ်ကိုယ်ဘာသာကိုယ်ကြေငြာပါသည်။နိုင်ငံတကာမိသားစုအနေဖြင့်၎င်းတို့၏စကားယုံကြည်လက်ခံနိုင်ဖွယ်ရှိမရှိ

ကို၎င်းတို့၏လုပ်ရပ်ကိုကြည့်ပြီးဆုံးဖြတ်ရမည်ဖြစ်ပါသည်။





ဒါကြောင့်ကျွန်ုပ်တို့အနေဖြင့်ဦးသိန်းစိန်အစိုးရကို

(၁) နိုင်ငံရေးအကျဉ်းသားများအားလုံးပြန်လွှတ်ပေးရန်

(၂) လွတ်လပ်စွာစုဝေးခွင့်

(၃) လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်

(၄) လွတ်လပ်စွာအသင်းအဖွဲ့ဖွဲ့စည်းခွင့်

(၅) လွတ်လပ်သောသတင်းမီဒီယာ

(၆) လွတ်လပ်သောတရားစီရင်ရေး

(၇) ပြည်တွင်း ငြိမ်းချမ်း ရေးရအောင် လုပ်ဆောင်ရေး

(၈)တိုင်းရင်းသားများအားစစ်ရေးအရတိုက်ခိုက်မှုကိုရပ်တန့်ရေး

(၉)ဆင်းရေးမွဲတေမှုပပြောက်ရေး

တို့လုပ်ဆောင်ရန်တောင်းဆိုလိုက်သည်။၎င်းအရာများသည်သိသာသောမြင်သာသောစံချိန်စံညွှန်းများဖြစ်ပြီး၎င်းလမ်းညွန်တံများမှဦးသိန်းစိန်အစိုးရအားမည်ကဲ့သို့သောအစိုးရဖြစ်ကြောင်းဆုံးဖြတ်မည့်အရာများဖြစ်

သည်။





ဒါ့အပြင် Burma Democratic Concern (BDC) အနေဖြင့် UK အစိုးရကို

(၁) လူသားခြင်းစာနာထောက်ထားသောအကူအညီများ မြန်မာပြည်တွင်းသို့တိုးမြင့်ပေးရန်

(၂) မြန်မာပြည်တွင်းလွတ်လပ်သောလူမှုအထောက်အကူအဖွဲ့အစည်းများ CSOs များထွန်းကားလာရေးအတွက်ကူညီပံ့ပိုးပေးရန်

(၃) မြန်မာပြည်တွင်းလူထုပညာပေးရေး၊ ပညာရေးများအဆင့်မြင့်ရေးဝိုင်းဝန်းကူညီလုပ်ဆောင်ပေးရန်

(၄) ဆင်းရေးမွဲတေမှုပပျောက်ရေးဝိုင်းဝန်းကူညီလုပ်ဆောင်ပေးရန်

(၅) ကျန်းမာရေးစောင့်ရှောက်မှုနှင့်လူမှုကူညီထောက်ပံ့ရေးအကူအညီများပိုမိုမြင့်တင်ပေးရန်

(၆) မြန်မာပြည်သူများ၏အရည်အချင်းမြင့်တင်ရေးဥပမာအားဖြင့် Networking ကဲ့သို့သောအရာများအကူအညီပေးရန်

တောင်းဆိုလိုက်သည်။





Burma Democratic Concern (BDC) အနေဖြင့်UK အစိုးရ မှဤကဲ့သို့သောအရာများကူညီပေးခြင်းအားဖြင့်မြန်မာပြည်တွင်ဒီမိုကရေစီပေါ်ပေါက်လာရေး

အတွက်အဓိကလိုအပ်သောအခြေခံအဆောက်အအုံများပိုမိုခိုင်မာလာရေးအတွက်ကူညီပေးခြင်းဖြစ်သည်

ဟုယုံကြည်ပါသည်။

ကျွန်ုပ်တို့မြန်မာပြည်သူပြည်သားများအနေဖြင့်နိုင်ငံတကာမှမြန်မာပြည်၏အခြေအနေကိုဂရုတ

စိုက်စောင့်ကြည့်နေသည်အတွက်ဝမ်းမြောက်ပါသည်။သို့သော်စကားလုံးမျာအနေဖြင့် မလုံလောက်ပါ။

UNအနေဖြင့်မြန်မာပြည်တွင်တွေ့ဆုံဆွေးနွေးရေးပေါ်ပေါက်လာရေးအတွက်အထူးအာရုံစိုက်လုပ်ဆောင်ပြီး

မြန်မာပြည်တွင်စစ်မှန်သောအမျိုးသားပြန်လည်သင့်မြတ်ရေးဆီသို့ဦးတည်အောင်အဓိကဆောင်ရွက်သင့်ပါ

သည်။

ဒါ့အပြင် UK သည်ကုလသမ္မဂ္ဂလုံခြုံရေးကောင်စီ၏အမြဲတမ်းအဖွဲ့ဝင်ဖြစ်သောကြောင့်ကျွန်ုပ်တို့အနေဖြင့် UK အစိုးရအားကုလသမ္မဂ္ဂလုံခြုံရေးကောင်စီနှင့်ကုလသမ္မဂ္ဂအထွေထွေအတွင်းရေးမူးချုပ်တို့ အား

(၁) မြန်မာပြည်တွင်ကုလသမ္မဂ္ဂအထွေထွေအတွင်းရေးမူးချုပ်၏ညှိနှိုင်းဆက်သွယ်ရေးရုံးဖွင့်လှစ်ပြီး

ဦးသိန်းစိန်အစိုးရနှင့်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သောဒီမိုကရေစီနှင့်တိုင်းရင်းသားအင်အားစုများနှင့်

တွေ့ဆုံဆွေးနွေးရေးပေါ်ပေါက်လာရေးအတွက်ညှိနှိုင်းဆောင်ရွက်ရေးမူး ခန့်ထားပြီးဆောင်ရွက်ရန် ။

(၂ )မြန်မာပြည်အတွက်အချိန်ပြည့်အမြဲတန်းကုလသမ္မဂ္ဂအထူးကိုယ်စားလှယ်ခန့်အပ်ခြင်းအားဖြင့်ထိုကိုယ်စားလှယ်သည်မြန်မာပြည်အခြေအနေအားတိကျမှန်ကန်စွာယုံကြည်နိုင်စွမ်းအပြည့်ဖြင့်လေ့လာ

သုံးသပ်ပြီးUNနှင့်အထွေထွေအတွင်းရေးမူးချုပ်အားမှန်ကန်သောမူဝါဒများချမှတ်ပြီးသင့်တော်သောအရေးယူဆောင်ရွက်မူများဆောင်ရွက်နိုင်စေရန် (၃ ) ကုလသမ္မဂ္ဂလုံခြုရေးကောင်စီမှမြန်မာပြည်တွင်အမျိုးသားပြန်လည်သင့်မြတ်ရေးကိုဖော်ဆောင်ရေးဆုံး

ဖြတ်ချက်ကျလာစေရန်

တောင်းဆိုလိုက်သည်။





ကျွန်ုပ်တို့အနေဖြင့်မြန်မာပြည်တွင်ဦးသိန်းစိန်အစိုးရအားဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော

ဒီမိုကရေစီနှင့်တိုင်းရင်းသားခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးအဖြေရှာရေးဖော်ဆောင်ရန်ဖိအားပေး

တောင်းဆိုရန်တောင်းဆိုလိုက်ပါသည်။

ပိုမိုပြီးသတင်းအချက်လက်များကိုသိရှိလိုပါက Burma Democratic Concern (BDC) ကိုဆက် သွယ်နိုင်ပါတယ်။

Burma Democratic Concern (BDC) မှ အထူးကျေးဇူးတင်ပါသည်။

Friday, 6 May 2011

Burma Democratic Concern (BDC): To the Dialogue -- For the National Reconciliation

Burma Democratic Concern (BDC): To the Dialogue -- For the National Reconciliation

06 May 2011

In Burma, junta claimed that they handed over the power to U Thein Sein led USDP government which emerged from the sham election held in 2010 which was held in accord with sham constitution, sham referendum and sham election laws. But the sufferings of the Burmese people remain unchanged. Burma's economic crisis continues to deepen; unemployment is rising dramatically while prices of consumer goods are increasing out of control. Poverty has soared and corruption is growing. Ordinary people especially farmers, 70% of the 60 million populations, are hardest hit.

The power is still centred on the U Thein Sein led civilian-clothed military regime which maintains strict authoritarian rule over the people of Burma through intimidation, the strict censuring of information, repression of individual rights, and suppression of ethnic minority groups.

The U Thein Sein military regime self-proclaims that they are the democratic government. The international community must see the accountability of their words and action.

Therefore, we call for the U Thein Sein led government to:

(a)Release all political prisoners

(b)Freedom of assembly

(c)Freedom of expression

(d)Freedom of association

(e)Freedom of media

(f)Free and independent judiciary system

(g)Restore Peace

(h)Stop military attack on ethnics brothers

(i)Alleviate poverty

They are the clear indicators that international community could judge what kind of the government which U Thein Sein regime really is.

Addition, Burma Democratic Concern (BDC) calls for the UK government to

(a)Increase humanitarian assistance inside Burma

(b)Assisting flourishing civil society organizations

(c)Assisting promoting education

(d)Assisting poverty alleviation

(e)Assisting promoting health and social care

(f)Assisting capacity building such as networking

Burma Democratic Concern (BDC) believes that by doing so UK government could help strengthening fundamental mechanism needed for the emergence of the democratic system in Burma.

We are very encouraged to learn that the international community is carefully monitoring the situation in Burma. But words alone are not enough. UN should take proper action focusing on to take place dialogue leading towards achieving national reconciliation in Burma.

Since UK is one of the permanent UNSC members, we call for the UK government to call for the UN Secretary General and UNSC to

1.Calling for to open UN Secretary General Representative Liaison Office in Burma so as to act as the facilitator between U Thein Sein led USDP government and Daw Aung San Suu Kyi led democratic and ethnic groups so as to practically taking place genuine dialogue

2.Calling for to appoint Full-time Permanent UN Special Envoy on Burma who will carry out his duties in a very accountable manner assessing the situation in Burma accurately, and gives sound recommendation in formulating UN policy, then the Secretary General will be appraised of the exact situation in Burma

3.Calling for to adopt the UN Security Council Resolution encouraging national reconciliation in Burma

We call for the international community to press more on the U Thein Sein regime to enter the dialogue with Daw Aung San Suu Kyi led democratic and ethnics’ leaders of Burma.

For more information please contact

U Myo Thein [United Kingdom]

Phone: 00-44-78 7788 2386, 00-44-208 4939 137



U Khin Maung Win [United States]

Phone: 001-941-961-2622



U Tint Swe Thiha [United States]

Phone: 001-509-582-3261, 001-509-591-84



Daw Khin Aye Aye Mar [United States]

Phone: 001 509 586 8309

Monday, 2 May 2011

President Obama on Death of Osama bin Laden May 01, 2011

Al-Qaeda founder and leader Osama Bin Laden is dead!

US forces kill Osama Bin Laden in Pakistan

The BBC's Adam Brookes: US intelligence analysts believed the compound was "the sort of place that you might try to hide"

Al-Qaeda leader Osama Bin Laden has been killed by US forces in Pakistan, President Barack Obama has said.

Bin Laden was killed in a ground operation outside Islamabad based on US intelligence, the first lead for which emerged last August.

Mr Obama said after "a firefight", US forces took possession of the body.

Bin Laden is believed to be the mastermind of the attacks on New York and Washington on 11 September 2001 and a number of others.

He was top of the US' "most wanted" list.

Mr Obama said it was "the most significant achievement to date in our nation's effort to defeat al-Qaeda".

The US has put its embassies around the world on alert, warning Americans of the possibility of al-Qaeda reprisal attacks for Bin Laden's killing.

How will al-Qaeda react? In the short term, the Obama administration is already bracing itself for possible revenge attacks. But for many the bigger question is whether, in the longer run, al-Qaeda can survive.

Since the start of the year, some experts have argued that the uprisings in the Arab world have rendered it irrelevant. They will see Bin Laden's death as confirming the trend. Perhaps.

But the root causes of radical Islam - the range of issues that enabled al-Qaeda to recruit disaffected young Muslims to its cause - remain, for the most part, unaddressed. The death of Bin Laden will strike at the morale of the global jihad, but is unlikely to end it.

Crowds gathered outside the White House in Washington DC, chanting "USA, USA" after the news emerged.

A US official quoted by Associated Press news agency said Bin Laden's body had been buried at sea, although this has not been confirmed.

Bin Laden had approved the 9/11 attacks in which nearly 3,000 people died.

He evaded the forces of the US and its allies for almost a decade, despite a $25m bounty on his head.

Mr Obama said he had been briefed last August on a possible lead to Bin Laden's whereabouts.

"It was far from certain, and it took many months to run this thread to ground," Mr Obama said.

"I met repeatedly with my national security team as we developed more information about the possibility that we had located Bin Laden hiding within a compound deep inside of Pakistan.

"And finally, last week, I determined that we had enough intelligence to take action, and authorised an operation to get Osama Bin Laden and bring him to justice," the president said.

Bin Laden was top of the US "most wanted" list
On Sunday, US forces said to be from the elite Navy Seal Team Six undertook the operation in Abbottabad, 100km (62 miles) north-east of Islamabad.

After a "firefight" Bin Laden was killed and his body taken by US forces, the president said.

Mr Obama said "no Americans were harmed".

US officials said Bin Laden was shot in the head after resisting.

US media reports said that the body was buried at sea to conform with Islamic practice of a burial within 24 hours and to prevent any grave becoming a shrine.


“America has sent an unmistakable message: No matter how long it takes, justice will be done”

George W Bush
Former US president

Al-Qaeda's remaining leaders
Giving more details of the raid, one senior US official said a small US team had conducted the attack in about 40 minutes.

Three other men were killed in the raid - one of Bin Laden's sons and two couriers - the official said, adding that one woman was also killed when she was used as "a shield" and two other women were injured.

One helicopter was lost due to "technical failure". The team destroyed it and left in its other aircraft.

One resident, Nasir Khan, told Reuters the helicopters had come under "intense firing" from the ground.

The size and complexity of the structure in Abbottabad had "shocked" US officials.

It had 4m-6m (12ft-18ft) walls, was eight times larger than other homes in the area and was valued at "a million dollars", though it had no telephone or internet connection.

The US official said that intelligence had been tracking a "trusted courier" of Bin Laden for many years. The courier's identity was discovered four years ago, his area of operation two years ago and then, last August, his residence in Abbottabad was found, triggering the start of the mission.

Another senior US official said that no intelligence had been shared with any country, including Pakistan, ahead of the raid.

"Only a very small group of people inside our own government knew of this operation in advance," the official said.

The Abbottabad residence is just a few hundred metres from the Pakistan Military Academy - the country's equivalent of West Point.

The BBC's Aleem Maqbool in Abbottabad says it will undoubtedly be a huge embarrassment to Pakistan that Bin Laden was found not only in the country but also on the doorstep of the military academy.

He says residents in the town were stunned the al-Qaeda leader was living in their midst.

The senior US official warned that the possibility of revenge attacks had now created "a heightened threat to the homeland and to US citizens and facilities abroad".

But the official added that "the loss of Bin Laden puts the group on a path of decline that will be difficult to reverse".

He said Bin Laden's probable successor, Ayman al-Zawahiri, was "far less charismatic and not as well respected within the organisation", according to reports from captured al-Qaeda operatives.

'Momentous achievement'
World leaders welcomed the news of Bin Laden's death.

Afghan President Hamid Karzai said Bin Laden had "paid for his actions".

Pakistani PM Yusuf Raza Gilani said the killing was a "great victory" but added that he "didn't know the details" of the US operation.

Barack Obama gives a statement confirming the death of Osama Bin Laden
Former US President George W Bush described the news as a "momentous achievement".

"The fight against terror goes on, but tonight America has sent an unmistakable message: No matter how long it takes, justice will be done," Mr Bush said in a statement.

But a spokesman for the Pakistani Taliban threatened revenge attacks against the "American and Pakistani governments and their security forces".

In Gaza, which is governed by militant group Hamas, Prime Minister Ismail Haniya condemned the killing of "a Muslim and Arabic warrior".

BBC security correspondent Frank Gardner says that, to many in the West, Bin Laden became the embodiment of global terrorism, but to others he was a hero, a devout Muslim who fought two world superpowers in the name of jihad.

The son of a wealthy Saudi construction family, Bin Laden grew up in a privileged world. But soon after the Soviets invaded Afghanistan he joined the mujahideen there and fought alongside them with his Arab followers, a group that later formed the nucleus for al-Qaeda.

After declaring war on America in 1998, Bin Laden is widely believed to have been behind the bombings of US embassies in East Africa, the attack on the USS Cole in Yemen in 2000 and the attacks on New York and Washington.

http://www.bbc.co.uk/news/world-us-canada-13256676

Donation to DKBA and KNLA



TO
BDC
FREE BURMA PROJECT

We would lkie to thank you very much for the donation that we recieved from your organisation. The Amount of the money is 15,000baht and we really appreciate your kindness consideration for helping our community . You are a good Friend who cares for us when we face difficulties and this will be kept in our memory .

Thank you agian and wishing you very Happy New Year !

Thanks ,
Tee Paw Commander 101 Battalion KNLA 2/1/2011

နာဂစ် မင်းကိုငါမေးမယ်

ဒီကျွန်းစုငယ်နဲ့ ဟိုဘက်ရွာအိမ်စုကလူတွေ

ဘယ်သူ မျှော်လင့်ထားကြမှာလဲ

လူတွေအိပ့်ချိန်မှာ တရွာလုံးကိုဝင်ရောက်မွှေနှောက်

မင်းရက်စက်ရာမရောက်ဘူးလား....နာဂစ်။

ငါတုန်လှုပ် ခြောက်ခြားသွားခဲ့တယ်

မိုးလင်းတော့ တရွာလုံးဟာတိတ်ဆိတ်

ငါ့ရွာကိုတောင် ငါမမှတ်မိတော့ဘူး...နာဂစ်။

ပုံပြင်င်မဆန်တဲ့ အဲဒီနေ့ အဲဒီညမှာ

ငါ့...သူငယ်ချင်းတွေ မင်းခေါ်သွားတယ်၊

ငါ့...အမေ ငါ့အဖေ ငါ့ အဒေါ် ငါ့ ဦးလေး

ငါ့ တူ- ငါ့သား- ငါ့ နွား- ငါ့ ခွေး- ငါ့ ဝက်- ငါ့ ကြက်

ငါ့ ဆိတ်- ငါ့ ဘဲ-

ငါ့ ညီ- ငါ့ အကို- ငါ့ မောင်နှမတွေအကုန်လုံးနဲ့

မိခင်ဝမ်းဗိုက်ထဲကခလေး အူဝဲလို့မအော်ခင်မှာ

မပြန်လမ်းကို မင်းခေါ်သွားခဲ့တယ်...နာဂစ်။

ငါ တို့ရွာငယ် ကျွန်းစုကလူတွေဟာ

တပါးသူအပေါ်

မလိုတမာစိတ်နဲ့ ရန်မလိုတတ်ဘူး၊

တစ်ဝမ်းတခါးလှရင် ကျေနပ်နေသူတွေပါ...နာဂစ်၊

လောဘနဲ့ မောဟ ဒေါသတရားတွေပါကင်းစင်ပြီး

အရိုးခံစိတ်နဲ့ မေတ္တာတရားတွေရောယှက်ကာ

ပေါင်းစည်းတည်ဆောက်ထားတဲ့ ရွာငယ်ကျွန်းစုတွေပါ...နာဂစ်။

ကံကြမ္မာကို ရိုးမယ်မဖွဲ့တတ်တဲ့ ငါတို့ရွာ

ဖြူစင်စိတ်ထားရှိတဲ့ အဲဒီ ငါတို့တရွာလုံးကို

ဘယ်အငြိုးနဲ့များ ရက်ရက်စက်စက်

မင်း...အလဲထိုးသွားခဲ့သလဲ...နာဂစ်။



By KO Baloi

ကျ ကွဲ သွား သော ကျွန်ုပ် ၏ ကောင်း ကင်

( ၁ )

ကျနော် သဘောပေါက်မိ သလောက်ကတော့ မိမိဘယ်လိုတော်ကြောင်း၊ တတ်ကြောင်း၊ သိကြောင်း၊ (စိတ်သဘော) ကောင်းကြောင်း သူများတကာကိုပြန်လည် ပြောပြလျှင် "ကိုယ်ရည်သွေးတီးလုံး" တီးခြင်း ဖြစ်လေသည်။ ထိုတီးလုံးမျိုး ကျနော် သိပ်မတီးဝံ့ပေ။ သို့ရာတွင် မိမိ ဘယ်လိုညံ့ကြောင်း၊ တုံးကြောင်း၊ အသိဥာဏ် ကင်းမဲ့ကြောင်း၊ စိတ်ဓါတ်မခိုင်မာ (weak ဖြစ်) ကြောင်း မိမိမိတ်ဆွေတွေ ကို ပြန်လည်ပြောပြလျှင်တော့ "ကိုယ့်ပေါင်လှန်ထောင်း တီးလုံး" တီးခြင်းဟုသာ ဆိုသင့် လေသည်။ ထိုတီးလုံးမျိုးတီးပြဖို့ကတော့ ကျနော် အရှက်နည်းလှသည်ဟုပင် ဆိုနိုင်ပါသည်။ သိပ်ဝန်မလေးလှပေ။ ယခုလည်း တယောက်တည်း ကြိတ်မှိတ်ခံနေရ တာ ( မနိုင်ဝန်ကို ထမ်းထားရသလို ) ပင်ပန်း ညောင်းညာလှသည်နှင့် ကျနော် ခင်ဗျားတို့တတွေကို "ကိုယ့်ပေါင်လှန်ထောင်း တီးလုံး" အနည်းငယ် တီးပြပေဦးအံ့။

( ၂ )

ကျနော်ကား ( တခါတုန်းကလည်း ကျနော့် ဘလော့ဂ် http://pyaykaungaung.blogspot.com/ မှာ ရေးဖူးသည့်အတိုင်း ) အကြောင်းကြောင်းကြောင့် အရက် တခါလောက် သောက်မိသွားလျှင် ရက်သတ္တ နှစ်ပါတ်ခန့် နေ့နေ့ ညည သည်အရည်ကိုသာ သောက်ချင်နေတတ်သော alcoholic အစစ်တို့၏ ဂုဏ်အင်္ဂါရပ်နှင့် ညီညွတ်သူ ဖြစ်လေသည်။ ပြက္ခဒိန်နှစ် တနှစ်ပတ်လုံးမှာမှ အဲသည်လို ( အလွန်ဆုံး နှစ်ပါတ်လောက် မျှသာကြာသော ) သောက်သုံးမှုမျိုး ၂-၃ ကြိမ် လောက်သာ ပြုမူမိတတ်လေ့ရှိရာ ပြက္ခဒိန်တနှစ် ( ၁၂ လ ) မှာ ကျနော့် သေရည်သောက်သုံးမှုက စုစုပေါင်း ( ၁ လ ) ကျော်လောက်သာ ရှိသည်ဟု ဆိုရပါမည်။ သို့ရာတွင် ဤ ရူးရူးနှမ်းနှမ်း သောက်သုံးမှု အတွင်း ကျနော့်ဘဝတခုလုံး အခြေအမြစ်ကစ၍ ကြီးကြီးမားမား ပြောင်းလဲသွားတတ်လေ့ ရှိပါသည်။ ကျနော် ၁၉၉၆ လောက်တုန်း က မန္တလေးစည်ပင်သာယာရုံးမှာ စာရေးဝန်ထမ်း ရာထူးကလေးတခု ရဖူး၏။ ( ထိုရာထူးမှာ အရာရှိရာထူး မဟုတ်သည့်တိုင် လူ ၆၀၀ ခန့် ဖြေကြသည့်အနက် လူ ၅၀-၁၀၀ ကြား လောက်ကိုသာ ခန့်အပ်သော ရာထူးဖြစ်၍ အတန်ငယ် အဖိုးတန်သော၊ လူရိုသေရှင်ရိုသေ ရှိသောရာထူးဟု ဆိုနိုင်ပါသည်။ ) ထိုရာထူးကိုရပြီး နောက် နှစ်လခန့်အကြာတွင် ကျနော် ၁၀ ရက်ခန့် အရက်သမားကြီး ဖြစ်လိုက်ရာ ကျနော့်ဌာနက အလုပ်မဖြုတ်ခင် ကိုယ့်ဖာသာ နှုတ်ထွက်စာတင်ပြီး ၁၅ နှစ် ခန့် မပြန်ဘဲနေသော မိမိဇာတိမြို့သို့ ပြန်လာခဲ့လေသည်။ ဇာတိမြို့ရောက်တော့ အစောင့်ဒရဝမ် ရာထူးဖြင့် တစ်ကနေပြန်စရပြန်၏။ ခြောက်လခန့်ကြာတော့ စာရေးပြန်ဖြစ်၏။ အရက်ကိုလည်း မိဘတွေ ငြူစူလှသည်နှင့် ၅ နှစ်ခန့် လုံးဝ မသောက်တော့ဘဲ ဖြတ်ထားလိုက်၏။ အဟင်းဟင်း.. အရက်မသောက်ဘဲ နေပြန် တော့လည်း "ဖွန်ကြောင်" ချင်လာလေသည်။ (ကိုယ့်ကိုကိုယ်မို့သာ ဖွန်ကြောင်သည်ဟု သုံးစွဲလိုက်သော်လည်း တကယ်တော့ ယောက်ျားတယောက်က မိန်းမ တယောက်အား တကယ်မြတ်နိုးမိသွားသည့် ကိစ္စကို ဖွန်ကြောင်သည်ဟု ကျနော် မခေါ်ရက်ပါ။ ထို့အပြင် ကျနော်က မိန်းကလေး ဤတယောက်ကို ချစ်ကြိုက် စိတ်ဝင်စားနေမိသည့် ကာလအတွင်း အခြားမည်သည့်မိန်းကလေး တယောက်ကိုမျှ စိတ်ဝင်စားလို့မရသဖြင့် ကိုယ့်ကိုကိုယ်လည်း ဖွန်ကြောင်သည်ဟု မထင်မိပါ။)

အသေးစိတ်ပြောပြ နေလျှင် ပေရှည်မည်မို့ အတိုချုံ့၍ ပြောပြရလျှင် ထိုသို့ "ဖွန်ကြောင်" ကောင်းမိသောကြောင့် ကျနော်တို့ရုံးက မိန်းကလေးတယောက်၏ မွေးနေ့မှာ မွေးနေ့လက်ဆောင်ကလေး တခုပေးဖို့ ကြိုးစားမိရင်း ပြဿနာတက်၍ ကျနော် ထောင်တနှစ်ကျပြီး အလုပ်ပြုတ်လေ၏။ ( ဤသည်ကို အမျိုးသမီး မိတ်ဆွေ တယောက်ကတော့ ကျနော် aggressive ဖြစ်လို့ ဖြစ်ရမည်ဟု မှတ်ချက်ပေးပါသည်း) မှန်နိုင်ပါသည်။ ထိုမျှမက ကျနော်က demanding လည်း အလွန် ဖြစ်သည်ကို ဘာသာသိပါသည်။ သို့သော် ဤနေရာတွင် မိန်းမဝါဒီတွေ သတိမမူမိကြသော အချက်တရပ်ကို ထောက်ပြချင်ပါသည်။ ကျနော်တို့၏နှမ မြန်မာအမျိုး သမီးကလေးတွေမှာ ယခုအခါ ကျနော်တို့ယောက်ျားတွေနှင့် တန်းတူ ရင်ဘောင်တန်း လာနိုင်ကြပြီ ဖြစ်၍ ယောက်ျားတွေနှင့် တန်းတူအခွင့်အရေး လိုချင်၊ ရှိချင် ရှာကြမည်ကို နားလည်ပါ၏။ ဤသို့ ကျား/မ တန်းတူဖြစ်ရမည်ဟု ဆိုခြင်းကြောင့် ၁၉ ရာစုလောက်တုန်းက မိန်းမတွေရခဲ့ကြသည့် "အားနွဲ့သူ" တွေမို့ "Lady First" ဆိုသည့် အပိုဆောင်းအခွင့်အရေးကိုတော့ ခုခေတ် တန်းတူအခွင့်အရေး ရကြသည့် (မည့်) မိန်းမတွေ သိပ် မတောင်းဆိုထိုက်တော့ချေ။ ( မိန်းမတွေသည် ယောက်ျားတွေထက် အားနွဲ့သည်မှန်လျှင် ယောက်ျားနှင့်တန်းမတူ၊ ယောက်ျားတွေထက် တနည်းနည်းနိမ့်ပါးသည်ဟု အဓိပ္ပါယ်ထွက်လေသည်။ ) သို့ရာတွင် ကျနော်တို့၏ နှမ မြန်မာအမျိုးသမီးများကား ကျား/မ တန်းတူ ဖြစ်လိုရင်းပင် "အားနွဲ့သူ" ဆိုသည့် certificate ကိုလည်း အပိုဆောင်း ကိုင်ထားလိုကြသေး၏။ ကျနော် ဖွန်ကြောင်ခဲ့သော မိန်းကလေးမှာလည်း "ရုံးသူရုံးသားတွေရှေ့ လက်ဆောင်ပေးဝံ့လျှင် လက်ခံပါမည်" ဟုဆိုပြီးမှ ကျနော်တကယ် ရုံးသူရုံးသားတွေရှေ့ သူမကို မွေးနေ့လက်ဆောင် ( ယဉ်ကျေးစွာ ) ပေးသောအခါ လက်ဆောင်ကို လွှင့်ပစ်ပြီး "ဒီလူကြီး ကျမကို လိုက်လံ နှောက်ယှက်နေပါသည်" ဟုအထက်လူကြီး ကို သွားရောက်တိုင်တန်းရှာလေသည်။ ထိုအခါ အထက်လူကြီးက "နောက်တကြိမ် ဤကဲ့သို့ နှောက်ယှက်လျှင် (မွေးနေ့လက်ဆောင်ပေးတာ နှောက်ယှက်တာ တဲ့လား ) အလုပ်မှ ထုတ်ပယ်သည်အထိ အရေးယူခံရမည်ကို သိရှိပါကြောင်း" ကျနော့်ကို ဝန်ခံကတိ လက်မှတ် ရေးထိုးခိုင်း၏။ ဤတွင်ကျနော်လည်း ရှက်ရမ်းရမ်း ပြီး ရုံးထဲမှာ ပေါက်ကွဲသောင်းကျန်းမိ၏။ သည်လိုနှင့် ဆဲဆိုမှု၊ ခြိမ်းခြောက်မှု၊ လက်ရောက်မှု သုံးမှုကို သီးခြားစီ ပြစ်ဒါဏ်ချမှတ်၍ ပေါင်းလိုက်သောအခါ ထောင် တနှစ်ကျလေသည်။ ( ယောက်ျားချင်း ရန်ဖြစ်ကြတာဆိုလျှင် အချုပ်ခန်းထဲ တညလောက်သာ သွားအိပ်ရမည့် အမှုမျိုးတည်း။ ခုတော့ သူတို့က "အားနွဲ့သူ" တွေပေမို့ ကိုယ့်ကိုပေးသည့် မွေးနေ့လက်ဆောင်ကို ပေးသူရှေ့ လွှင့်ပစ်လျှင်လည်း မရိုင်းပြလေ။ လက်ဆောင်ပေးသူကသာ ထောင်ကျရချေသည်တမုံ့..း)

သည်လိုနှင့် နောက်ဘဝတကွေ့မှာကျတော့ ကျနော် ဆရာကြီးမင်းသိင်္ခ နှင့် ဆရာရန်အောင်ဟိန်း ( B. Sc) တို့ထံတွင် ဗေဒင်သင်တန်း အနည်းငယ်တက်ပြီး ရန်ကုန် ဆင်ခြေဖုံး တနေရာမှာ ဗေဒင်ဆရာကလေး ဖြစ်နေလေတော့သည်။ ဗေဒင်မှာ ဖိန့်လုံး၊ လှိမ့်လုံးကလေးတွေရှိရာ ကျနော်က အဲဒါတွေ သိပ်မလုပ်တတ် လှသည်နှင့် ဗေဒင်ဆရာအဖြစ်ဖြင့် မအောင်မြင်ပါ။ ( ကျနော်လည်း ဗေဒင်သင်တန်းတွေတက်ပြီးတော့မှ ဗေဒင်ကို အတော် အယုံအကြည်နည်းပါး သွားတော့၏။ ဥပမာ၊ မြန်မာသုံးတန်ပေါ်နိစ်ဗေဒင် အလိုအရ တကမ္ဘာလုံးမှာ အခြေခံအားဖြင့် လူ (၈)မျိုးသာ ရှိသတည်း။ ) သည်လိုဆို ရုပ်ရှင်ဇာတ်ညွှန်းရေး စားမည်ဟုဆိုကာ ရုပ်ရှင်မင်းသားတယောက်အိမ်သို့ ရောက်သွားပြန်လေသည်။ အောင်မယ်.. အဲသည်ကို ရောက်ပြီး နှစ်ရက်လောက်အကြာမှာ ရှုတင်မန်နေဂျာ တန်းဖြစ်လေ၏။ ( ကျနော် တော်လို့မဟုတ်ဘဲ ရှုတင်မန်နေဂျာ အဟောင်းက ရှုတင်ထမင်းကျွေးရသူ ( ၂၅ ) ဦးလောက်ရှိတာကို ( ၃၀ ) ဦး ဟုစရိတ်ပိုတင် တတ်သောကြောင့်သာ ကျနော့်ကို ပြောင်းခန့် ကြည့်တာ ဖြစ်ပါသည်။ ) ဤသို့ဖြင့် ထိုမင်းသားနှင့် နဝရတ်၊ အိန္ဒြာကျော်ဇင်၊ ဆုရွှန်းလဲ့ တို့နှင့်ရိုက်ကူးသည့် ဗီဒီယို သုံးလေးခွေလောက် တွင် "ရိုက်ကွင်းတာဝန်ခံ" ( ရှုတင်မန်နေဂျာ ) နေရာ၌ ကျနော့်နာမည် ပါဖူးလေသည်။ ကျနော်အဲသည်မှာ ဇာတ်ညွှန်းရေးနည်း အခြေခံ သဘောသဘာဝလောက် ကို နားလည်ခဲ့ပါသည်။ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာ၊ မင်းသား၊ မင်းသမီးတို့နှင့် အဆင်ပြေပါသည်။ ဒါပေမဲ့ မင်းသား၏မိခင်ဖြစ်သူမှာ မြန်မာရုပ်ရှင်ဇာတ်ကား များထဲက သူဌေးမတို့၏ဟန်ပန်အတိုင်း အတော်ကြီးကို မောက်မာရိုင်းပြလှလေရာ sensitive ဖြစ်လွယ်သည့်ဓါတ်ခံရှိသော ကျနော် အဲသည်မှာ မပျော်ပိုက်မိပေ။ သည်လိုနှင့် အဲသည်အလုပ်က ထွက်လာခဲ့ပါသည်။ ကဲ.. အခု ဘာလုပ်မည်နည်း။ ထိုင်းနိုင်ငံသွားပြီး refugee အဖြစ် ခံယူမည်၊ ဖြစ်နိုင်လျှင် အမေရိကသို့သွားမည်၊ အဲသည်နိုင်ငံမှာ liberal journalism ကို လေ့လာသင်ယူပြီး အခွင့်သာသည့်တနေ့ မြန်မာပြည်ပြန်လာမည် ဟူသောအဖြေရ၏။

ဤနေရာတွင် ဝန်ခံရဦးမည်။ ကျနော်သည် မြန်မာပြည် ဒုတိယလွတ်လပ်ရေးလှုပ်ရှားမှု နိုင်ငံရေး ဖြစ်စဉ်ကြီးထဲတွင် ဘယ်တုန်းကမျှ၊ ဘယ်ထောင့်၊ ဘယ်နေရာ ကမှ ကိုယ်ထိလက်ရောက် မပါဝင်ခဲ့ဖူးသူသာ ဖြစ်ပါသည်။ အနစ်နာကျတော့ မခံဖူးဘဲ ဤနိုင်ငံသို့ ရောက်လာချင်သည့် အဓိကအကြောင်းရှိပါသည်။ ကျနော်က ဂျာနယ်ကျော်မမလေး၏ "သူလိုလူ" ကို အသက်နှစ်ဆယ်ကျော် အရွယ်လောက်ကပင် ရင်သို့တိုးဝှေ့သွားသည်အထိ စွဲလန်း နှစ်သက်ခဲ့ဖူးလေရာ သတင်းစာ သမားအစစ်တို့သည် ပြည့်ဝန်ကို ထမ်းသသောသူဟု ယုံကြည်၏။ အကျင့်ပျက် ခြစားနေသော လူ့အဖွဲ့အစည်းတခုကို သတင်းစာဖြင့် တည့်မတ်ပေးနိုင်သည်ဟု ယုံကြည်၏။ ကျနော်တို့နိုင်ငံမှာ အကျင့် ( morality ) နှင့် တန်ဖိုးထားမှုတွေ ( values ) ပြင်ရမှာ တပုံကြီးရှိလေရာ တနေ့ ဂျာနယ်ကျော်ဦးချစ်မောင်တို့လို ရိုးသား အမြော်အမြင်ကြီးသော သတင်းစာသမား တယောက် ဖြစ်ချင်၏။ လူထုဦးလှ - လူထုဒေါ်အမာတို့ဇနီးမောင်နှံကို အားကျ၏။ သို့ဖြစ်၍ သတင်းစာပညာ ( journalism ) ကို ခြေခြေမြစ်မြစ် တတ်မြောက်ချင်၏။ liberal journalism ကိုအစစ်မှန်ဆုံး လေ့လာဆည်းပူးနိုင်မည့်နေရာသည် U.S ဖြစ်မည်ဟုလည်းထင်မိ၏။ တတ်မြောက်ပြီးသော် မြန်မာပြည်ကိုပြန်ပြီး သတင်းစာ(အစစ်) တစောင် ထုတ်ဝေချင်၏။ ထိုသို့ဖြစ်ရဖို့အတွက် ဒုက္ခသည်ဘောင်ဝင်အောင် နည်းနည်းပါးပါး လိမ်ရလျှင်လည်း မိမိအလွန်မဟုတ်၊ ကိုယ်ကျင့်တရားပျက်ယွင်းမှု မဟုတ်ဟု ယူဆလေသည်။ မြန်မာနိုင်ငံသား ဖြစ်နေတာတခုတည်းနှင့်ပင် ဒုက္ခသည်လက္ခဏာ အချို့နှင့် ညီညွတ်ပြီး ဖြစ်သည်ဟု ယူဆ၏။ ဤသို့နှင့် ထိုင်းနိုင်ငံမှာ ဇာတ်ညွှန်းတခုရေးပြီး "အာချလောင်း" လုပ်လိုက်ရာ ( လေးနှစ်ခန့်တော့ ကြာပါသည် ) "ဩော် .. ငါသည်ကား U.S ရောက်နေတော့သကိုး" ဆိုသည်ကို တွေ့ရလေ၏။ စင်စစ် သတင်းစာတစောင် ထုတ်ဝေဖို့ဆိုသောကိစ္စသည် အရင်းအနှီး ကြီးမား လှသည်ဖြစ်၍ မီလျံနာမဟုတ်သော ကျနော့်အဖို့ ကောင်းကင်လောက် မြင့်မားဝေးလံလှသေးသော ကိစ္စဖြစ်ပါသည်။ သို့သော် ထိုကောင်းကင်သည် ကျနော် နေ့တိုင်း မော့ကြည့် ဖြစ်သော ကောင်းကင် ဖြစ်လေ၏။ ( laptop တလုံးလောက်နှင့် တဲကုတ်ကလေး တခုထဲကနေ citizen journalism ကို online version နှင့် စတင်မည်။ ကဲ.. ဘာဖြစ်သေးသနည်း။ )

( ၃ )

ယခုတော့ ထိုကောင်းကင်သည် fragile ( ကွဲရှလွယ်သည် ) ဟု တံဆိပ်ကပ်ထားသော ဖန်ထည် ပစ္စည်းတခုလို မတော်တဆ ကျကွဲသွားခဲ့ပြီဟု ခံစားရသည်။ ပြီးခဲ့သည့်နှစ် ကျနော့်မွေးနေ့ ( ၂၂ / ၆ / ၁၀ ) ကတည်းက တသက်လုံး အတွက်ဟု ဆိုကာ အရက်ဖြတ်ထားရာ ဒီဇင်ဘာလလောက်မှာ ရောဂါဟောင်းတခု ပေါ်လာ၍ အရက်အနည်းငယ် ပြန်သောက်ဖြစ်လေသည်။ တဖန် အလွန်အကျွံ မဖြစ်ခင် ၁/၁/၁၁ ရက်နေ့မှ စ၍ ထပ်မံ ရှောင်ကြဉ်ပြန်ရာ မတ်လအထိတော့ ဟုတ်နေပါသေး၏။ သို့ရာတွင် အင်္ဂလိပ်စာ မွှတ်နေအောင်မတော်ဘဲ နယူးယောက်မြို့၊ ကိုလံဘီယာတက္ကသိုလ်ရှိ Graduate School of Journalism ကိုလျှောက် ထားမိရာ မတ်လလယ်လောက်တွင် "ဝမ်းနည်းစွာဖြင့် ကျောင်းဝင်ခွင့် ငြင်းပယ်လိုက်ရပါကြောင်း" ဆိုသော စာတစောင်ကို ရရှိခဲ့လေသည်။ နောင်နှစ် ဆက်ဖြေဖို့ အားပေးထားသော်လည်း ကျနော့် အင်္ဂလိပ်စာက ချာတူးလန်လှသဖြင့် မျှော်လင့်ချက် မရှိသလောက်ပင် ဖြစ်သည်။ ( သည်ကျောင်းက TOEFL: paper-based: 650/677; computer-based: 280/300; internet-based: 114/120 လောက်ထိလိုချင်တာ ဖြစ်ပါသည်။ M.S အတွက်ရော၊ M.A အတွက် ပါ GRE test တော့ မလိုပါ။ စကားချပ်။ ) ဤကျောင်း ( Graduate School of Journalism ) ကို အမေရိကန် ပူလစ်ဇာဆု၏ဖခင် မစ္စတာပူလစ်ဇာ က ဒေါ်လာ ၂ သန်းဖြင့် မတည် ပေးပြီး ၁၉၁၂ ခုတွင် စတင်တည်ထောင်ခဲ့သည် ဟု ဆိုပါသည်။ လာမည့်နှစ် ( ၂၀၁၂ ) ဆိုလျှင် နှစ်တရာ ပြည့်ပါတော့မည်။ အိုးဝေဦးညိုမြ ( ငရဲခွေးကြီး လွတ်နေ သည် ) သည်လည်း ဤကျောင်းမှပင် သတင်းစာပညာ မဟာဘွဲ့ ရခဲ့သည်ဟု သိရပါသည်။ ဆရာကြီး တက္ကသိုလ် ဘုန်းနိုင် လည်း ဤတက္ကသိုလ်မှ စိတ်ပညာ မဟာဘွဲ့ ရခဲ့တာဟု ကြားဖူးပါသည်။ America's Top-10 စာရင်းဝင် တက္ကသိုလ်တခု ဖြစ်ပြီး Journalism School ကတော့ တကမ္ဘာလံုံးမှာပင် ranked 2 လောက်စွဲသည်ဟု အဆိုရှိပါသည်။ သို့ဖြစ်၍ ကျနော်လည်း ဤကျောင်းဆင်း အလွန် ဖြစ်ချင်၏။ ယခု ဤ ကျောင်းဆင်း ဖြစ်နိုင်မည့် အလားအလာ လွန်စွာနည်းပါး ကြောင်းသိရလေပြီ။ ( သည်က အမေရိကန်နိုင်ငံသား အစစ်တွေပင် ကျောင်းဝင်ခွင့်လျှောက်သူတိုင်း ဝင်ခွင့်မရကြလေ။ )

ဤကျောင်းဝင်ခွင့် ငြင်းပယ်စာကို ရပြီးနောက် မရှေးမနှောင်းတွင် မည်သူကမျှ မိမိကိုတမင်မနှိပ်စက်ပါဘဲနှင့် မိမိဖာသာမိမိ နာကျင်နေသော ကိုယ်ရေးကိုယ်တာ ကိစ္စတရပ်ကြောင့် အရက်တပြားလောက် စသောက်မိရာက တဖြည်းဖြည်း ရက်သတ္တနှစ်ပါတ်လောက် ကိုယ့်ကိုကိုယ် ထိန်းသိမ်းနိုင်မှုကင်းမဲ့စွာ စိတ်လွတ်ကိုယ် လွတ် အရက်စွဲတတ်သော ရောဂါဟောင်းသည် ပြန်၍ ပေါ်လာလေတော့၏။ မိမိတက်နေသည့် ကျောင်းဖက်သို့ နေ့စဉ်သွားပါ၏။ သို့ရာတွင် ကျောင်းရောက်ခါနီး ၌ မနက် ၆ နာရီလောက်ကတည်းက စရောင်းသော ဘားဆိုင်ရှိသည့် မှတ်တိုင်တခုမှာဆင်းကာ မောနင်းပက်ဆိုပြီးတခွက်တဖလား ဝင်မော့မိရာ မနက်စောစော စီးစီး အရက်နံ့ တထောင်းထောင်းဖြင့် ကျောင်းမသွားလိုတော့သည်နှင့် စာရင်းချုပ်သော် တပါတ်လုံး ကျောင်းပျက်လေသည်။ ဤရက်ပိုင်းအတွင်း အရေးကြီးသည့် လပါတ်စာမေးပွဲ နှစ်ခုလောက်လည်း လွတ်သွား၏။ ဆရာဆရာမတွေက makeup (မိမိ တယောက်တည်း ထပ်ဖြေခြင်း) လုပ်လို့ ရသေးသည်ဟု ပြောကြပါ၏။ ကျနော်လည်း နောက်အပါတ် ဘယ်နေ့မှာ လုပ်ပါမည်ဟု ပြောခဲ့၏။ သို့ရာတွင် ထိုအချိန်၌ ကျနော်ကား ဘာ solid food မှ မစားချင်ဘဲ အရက်ချည်း အဝင်ရှိ သဖြင့် ဘာစာကြည့်လို့မှ ခေါင်းထဲမဝင်၊ တံတားမြင့်မြင့်၊ အဆောက်အဦ မြင့်မြင့် မြင်တိုင်း ခုန်ချချင် စိတ်ချည်းသာ ပေါက်နေမိလေသည်။ ( မစိုးရိမ်ကြပါကုန်လင့်။ ကျနော်ကား အမြင့်ကြောက်သူ ( acro-phobist ?) ဖြစ်လေသည်။ ထိုအချိန်တွင် မိမိ၏ "အဖိုးတန်သည်ဟု မခံစားရသော" (ဘယ်အရာမှ ပြီးမြောက်အောင်လုပ် နိုင်စွမ်းမရှိသော) ဘဝကို အဆုံးသတ်ပစ်လိုသောစိတ် ရာနှုန်းပြည့် ပေါ်ပေါက်နေသော်ငြား "ကဲ.. ဟောသည်မှာ လာလေရော့ဟဲ့..ရွာစား" ဆိုပြီး တကယ်ခုန်မချ ဝံ့ပေ။ ခြောက်လုံးပြူးကလေး တလက်လောက်ရှိလျှင်တော့ "တစ်-နှစ်-သုံး၊ ကဲ.သွားပေရော့ မောင်မင်း" လို့ လုပ်ဝံ့မည် ထင်မိပါ၏။ )

သည်လိုနှင့် အပြင်မှာရှိနေလျှင် အန္တရာယ်ရှိသည်ဟု ခံစားမိသဖြင့်၎င်း၊ သည်အရက်ကိုဖြတ်ပြီး အစာဝင်ချင်လှပြီ ဖြစ်သဖြင့်၎င်း Johns Hopkins University ဆေးရုံသို့ ကိုယ်တိုင်သွား၍ တက်လိုက်ရာ ဒရစ်ပ်နှစ်ပုလင်းတပြိုင်တည်း နှစ်ကြိမ်(လေးလုံး) လောက်သွင်းပြီး၊ ရင်ဘတ်ပေါ်မှာ ကော်စက္ကူနှင့် ဝါယာကြိုးတွေ အများကြီးကိုကပ်ကာ ယင်းကြိုးတွေနှင့် ဆက်သွယ်ထားသည့် ကရိယာတခု မိမိအိတ်ကပ်ထဲမှာ ထည့်ထားပေးလျှက် ( နှလုံးအခြေအနေ မကောင်းလျှင် သူတို့ monitor screen မှာ သွားပေါ်မည်ဆိုလားမသိ) ဝန်ထမ်းတွေက တနာရီလျှင် တခါနှုန်းလောက် သွေးပေါင်ချိန်လာလာ တိုင်းနေကြလေသည်။ တော်ကြာနေ X- ray၊ တော်ကြာနေ Ultrasound သွားအရိုက်ခံရသေးသည်။ Johns Hopkins တက္ကသိုလ်က ဆေးကျောင်းသားတွေ၊ social workers ကလည်း ဟိုဟာလာမေး၊ သည်ဟာ လာမေးနှင့်မို့ "ဩော်.. ငါသေချင်နေတာ အခု တကယ်သေခါနီးပြီလား မသိ" ဟုတွေးပြီး ပြုံးမိသေး၏။ ဟုတ်ခဲ့လျှင် တလောကလုံးကိုထားခဲ့ပြီး ကိုယ် တယောက်တည်း တကယ်ထွက်သွားရမှာ ဝမ်းတော့နည်းမိသလိုလို။ (ရင်ကိုအနာကျင်စေဆုံးကား မိမိ လောကထဲမှ အပြီးထွက်သွားတာကို ငိုကျန်ရစ် ခဲ့မည့်သူ မရှိခြင်းတည်း။း) ကျနော် demanding ဖြစ်လိုက်ပုံမှာ ကျနော်သေပြီးနောက်တောင် ကျန်ရစ်ခဲ့သည့် လူတွေကို ငိုသူကငို၊ နှမြှောသူက နှမြောနှင့် အနည်းဆုံး (၇) ရက်လောက်ဖြစ်ဖြစ်တော့ ရုတ်ရုတ်သဲသဲ ဖြစ်ကျန်ရစ်ခဲ့စေချင်လေ၏။ အဲသည်ဆေးရုံမှာ "ကျနော့်မှာ စာမေးပွဲဖြေဖို့ ရှိပါသည်။ အခြားဆရာဝန် တယောက်နှင့် လည်း appointment တခု ရှိပါသည်" ပြောလို့လည်းမရဘဲ သုံးရက်ခန့် တက်နေရပါသည်။ သူတို့ ထုံးစံအတိုင်း ဆိုလျှင် ကျနော့်ကို rehabitation center ကို ပို့ပြီး (၁၄)ရက်ခန့် နေစေရမည်ဆို၏။ ကျနော်လည်း ကျနော့် စာမေးပွဲတွေကရက်လွန်သွားပြီ ဖြစ်သဖြင့် "ကျနော် ကျောင်းတက်ရဦးမှာမို့ပါ" ဟု အာပေါက် အောင်ပြောပြီး နောက်ဆုံးတော့ ဆေးရုံကဆင်းခွင့်၊ အိမ်ပြန်ခွင့် ရပါသည်။ ဒါပေမဲ့ နောက် တရက် နှစ်ရက်လောက်နေတော့ ကျောင်းသွားရင်း အရက်ဆိုင်မှာ ပြန်အရက်ဝင်သောက်မိပြီး လဲသွားတာလား၊ ဒီတိုင်းပဲအားနည်းပြီး လမ်းဘေးမှာ လဲကျသွားသလားတော့မသိ ( တယောက်ယောက်က အကြောင်းကြား လိုက်လို့ ၉၁၁ က လာပို့သွားတာ ဖြစ်မည် ) ကျနော်တက်နေသည့် ကျောင်းဘေးနားက ဆေးရုံပေါ် ပြန်ရောက်နေသည်ကို တွေ့ရလေ၏။ ကျနော် ကိုယ့်ကို ကိုယ် အတော်စက်ဆုတ်သွားမိသည်။ အဲသည်ဆေးရုံမှာ တရက်ခန့် ကြာသည်ဟု ထင်ပါသည်။ ဆေးရုံက ဆင်းပြီးသည်နှင့် ကျနော့်ကျောင်းကိုသွားပြီး တက်နေသည့် အတန်းတွေအားလုံးကို ပြန်ရုပ်သိမ်း ( withdraw ) လိုက်ပါသည်။

( ၄ )

Oregon ပြည်နယ်၊ Portland မြို့မှာ မကြာသေးမီက ထိုင်းနိုင်ငံက ရောက်လာသော ကျနော့်သူငယ်ချင်း တယောက်ရှိ၏။ သူ့လိပ်စာကိုတော့ မသိပေ။ သူ့အရင် ရောက်နှင့်နေကြသော သူ့မိဘများ၏ ဖုန်းနံပါတ်ကိုတော့ သိ၏။ အဲသည်ဖုန်းနံပါတ်က ကျနော့် ဆဲလ်ဖုန်းထဲမှာ ရှိသည်။ ကျနော် တကယ်သေဖို့လောက်ထိလည်း သတ္တိဗျတ္တိနှင့် မပြည့်စုံလှသဖြင့် "ဘဝကို တစ်ကနေ တခေါက်ပြန်စရဦးအံ့" ဟုဆိုကာ အတ္တလန်တိတ်သမုဒ္ဒရာ ကမ်းခြေရှိ Maryland ပြည်နယ်မှသည် အနောက် ဖက်သို့ မိုင် ၃၀၀၀ ခန့်ဝေး ( စံတော်ချိန် ၃ နာရီတိတိနောက်ကျသဖြင့် ဂျပန်နှင့် မြန်မာနိုင်ငံထက်ပင် ဝေးဟန်ရှိ ) သော ပစိဖိတ်သမုဒ္ဒရာ ကမ်းခြေရှိ Oregon ပြည်နယ်သို့ Greyhound Bus စီး၍ ဧပြီလ (၁၁) ရက်နေ့က ထွက်လာခဲ့ပါသည်။ ကျနော်တို့ဘတ်စ်ကား ပင်ဆီလ်ဗေးနီးယား ပြည်နယ်၊ မြို့တမြို့အရောက်တွင် သည်ကားမှဟိုကား ပြောင်းစီးရရာ ကျနော့် ဘီးတပ်ခရီးဆောင်အိတ်ကြီးကို ကားဝမ်းခေါင်းထဲမှ ဆွဲထုတ်ယူလာပြီး အိမ်သာတက်ဦးမည်ဆိုကာ နီးစပ်ရာ restroom ( အိမ်သာ ) တခုသို့သွားပါသည်။ အိမ်သာခန်းထဲ အရောက်တွင် ဘီးတပ်အိတ်ကြီးကို မိမိတက်မည့် အိမ်သာခန်း၏ အပြင်ဖက်မှာချထားပြီး လူရှင်းနေသဖြင့် မိမိ ခါးမှာပတ်ထားသော ခါးပတ်အိတ်ကိုပါ ခရီးဆောင်အိတ်ကြီး၏ အပေါ်ဆုံးမှာ ဇစ်ဖွင့်၍ ထည့်ထားလိုက်ပါသည်။ အဲသည်ခါးပတ်အိတ်ထဲမှာ ကျနော့် cell-phone နှင့် Bank of America ATM Card ၊ Credit Card နှစ်ခု ၊ Medical Insurance Card ၊ Maryland State ID စသည်တို့ပါသည့် Wallet ကလေးတခု ပါရှိပါသည်။ ကျနော်က အနွေးထည် ဖိုးယိုးဖားယား၊ ကျောမှာ ကျောပိုးအိတ်တလုံး လွယ်ထားပြီး လူကလည်း အရက်ခိုးရိုက်၍ ချွေးတလုံးလုံးနှင့်၊ အူကြောင်ကြောင်လည်းဖြစ် နေသေးတုန်းရှိရာ ဒီခါးပတ်အိတ်ကို အိမ်သာထဲမှာ ချွတ်ပြီး မေ့ကျန်ရစ်ခဲ့မည် စိုး၍ ပိုစိတ်ချရအောင် ဒီခါးပတ်အိတ်ကို ခရီးဆောင်အိတ်ကြီးထဲ ထိုးထည့်လိုက်ခြင်း ပါ။ ခရီးဆောင်အိတ်ကြီးထဲမှာတော့ ကျနော့်၏ laptop နှင့် Oregon မှာ Bank of America ရှိချင်မှရှိမည်ဟု တွက်မိကာ ဘဏ်သွားပြီး ရှိသမျှငွေ အားလုံးနီးပါး ထုတ်ယူလာသည့် ကျနော့်ရှိစုမဲ့စုငွေ ပါရှိပါသည်။ တကယ်တော့ ကျနော် အသိဥာဏ်မဲ့ခြင်းတည်း။ ပိုက်ဆံနှင့် ATM Card စသည်တို့ပါသောအိတ်ကြီးကို မဖြစ် မနေ အိမ်သာခန်းအတွင်းသို့ ဆွဲသွင်းသင့်ပေသည်။

ကျနော် အိမ်သာခန်းထဲ ဝင်သွားပြီး ၁၀ မိနစ်လောက် အကြာမှာ ထွက်လာသောအခါ အိမ်သာခန်းပြင်ပမှာ ထားခဲ့သည့်ခရီးဆောင်အိတ် ကြီး မရှိတော့ပါ။ ယခုအခါ ကျနော့်မှာ ခရီးသွားစဉ် ရေ၊ မုန့်ဝယ်စားဖို့ ကျနော့် အင်္ကျီအိတ်ကတ်ထဲ ထည့်ထားမိသည့် ငွေ ၁၅၀ ခန့်ပဲ ရှိပါတော့သည်။ "ကံဆိုးမောင် သွားလေရာ မိုးလိုက်လို့ရွာ" နေပါပကောဟု ကျနော် ယောက်ျားတန်မဲ့နှင့် မျက်ရည်အနည်းငယ် စို့မိ၏။ ( ထို့ပြင် ဖွန်ကြောင်ချင်တတ်သည့် အကျင့် မပျောက်သေးပုံမှာ ဤ အကြောင်းကို တစုံတယောက်သောမိန်းမကို တိုင်တည်ပြောပြချင် နေလေသတည်း။ ဒါပေမဲ့ သူမ၏ ဖုန်းနံပါတ်ကိုမျှ ကျနော် မသိရလေ။ ) ထို့နောက် ကျောမှာ ပိုးထားသည့် ကျောပိုးအိတ်ကို ကမန်းကတန်း ဖွင့်ကြည့်ရာ အဲသည်အိတ်ထဲမှာတော့ Green Card, Social Security, သည်မှာ တခါတရံတော့ အသုံးဝင်နေသေး သည့် မြန်မာပြည်က ဘွဲ့လက်မှတ်မူရင်းနှင့် အမှတ်စာရင်းများစသည့် အရေးကြီးစာရွက်စာတမ်းအချို့ကို တွေ့ပါ၏။ သည်လိုနှင့် နောက်နှစ်ရက်ခန့်ကြာသည့် အခါ Oregon ပြည်နယ်၊ Portland မြို့ သို့ ရောက်ပါသည်။ ( ကြုံတုန်း သည်မြို့အကြောင်း ပြောရလျှင် Portland မြို့မှာ လူဦးရေ ၅သိန်းခွဲ ခန့် နေထိုင်ပြီး Portland Metro Area မှာတော့ လူ ၂ သန်း ခန့် နေထိုင်သည်ဟု သိရပါသည်။ ပန်းတွေနှင့်ဝေနေသော အေးချမ်းသာယာသည့်မြို့တမြို့ ဖြစ်ပြီး တနှစ်မှာ ၉ လ လောက် မိုးရွာ/အုံ့ နေတတ်သည် ဟုဆိုပါသည်။ www.burmeseclassic.com မှာ Portland သင်္ကြန်ယိမ်းအဖွဲ့ ဘာညာနှင့် တွေ့ရတတ်သော မြို့ဖြစ်ပါသည်။ ယခု ဧပြီလ (၃၀) ရက်နေ့ကလည်း သည်မှာ သင်္ကြန်ထပ်ကျကြလိုက်ကြသေးသည်။ သည်ပြည်နယ်က ထူးထူးခြားခြား ရောင်းခွန်/ဝယ်ခွန်မပေးရသော ပြည်နယ် ဖြစ်ပါသည်။ မေရီလင်းမှာဆိုလျှင် တကျပ်တန် မုန့်တခု ဝယ်စားပါက ဝယ်သူက ၁ ကျပ် ၆ ပြား ပေးရပါသည်။ သည်မှာ ၅ သောင်းတန် ကားတစီးလုံး ဝယ်လည်း အခွန်တပြားမှ မဆောင်ရပါတဲ့။ ထို့ပြင် ဤ ပြည်နယ်၏ အနိမ့်ဆုံးလုပ်အားခမှာ တနာရီလျှင် ၈ ဒေါ်လာ ၄၀ ပြား လောက်ထိမြင့်ပါသတဲ့။ ) ကျနော် ဤမြို့သို့ ရောက်သည့်အချိန်မှာ ည (၁၁) နာရီခန့်ဖြစ်ရာ taxi-cab တစီး စီးသွားပြီး တည်းခိုခန်းတခုမှာ တည်းခိုနိုင်လောက်အောင် မချမ်းသာတော့သဖြင့် Bus Station မှာပင် လုံခြုံရေးဝန်ထမ်းကို တောင်းပန်ပြီး ချမ်းချမ်းစီးစီးနှင့် တညကုန်ဆုံး စေရလေသည်။

နောက်တနေ့မနက်တွင် Information Desk မှာ အင်တာနက် ခဏသုံးလို့ ရမလားဟု သွားမေးကြည့်ရာ သူတို့ကွန်ပြူတာတွေမှာ အင်တာနက်မချိတ်ထားပါဟု ဖြေကြလေသည်။ ( စကားကြွင်း။ ။ ကျနော် ဤမြို့သို့လာချင်ကြောင်း ( သို့မဟုတ် ) လာနေပြီဖြစ်ကြောင်း ကျနော့် ဖုန်းမပျောက်ခင်အထိ ကျနော့်သူငယ်ချင်းထံ မပြောဖြစ်သေးပါ။ ဘတ်စ်ကား အချိန်ကြာကြာ ရပ်နားမည့် Station တခုရောက်တော့မှ၊ နေ့ခင်းပိုင်းလည်း ဖြစ်နေမှ သူတို့ဆီ ဖုန်းခေါ်၊ အီးမေလ်း ရေးတာတွေ လုပ်တော့မည်ဟု တွေးထားခဲ့ပါသည်။ ( ကျနော့်အင်တာနက်က USB ပေါက်ထဲ wireless router သေးတခုကို ထိုးထည့်လိုက်လျှင် အင်တာနက်ဖြစ် သွားသော "Clear" Mobile Internet အမျိုးအစား ဖြစ်ပါသည်။ ) သို့သော် ယခုတော့ ကျနော့်မှာ ဆဲလ်ဖုန်းမရှိတော့ခြင်းကြောင့် သူငယ်ချင်း၏ ဖုန်းနံပါတ်ကို မသိနိုင်တော့၊ သူ့ကို ဖုန်းခေါ်ဖို့ မဖြစ်နိုင်တော့။ ကွန်ပြူတာမရှိတော့သဖြင့် email ရေးဖို့လည်းမဖြစ်နိုင်တော့။ ထို့ကြောင့် google.com မှာ သည်မြို့က refugee offices တွေရဲ့ လိပ်စာကို ရှာကြည့်ချင်လို့ အင်တာနက် သုံးချင်တာ ဖြစ်၏။ ) ဒါကို ကျနော့်နောက်က တန်းစီနေသူကကြား၍ "ကျနော့်ဖုန်းက အင်တာနက် ရပါတယ်ဗျာ။ ခဏစောင့်ပါ။ ကျနော် ကူညီပါ့မယ်" ဟု ဆိုလာလေသည်။ ဤသို့နှင့် သူ့ကို google.com မှာ "refugee offices in portland" ဟု ရိုက်ရှာခိုင်းရသည်။ ပေါ်လာ သည့် လိပ်စာများကို စာရွက်ပေါ် မှတ်သားပြီး taxi-cab တစီးဖြင့် အဖြစ်နိုင်ဆုံးရုံးတရုံးသို့ စသွားသည်။ ကံအားလျော်စွာ ကျနော် မြန်မာ case worker အမျိုးသမီး တဦးကို ထိုသူငယ်ချင်း၏ လိပ်စာ/ ဖုန်းနံပါတ် သိလိုပါကြောင်း အကူအညီတောင်းနေစဉ် ထိုရုံးမှာပင် new arrivals တွေကိုပေးသည့် အင်္ဂလိပ်စာ သင်တန်းတက် ဖို့ရောက်လာသော သူငယ်ချင်းနှင့် ဆုံတွေ့ကြပြီး ကျနော် ထိုနေ့က သူတို့နေအိမ်သို့ ရောက်သွားလေသည်။

ထိုသူငယ်ချင်း၏ မိခင်မှာ ဟင်းချက် အလွန်တော်ပြီး တော်ကြာ အုန်းနို့ခေါက်ဆွဲ လုပ်ကျွေးလိုက်၊ ခေါက်ဆွဲကြော်/ ထမင်းကြော် ကြော်ကျွေးလိုက်နှင့်မို့ မိဘအိမ် ရောက်နေသလို ခံစားရသည်။ ကျနော်လည်း အရက် ဖြတ်ပြီးနောက် ပထမ ဆုံးအကြိမ်အဖြစ် ခံတွင်းလိုက်လာလေသည်။ သို့သော် သူတို့ 2 bedrooms apartment တွင် သူတို့သမက်မိသားစုပါ ပေါင်းနေထိုင်ကြသဖြင့် ကလေးရော လူကြီးပါပေါင်း လိုက်လျှင် လူဦးရေ (၈) ယောက်လောက်ထိ ဖြစ်နေ၍ ကျနော်ပါ ပေါင်းနေဖို့ မဖြစ်နိုင်ရာ သူတို့ပဲ အခြားအခန်းတခန်း ဝိုင်းဝန်း ရှာပေးကြလေသည်။ ဤသို့ဖြင့် ကလေးနှစ်ယောက်နှင့် လင်ကိုယ်မယား နှစ်ယောက်တည်း 2 bedrooms ဖြစ်နေသော apartment တခုတွေ့၍ အဲသည်မှာ ချက်ချင်း အိပ်ခန်းငှါးခ/ စားစရိတ် တပြားမှမပေးနိုင်သေးဘဲ နောက်လမှ ပေါင်းပေးပါမည်ဟုဆိုကာ နေရသည်။ ကျနော် အိမ်ရှင်ကောင်းနှင့်တွေ့သည်ဟု ဆိုရပါမည်။ ကျနော်တို့ အင်တာနက်ယူကြမည်ဟု တိုင်ပင်ကြပြီးနောက် ကျနော့်အိမ်ရှင်က ( သူ့မှာ မကြာ သေးခင်က ဝယ်ထားသော ကွန်ပြူတာသစ် တလုံးရှိပြီးဖြစ်၍ ) ကျနော့်ကိုသူတို့ အရင် သီချင်းတွေဘာတွေ နားထောင်နေကျ Windows XP Desktop ကွန်ပြူတာ တလုံးကို အလကားစွန့်ကြဲရှာလေသည်။ သူတို့က အရင်တခါတုန်းက အင်တာနက်ယူဖူးရာ Connection သိပ်အဆင်မပြေလှ၍ ပြန်အပ်ခဲ့ကြပြီး၊ ထိုကတည်းက သူတို့စကားလည်း သိပ်မပေါက်၍ အင်တာနက်မယူဖြစ်ဘဲ နေကြရာက ယခု ကျနော်ရောက်လာတော့မှ အင်တာနက် ပြန်ယူဖြစ်ကြတာ ဖြစ်ပါသည်။ သည်သို့ဖြင့် ဧပြီ ၂၉ ရက်နေ့က Internet Service တခုက အင်တာနက် လာတပ်ဆင်ပေးသွားသော်လည်း ကျနော့် ခေတ်ဆွေး mother-board (?) ကြီးမှာ Ethernet port မပါ၍ ကျနော့်ကွန်ပြူတာကတော့ ယခုထိ အင်တာနက်မရသေးပေ။ ဒါပေမဲ့ ဤ post ကို အဲသည်ကွန်ပြူတာမှာ ( microsoft word မရှိသည်နှင့်) notepad ပေါ်မှာ ကြိုရေးထားနိုင်သော အကျိုးမျိုးတော့ ရှိပါသည်။ ပြီးလျှင် USB ထဲသွင်းပြီး Public Library တခုကိုသွားကာ post တင်လိုက တင်နိုင်ပေသည်။ ကျနော့် အိမ်ရှင်တို့၏ ကွန်ပြူတာကို သုံးဖို့သိပ်အခွင့်မသာတာက အဲသည်ကွန်ပြူတာသည် သူတို့ အိပ်ခန်းထဲတွင်သာ ရှိလေ၏။

သည်မြို့ကို စရောက်သည့်နေ့က သူငယ်ချင်း၏ ကွန်ပြူတာနှင့် ကျနော့် credit cards တွေကို lost or stolen report လုပ်ရင်း ယင်းတို့၏ balance တွေကို စစ်ဆေးကြည့်ရာ အိတ်ခိုးသွားသည့် သူကောင်းသားက ဒေါ်လာ ၅၀၀ သုံးလို့ရတာ ၅၀၀ အထိ၊ ၃၀၀ သုံးလို့ရတာ ၃၀၀ အထိ အကုန်သုံးထားသည်ကို တွေ့ရ လေသည်။ ကျနော်ဆိုလျှင် ပုံမှန်အားဖြင့် credit card ကို သုံးခွင့်ရှိတာရဲ့ တဝက်လောက်ထိသာ သုံးစွဲလေ့ရှိပါသည်။ Bank of America မှာလည်း ငွေသားမရှိဘဲ သုံးစွဲထားငွေ ( overdraft ) - $500 ခန့်ရှိနေသည်ကို တွေ့ရ၏။ ကျနော် သုံးခဲ့တာတချို့ရှိပါမည်။ သို့ပေမဲ့ အဲဒီလူက credit ရယ်လို့ဆိုကာ ပစ္စည်းဝယ်ခဲ့တာ လည်းရှိဟန်တူသည်။ ( ဥပမာ၊ ဒေါ်လာ ၆၀ စီ ၃ခါ သုံးခဲ့တာမျိုး ကျနော် မလုပ်မိချေ။ ) ခက်တာက ကျနော်လည်း မူးကြောင်မူးကြောင် ဖြစ်နေတုန်းကကိစ္စကို ရှင်းရှင်းလင်းလင်း ပြန်သတိမရတတ်ပေ။ ပြီးခဲ့သည့်လက ငွေရှိလျှက် မူးမူးနှင့် AT&T ဖုန်းခမပေးမိသဖြင့် ယခုလ နှစ်လစာပေါင်းပေးရမည့်ကြွေး၊ အိပ်ခန်းငှားခ ကြွေး စသည်စသည် အကြွေးတို့လည်းရှိသေး၏။ ဘဝကို တစ်ကနေစသည်ဟု ဆိုရိုးရှိ၏။ ယခု ကျနော်ကတော့ တစ်ကနေ မစနိုင်။ သုညကနေလည်း မစနိုင်။ ဘဝကို Oregon မှာ - ၁၅၀၀ လောက်က စရမည့် သဘောပေတည်း။း(

( ၅ )

ဟိုတနေ့ကတော့ ကျကွဲသွားသော ကျနော့်၏ ကောင်းကင်ကို တစစီ ပြန်လည် ဆက်စပ်သည့်အနေဖြင့် Portland Community College သို့ သွားပါသည်။ Academic Advisors တွေနှင့် တွေ့ဆုံစကားပြောကြည့်ရာ Maryland က official transcript ရောက်လာတာနှင့် ဤကောလိပ်မှာ enrollment လုပ်နိုင်ပြီဟု ဆိုပါသည်။ Admission Application တင်ထားခဲ့သဖြင့် ကျောင်းသားနံပါတ်လည်း ရလာခဲ့ပါသည်။ ကျနော်က မစွမ်းမသန်သူတဦး ဖြစ်၍ ဖက်ဒရယ်အစိုးရထံမှ လစဉ်နေထိုင်စရိတ် ၆၇၄ ဒေါ်လာ၊ ပြည်နယ် အစိုးရထံမှ စားစရိတ် ( food stamp ) ၁၈၄ ဒေါ်လာ၊ ထို့ကြောင့်တလလျှင် စုစုပေါင်း ၈၅၈ ဒေါ်လာဝင်ငွေမျှသာ ရှိပါမည်။ မည်သို့ပင်ဖြစ်စေ ကျနော်သာ နောက်ထပ် အရက်သေစာ မသောက်စားဘူး ဆိုလျှင် ဤအကြွေးလောက်က ငိုချင်းချစရာ မဟုတ်။ နောက်ထပ် ၄-၅ လ လောက် အတွင်း ပြေလည်သွားနိုင်သည်သာ ဖြစ်ပါသည်။ ဒါပေမဲ့ ကျနော် ခုနေခါမှာ ထိုအကြွေးကြောင့် မဟုတ်ဘဲ ကျနော့်ဘဝတလျှောက်လုံး ဘဝကို အနှုတ် ကနေ၊ သုညကနေ၊ တစ်ကနေချည်း ပြန်ပြန်စလာခဲ့ရသည့် အဖြစ်ကို ဆရာမ( ဒေါ်) မိုးမိုး (အင်းလျား) ရေးဖူးသလို "ပျောက်သောလမ်းမှာ စမ်းတဝါး" ဖြစ်နေသူလို ရင်ထဲမှာ ခံစားမိသည်။ (ပျောက်တာမှ မိမိ၏ကောင်းကင်ပျောက်နေသလို ခံစားရလေသည်။) ကျနော် မကြာခင် ၄၇ နှစ်ပဲပြည့်တော့မည်။ သည်အသက်အရွယ်က Community College တက်နေရမည့်အရွယ် မဟုတ်တော့၊ M.A သို့မဟုတ် Ph.D တခုလောက်လုပ်နေရမည့် အသက်အရွယ် ဖြစ်သည်။ သို့တည်းမဟုတ် "ဒါ ငါ လုပ်ထားတာ" ဟု တစုံတရာ ပြနိုင်သင့်သည့် အသက်အရွယ် ဖြစ်သည်။ ကျနော်ကား ယခုထိ ဘယ်ခရီးကိုမျှ မပေါက်သေးပါတကား။ ဘာတခုကိုမျှ မလုပ်ရသေး ပါတကား။ ကျနော် အဲသလိုတွေးမိတိုင်း ရင်ထဲမှာ ကျဉ်နေအောင် နာကျင်မိလေသည်။

သည်မြို့ကို ရောက်ပြီး နှစ်ရက်လောက် ကြာတော့ ကျနော့်သူငယ်ချင်းက ပို့ပေး၍ FB မိတ်ဆွေ၊ ကဗျာဆရာ၊ ဘလော့ဂါ ကိုအောင်သာငယ်နှင့် လူချင်းတွေ့ကြရ ပါသည်။ သူ့ကို သည်မြို့ ရောက်လာဖြစ်ပုံကို ပြောပြ ဖြစ်ရာ သူက "ဆက်လုပ်ပါဗျာ။ You know nothing is cheap." ဟုပြောပြီး အားပေးရှာပါသည်။ ကျနော် သူပြောတာကို သဘောတူပါသည်။ ဒါပေမဲ့ ကျနော်က မော့ကြည့်လိုက်လျှင် အားရှိလောက်စရာ ကြည်လင် ပြာလွင်သော ကောင်းကင်တခု၊ ကွေ့ကောက်ကောင်း ကွေ့ကောက်မည်ဖြစ်သော်လည်း တောင်ထိပ်ပေါ်မှာ ခရီးအဆုံးကို မြင်နေရသည့် ပြန့်ပြူးသော မြေနီလမ်းကလေးတခု နှင့် ခိုင်မာအားကောင်းသော မိမိ၏ ခြေလှမ်းများကို လိုချင်တာ ဖြစ်လေသည်။ ယခုတော့ ကျနော့်၏ကောင်းကင်သည် မတော်တဆကျကွဲကျိုးကြေသွားကာ ထိုပေါက်ပြဲနေသော ကောင်းကင်အောက် တွင် (တခါတုန်းက ကာတွန်းပုံ တပုံထဲတွင် မြင်ဖူးသလို) မိမိသည် အုန်းပင်တပင်တည်းသာရှိသော ကျွန်းကလေးပေါ်ရောက်နေပြီး တယောက်တည်း ဘယ်ကိုမျှ ခရီးမပေါက်နိုင်ဘဲရှိသည်ဟု ခံစားမိသည်။ ကျနော်က self-control အင်မတန်ညံ့ဖျင်းနုံချာလှပြီး ဘာမဟုတ်တာကလေးနှင့်လည်း sensitive ဖြစ်လွယ်တတ်သေး ရာ မိမိကိုယ်မိမိ ( တချက်တွန်းလိုက်လျှင် လဲပြိုသွားမည့် ) ခနော်နီ ခနော်နဲ့ တဲအိမ်ငယ်ကလေးတလုံးလို လည်းခံစားမိသည်။ ( အဲသလိုလူကိုမှ ကျနော်တက်ခဲ့ သည့်ကျောင်းက ကောင်လေးတယောက်က တခါတုန်းက ကျနော့်နောက်ကနေ "Sir, Sir" ဟုခေါ်ကာ လိုက်လာပြီး "Sir, you're so strong; you inspire me. Can I shake hand with you?" ဟုဆိုလာသဖြင့် လက်ဆွဲနှုတ်ဆက် ခဲ့ရသေးသည်း) သူတို့အမေရိကန်တွေက မသန်တော့လျှင် wheel-chair သုံးတတ်ကြရာ မြန်မာအကျိုးတို့ထုံးစံ ချိုင်းထောက်တချောင်းတည်းဖြင့် သွားလာတတ်လေ့ရှိသည့် ကျနော့်ကို အထင်ကြီးသွားဟန်တူပေ၏။း)

ထို့ကြောင့် ကျနော်သာ ခရစ်ယာန်ဘာသာဝင် ဆိုပါက ဤသို့ ဆုတောင်းမိမည်ထင်သည်။ "အကျွန်ုပ်ကို ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားခွင့်ပြုပါ အဖ ဘုရားသခင်။ အကျွန်ုပ်သည် ချိနဲ့၊ ပင်ပန်း၊ နွမ်းရိလျှက်ရှိပါ၏။ အားနည်းသော အကျွန်ုပ်သည် သွားလိုရာခရီးအဆုံးသို့ မရောက်နိုင်ဘဲ ရှိမည်ကို စိုးရိမ်မိပါ၏။ အကျွန်ုပ် သေခါနီးဆဲဆဲ၌ "ငါ၏ လူသားမျိုးနွယ်ဘဝသည် အချည်းနှီးမဖြစ်ခဲ့။ ငါသည် လူတယောက် ပြုထိုက်သောကိစ္စတို့ကို ကျေနပ်လောက်ဖွယ် ပြုခဲ့ပြီးပြီ။ လူတယောက်ရထိုက်သော ကိစ္စတို့ကို ကျေနပ်လောက်ဖွယ် ရခဲ့ပြီးပြီ။ ဤသို့ဖြင့် ငါသည် လူ့ဘဝ၌ ငါရောက်လိုသောခရီးအဆုံးသို့ရောက်ခဲ့၏" ဟုကျေနပ် သောစိတ်ဖြင့်သာ အနားယူသောသူကဲ့သို့ သေလိုပါ၏။ အကျွန်ုပ် မောပန်းနွမ်းနယ်လှပြီဖြစ်၍ အကျွန်ုပ်ကို အသက်ရှင်လျှက်နှင့်ဖြစ်စေ၊ အသက်သေလျှက်နှင့် ဖြစ်စေ၊ ခေတ္တမျှ အနားယူ၊ အပန်းဖြေခွင့်ပြုတော်မူပါ အဖဘ�<><>

By Aung Zan

Blinker Hacker Group

Blinker Hacker Group မှ နအဖအား DDos ဖြင့် တိုက်ရိုက်တိုက်ခိုက်နေမှုများ ခေတ္တရပ်တန့်ထားမည်ကြောင်း သိရှိရသည်။



Blinker Hacker Group မှ နအဖ အား DDos ဖြင့် တိုက်ရိုက်တိုက်ခိုက်နေမှုများကို ယနေ့ နံနက်ပိုင်းမှ စတင် ပြီး ခေတ္တ ရပ်တန့်ထားလိုက်ကြောင်း သတင်းရရှိပါသည်။



အဆိုပါ အဖွဲ့ သည် နအဖ၏ ကွန်ရက်များနှင့်နအဖ သတက်ဆိုးရှည်ရေးအတွက် အဓိကကျောထောက်နောက်ခံပြုနေကြသော အလိုတော်ရိ လက်ပါးစေများ အားပေးအားမြှောက်ပြုနေသူများ၏ ကွန်ယက်များကိုသာ တိုက်ရိုက်ဆန့် ကျင်တိုက်ခိုက်လျက်ရှိသော ပြည်သူ့ အင်အားစု တစ်စု ဖြစ်သည်။



Blinker Hacker Group အဖွဲ့မှ ထိုသို့ ခေတ္တရပ်တန့်လိုက်ခြင်းမှာ အများပြည်သူသုံးစွဲနေသော ကွန်ရက်ကို ထိခိုက်နေပါသည်ဟု နအဖမှ မဟုတ်မမှန် စွပ်စွဲပြောကြားချက်နှင့် ပက်သက်ပြီး အမှန်တစ်ကယ် ထိခိုက်မှုမရှိသည်ကို အများပြည်သူများ သိရှိစေရန်ဖြစ်ပြီး၊ ထိုသို့ ရပ်တန့်ထားချိန်တွင် နအဖဘက်မှ အများပြည်သူသုံးစွဲနေသော အင်တာနက်လိုင်းများ ကောင်းမွန်ခြင်းရှိမရှိကို ဆက်လက်စောင့်ကြည့်နေမည် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် နအဖအာဏာရူးတို့ သည် ၄င်းတို့ ၏ အင်တာနက်စာမျက်နှာများ ပိတ်ဆို့ မှုများ၊ အင်တာနက်အမြန်နှုန်းလျှော့ချမှုများနှင့် အင်တာနက်သုံးစွဲသူ ပြည်သူအများအား မျိုးစုံသော အနှောင့်အယှက်ပေးနေမှုများကို ဖုံးကွယ်အကြောင်းပြရန်အတွက် ပြင်ပမှ တိုက်ခိုက်မှုကြောင့် ဖြစ်ရပါသည်ဟု လွှဲချကာ ပြည်သူအများ အထင်လွဲမှားစေရန်အတွက် အကြောင်းပြခြင်းသက်သက်သာ ဖြစ်သည်။



ယခုကဲ့သို့  Blinker Hacker Group အဖွဲ့မှ နအဖအား တိုက်ရိုက်တိုက်ခိုက်မှုများကို ခေတ္တရပ်ဆိုင်းစောင့်ကြည့်နေချိန်အတွင်း အများပြည်သူများအနေဖြင့် မြန်မာပြည်၏ အင်တာနက်လိုင်းများ အပြည့်အ၀ ကောင်းမွန်တိုးတက်လာခြင်း ရှိမရှိကို သုံးသပ်ပြီး blinkerhackergroup@gmail.com သို့ တိုက်ရိုက်သတင်းပေးပို့ ဆက်သွယ်နိုင်ကြောင်း၊ blinker hacker group မှ ယနေ့မှစတင်ပြီး တစ်လခန့်စောင့်ကြည့်နေမည်ဖြစ်ပြီး တိုးတက်ကောင်းမွန်လာခြင်းမရှိပါက နအဖ ၀န်ကြီးဌာနလိုင်းများ စစ်တပ်အသုံးပြုနေသော ကွန်ရက်များကို ယခုထက် ပိုမိုမြှင့်တင်ပြီး တိုက်ခိုက်သွားမည်ဟု ပြောကြားပါသည်။



နအဖအာဏာရူးအဖွဲ့ သည် မြန်မာပြည်အင်တာနက်ကွန်ယက်အား အဓိက လိုင်းကြောင်းကြီး (၃) ခုခွဲ၍ ဆက်သွယ်ထားပါသည်။ နအဖအာဏာရူးသန်းရွှေနှင့် ထိပ်ပိုင်း စစ်တပ်အရာရှိကြီး ဗိုလ်ချူပ်ကြီးများ သီးသန်းအတွက် တစ်လိုင်း၊ နေပြည်တော်ရှိ နအဖ အုပ်ချူပ်ရေးယန္တယားအတွက် သီးသန့် တစ်လိုင်းနှင့် အခြားသော သာမန်လိုင်းတစ်လိုင်းမှာမူ သာမန်အရပ်သူအရပ်သား ပြည်သူများ သုံးစွဲစေရန် ရတနာပုံပေါ်တယ်ကဲ့သို့ သော ကွန်ယက်မှတစ်ဆင့် ဆက်သွယ်အသုံးပြုစေသော တစ်လိုင်းဟူ၍ ခွဲခြားထားခြင်းဖြစ်သည်။ နအဖအာဏာရူးသန်းရွှေနှင့် ထိပ်ပိုင်း စစ်တပ်အရာရှိကြီး ဗိုလ်ချူပ်ကြီးများ သီးသန်းအတွက် တစ်လိုင်းနှင့် နေပြည်တော်ရှိ နအဖ အုပ်ချူပ်ရေးယန္တယားအတွက် သီးသန့် တစ်လိုင်းတို့ မှာမူ မည်သို့ သော အင်တာနက်ဆိုင်ရာ ကန့် သတ်တားမြစ်ချက်နှင့် အင်တာနက်အမြန်နှုန်း နှေးကျခြင်း မရှိပေ။ အများပြည်သူအတွက် အပြထားသော အင်တာနက်လိုင်းကိုသာလျှင် အမျိုးမျိုး လုပ်ချင်သလိုလုပ်ကာ တားမြစ်ပိတ်ပင် အနှောင့်အယှက်ပြုနေခြင်းသာ ဖြစ်သည်။



မြန်မာပြည်တွင်း အင်တာနက်လိုင်းများအသုံးပြုနေပုံမှာ China, Thai , India တို့အား border gateway ဖြင့် ချိတ်ဆက်ထားရှိပြီး se me we 3 ရေအောက်ဆက်ကြောင်းဖြင့်လည်း ဆက်သွယ်ထားရှိပါသည်။ အများပြည်သူတို့ သုံးစွဲနေသော လိုင်းများကို se me we 3 ဖြင့်သာ ချိတ်ဆက်ထားရှိပေးပြီး၊

Inland gateway များကို စစ်တပ်နှင့် ၀န်ကြီးဌာနများမှသာ ရယူသုံးစွဲနေခြင်းဖြစ်သောကြောင့် Blinker Hacker Group အဖွဲ့၏ တိုက်ခိုက်မှုမှာ အများပြည်သူသုံးစွဲနေသော လိုင်းများအား မထိခိုက်စေဘဲ နအဖ၏ အဓိက အင်တာနက်လမ်းကြောင်းကိုသာ တိုက်ခိုက်နေခဲ့ခြင်းဖြစ်ကြောင်း၊ နအဖအာဏာရူးများ မဟုတ်မမှန် စွပ်စွဲပုံချသကဲ့သို့  အများပြည်သူမျာဒ၏ အင်တာနက် သုံးစွဲမှုကို လုံးဝ ထိခိုက်ခြင်း မရှိပဲ နအဖ၏ အင်တာနက် စာမျက်နှာများ၊ ၀န်ကြီးဌာနများ စစ်တပ်ကွန်ရက်များကိုသာ ထိရောက်စွာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း Blinker Hacker Group အဖွဲ့မှ တာဝန်ရှိသူများမှ ပြောဆိုသွားပါသည်။



ထို့ ကြောင့် အများပြည်သူများအနေဖြင့် နအဖအာဏာရူးများမှ ပြည်ပတိုက်ခိုက်မှုကြောင့် အင်တာနက်လိုင်းများ နှေးကွေးနေသည်ဆိုသည့် ထင်ယောင်ထင်မှား သတင်းဖြန့်ချီလိမ်ညာမှုအား အမှန်အတိုင်း သိရှိစေရန် ယခုကဲ့သို့  အသိပေးရခြင်းဖြစ်ပါကြောင်း ပြောဆိုပါသည်။



Blinker Hacker Group အဖွဲ့မှ ယခုကဲ့သို့  နအဖအင်တာနက်ကွန်ယာက်များအား တစ်လတာ ခေတ္တ တိုက်ခိုက်မှု တစ်လခန့်ရပ်နားနေချိန်တွင် မြန်မာပြည်၏ အင်တာနက်ဆက်သွယ်မှု နှေးကွေးခြင်း၊ အင်တာနက်စာမျက်နှာများအား ဆက်လက်ပိတ်ဆို့ ထားခြင်း၊ အများပြည်သူတို့ ၏ ကိုယ်ရေးကိုယ်တာအတွက် အင်တာနက်အား ဆက်သွယ် အသုံးပြုမှုများအား ဆက်လက်နှောင့်ယှက်မှု ပြုနေခြင်းနှင့် လွတ်လပ်သော အင်တာနက်ဆက်သွယ်မှုများအား တားဆီးပိတ်ပင်ထားခြင်းတို့  ဆက်လက်ဖြစ်ပေါ်နေပါက မြန်မာပြည်၏ အင်တာနက်ဆိုင်ရာ သုံးစွဲရမှု အခက်အခဲ ပြဿနာများနှင့် အနှောင့်အယှက်မှန်သမျှသည် နအဖသာလျှင် တရားခံဖြစ်ကြောင်း မီးမောင်းထိုး ဖေါ်ပြလိုပါသည်။



မြန်မာနိုင်ငံသည် ကမ္ဘာတွင် ဒုတိယ အဆိုးဝါးဆုံး အင်တာနက်ပိတ်ပင်မှုနိုင်ငံအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး၊ နအဖအာဏာရူးများသည် အများပြည်သူ သုံးစွဲနေသော အီးမေးလ်နှင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကြားဖြတ် စောင့်ကြည့် ရယူနေမှုများလည်း ပြုလုပ်လျက်ရှိနေသောကြောင့် ရာဇ၀တ်ပြစ်မှု ကျူးလွန်နေသောသူများ ဖြစ်ပါသည်။



အများပြည်သူများအနေဖြင့် ယခု Blinker Hacker Group အဖွဲ့၏ ထုတ်ပြန်ချက်ကို ဆက်လက်ဖြန့်ဝေပေးပါရန်နှင့် မိမိတို့ နေထိုင်ရာ ဒေသအတွင်း အင်တာနက်လိုင်းများ ကျဆင်းမှုများ၊ အနှောင့်အယှက်ပြုခံရမှုများ၊ တားဆီးပိတ်ပင်ခံရမှုများကို Blinker Hacker Group အဖွဲ့သို့  ဆက်သွယ် အီးမေးလ်ပေးပို့ ပါရန် အဆိုပါအဖွဲ့ မှ အထူးမေတ္တာရပ်ခံထားကြောင်း သိရှိရပါသည်။



ဆက်သွယ်ရန်မှာ - blinkhackergroup@gmail.com (not for chatting)



Blinker Hacker Group အဖွဲ့၏ အင်တာနက်စာမျက်နှာအား http://www.blinkhackergroup.net တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။



Blinker Hacker Group အဖွဲ့သည် မြန်မာပြည်တွင် လူ့ အခွင့်အရေးနှင့် အင်တာနက် လွတ်လပ်စွာသုံးစွဲမှုကို ပိတ်ပင်တားဆီးနှောင့်ယှက်နေသော အာဏာရူးအုပ်စုနှင့် ဒေါက်တိုင်များအား ဆက်လက် ဆန့် ကျင်နေမည်ဖြစ်ကြောင်းနှင့် မြန်မာပြည်သူပြည်သားများဘက်မှ အစဉ်ရပ်တည်နေမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့ မှ အသိပေးကြောင်း သိရှိရပါသည်။

Thursday, 28 April 2011

Murder Case

Murder Case

Full Report

Full Report

Voice of Burma

Voice of Burma

New Leader in Tibet

New Leader in Tibet

Respectable Woman From India

Respectable Woman From India

Military Network Inside Burma

Military Network Inside Burma

NPT Calls Mtg 1100 Clear All Issues All 8 Security Rgmnts Placed Around NPT Conflict Btwn MAH and TinNgwe

NPT Calls Mtg 1100 Clear All Issues All 8 Security Rgmnts Placed Around NPT Conflict Btwn MAH and TinNgwe

Wednesday, 27 April 2011

Full Report

Full Report

တို့တိုင်းပြေ ဆရာဇော်ဂျီ

တို့တိုင်းပြေ ဆရာဇော်ဂျီ

တို့တိုင်းပြေ ဆရာဇော်ဂျီ



ထလော့မြန်မာ၊ အို မြန်မာတို့



တို့ရွာ တို့ပြေ၊ တို့ရွာမြေ၀ယ်



စေတီ စပါး၊ များလည်းများ၏



များပါလေလဲ၊ တမွဲမွဲနှင့်



ဆင်းရဲကာသာ၊ ကာလကြာလျှင်



ယာစကာမျိုး၊ တညှိုးညှိုးနှင့်



ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား



လှည့်လည်သွားလျက်မစားလေရ၊ ၀မ်းမ၀၍



ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။







ထလော့မြန်မာ၊ အိုမြန်မာတို့



တို့ရွာ တို့ပြေ၊ တို့ရွာမြေ၀ယ်



ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်



သီးနှံချိုပျား၊ များလည်းများ၏



များပါလေလဲ။ တမွဲမွဲနှင့်



ဆင်းရဲကာသာ၊ ကာလကြာလျှင်



မြင်သာမြင်ရ၊ မစားရ၍



တောကပြိတ္တာ ဖြစ်မည်တည်း။







ထလော့ မြန်မာ၊ မြန်မာ ထလော့



အားမပျော့နှင့်၊ မလျှော့လုံ့လ



သူကစ၍၊ ငါကအားလုံး



လက်ရုံးများမြောင်၊ ဉာဏ်များမြောင်နှင့်



စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့



ဤမြေ ဤရွာ၊ ဘယ်သူ့ရွာလဲ



ဤယာစပါး၊ ဘယ်သူ့စပါးလဲ



ထားလော့တာဝန်၊ ပွန်လော့လုပ်ငန်း



ဉာဏ်ရှေ့ပန်း၍



တစ်ဝမ်းတစ်စိတ် ညီစေသတည်း။



ဇော်ဂျီ

ပဲခူးခရိုင်ရဲတပ်ဖွဲ.ရုံးမှရဲအုပ်တင်ထွန်းဦး

ပဲခူးခရိုင်ရဲတပ်ဖွဲ.ရုံးမှရဲအုပ်တင်ထွန်းဦးဆိုသူသည် ( ၂၀.၄.၁၁ ) ရက်နေ.နံနက်( ၁း၀၀ ) နာရီခန်.တွင်ပျဉ်းကတိုးသစ် တစ်တန်ခွဲခန်.တင်လာသော ဒေါ်ခင်ဝင်းဧ။်ကားကိုပဲခူးမြို.ဆေးရုံလမ်းဒေါင်.တွင် စောင်.ဖမ်းပြီး ကျပ်ငွေခုနှစ်သိန်းတောင်းခဲ.ပါသည်။ညှိနှုင်းဈေးဖြင်. ငွေသုံးသိန်း ( ၃၀၀၀၀၀)ဖြင်.အဆင်ပြေခဲ.ပါသည်။ ၄င်းရဲအုပ်တင်ထွန်းဦးဆိုသူမှာ သူဆီးနေကျ မှောင်ခိုကား4W ဖြင်. ဘုရားကြီးမြို.နယ်လမ်းဆုံအနီးရှိ ရွှေသံလွင် ဂိတ်တွင်လည်း မှောင်ခိုဝင်လာသောကားများကိုတစ်စီးလျှင် ငွေတစ်သိန်း နှုံးဖြင်.နေ.စဉ်လိုလိုသွားရောက်တောင်းခံခြင်းလည်းရှိပါသည်

၎င်းအပြင်ပဲခူးမြို.ပေါ်ရှိဥသာမြို.သစ်မှကေတီဗီ၊အနှိပ်ခန်းများတွင်လည်းညအချိန်တာဝန်ကိုဗန်းပြပြီးငွေကြေးတောင်ခြင်းများ၊အရက်သေစာသောက်စားခြင်းများကိုလည်းပြုလုပ်လျှက်ရှိပါသည်။

လစဉ်ကြေးအရနည်းသောလောင်းကစားဒိုင်များကိုလည်းဖမ်းဆီးမှု.များပြုလုပ်လျှက်ရှိပါသည်။သို.ပါရ။်ရဲအုပ်တင်ထွန်းဦးဧ။်ဆောင်ရွက်ချက်များသည်တရားမျှတမှု.မရှိဘဲကိုယ်ကျိုးရှာသက်သက်ဖြစ်နေသည်.အတွက်

အထက်လူကြီးများသိစေရန်ယခုလို.ပြောကြားပေးပါခင်ဗျား။

ပဲခူးသား

Wednesday, 20 April 2011

တပ်မတော်သားများ၏ ကွန်ရက်ကို ကြိုဆို

2011-04-19

မြန်မာ့တပ်မတော်မှာ လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ တပ်မတော်သားတချို့ ဦးဆောင်ပြီး လျှို့ဝှက် ဖွဲ့စည်းလိုက်တဲ့ မျိုးချစ် တပ်မတော်သားများ ကွန်ရက်ကို ထောက်ခံ ကြိုဆိုကြောင်းနဲ့ တပ်မတော်သားများ အားလုံး အနေနဲ့လည်း ဒီကွန်ရက်မှာ ပူးပေါင်း ပါဝင်ကြဖို့ ဗြိတိန်အခြေစိုက် မြန်မာ့ ဒီမိုကရေစီ အင်အားစု ( Burma Democratic Concern ) အဖွဲ့က တိုက်တွန်းနှိုးဆော် လိုက်ပါတယ်။
မြန်မာ့သမိုင်းမှာ ပြည်သူ့အရေးတော်ပုံအတွင်း တပ်မတော်နဲ့ ပြည်သူလက်တွဲ ပူးပေါင်း ပါဝင်မှုတွေ ရှိခဲ့တာကြောင့် အခုလို တပ်မတော်သားတွေ ကွန်ရက်ဖွဲ့စည်းလိုက်တဲ့အပေါ်မှာ ထောက်ခံ ကြိုဆိုရတာဖြစ်တယ်လို့ BDC အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး ဦးမျိုးသိန်းက RFA ကို ပြောပါတယ်။
“မြန်မာ့ သမိုင်းကို ပြန်ကြည့်လိုက်လို့ရှိရင် ၁၉၈၈ ခုနှစ် ပြည်သူ့ အရေးတော်ပုံကြီးမှာ ကြည်း၊ ရေ၊ လေ တပ်မတော်သားတွေဟာ ပြည်သူနဲ့ လက်တွဲပြီးတော့ တက်တက်ကြွကြွ ပါဝင်ခဲ့တယ်၊ ရလဒ်အဖြစ် ကျွန်တော်တို့ တပါတီ အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့တယ်ခင်ဗျ။”
“ဒါ့အပြင်၊ ၁၉၉၀ ရွေးကောက်ပွဲမှာ ဆိုလို့ရှိရင်လည်း စစ်တပ်မြို့တွေလို့ ပြောလို့ရတဲ့ ဗထူးတပ်မြို့တို့၊ မင်္ဂလာဒုံ တပ်မြို့တို့၊ မှော်ဘီတပ်မြို့တို့ အဲဒီ မြို့တွေမှာကိုက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ကျွန်တော်တို့ အပြတ်အသတ် မဲပေးပြီးတော့ NLD ပါတီက လွှတ်တော်အမတ်တွေကနေပြီးတော့ ဒီ အနိုင်ရရှိခဲ့တယ်။”
“ဒါတွေကို ကြည့်ခြင်းအားဖြင့် တပ်မတော်သားတွေရဲ့ စိတ်ထဲ အသည်းထဲမှာလည်း ကျွန်တော်တို့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး ဆိုတာ သူတို့ဆီမှာ ရှိတယ်ဆိုတာ မြင်ရတယ်ခင်ဗျ။ ဒါကြောင့်မို့ ကျွန်တော်တို့ ပြည်သူနဲ့ တပ်မတော်နဲ့ ကြည်ကြည်ဖြူဖြူ လက်တွဲပြီးတော့ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားပစ်ဖို့ပေါ့နော်၊ ဒီယနေ့ ဖွဲ့စည်းလိုက်တဲ့ မျိုးချစ်တပ်မတော်သားများ ကွန်ရက်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုထောက်ခံခြင်း ဖြစ်ပါတယ်ခင်ဗျ။”
NLD ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးလို မျိုးချစ် တပ်မတော်သားတွေ မြန်မာစစ်တပ်တွင်း အများအပြား ရှိနေတယ်လို့ ယုံကြည်တဲ့အတွက် တိုက်တွန်းရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒီ မျိုးချစ်တပ်မတော်သားများ ကွန်ရက်ကို ပြီးခဲ့တဲ့ နှစ်ဆန်းတရက်နေ့က ဧရာဝတီတိုင်းတွင်း တနေရာမှာ လက်ရှိ တပ်ကြပ်အဆင့် တာဝန်ယူထားတဲ့ စစ်သည် ၁၁ ဦးက ဦးဆောင်ပြီး လျှို့ဝှက် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
အခုလို တပ်မတော်သားတွေ ကွန်ရက် ဖွဲ့စည်းလာတာနဲ့ ပတ်သက်ပြီး မကြာသေးခင်က ပြည်ပကို ထွက်ပြေး ရောက်ရှိလာတဲ့ မြန်မာ့ တပ်မတော် အရာရှိ ဗိုလ်မှူး စိုင်းသိန်းဝင်းကို RFA မှ ဒေါ်ခင်ခင်အိ က ဆက်သွယ် မေးမြန်းထားပါတယ်။

http://ping.fm/IzeKj

http://ping.fm/CawYx

http://ping.fm/dok55

http://ping.fm/PtXCF

Burma Democratic Concern (BDC) welcomes the formation of the Burma’s Patriotic Military Network

18 April 2011

Burma Democratic Concern (BDC) welcomes the formation of the Burma’s Patriotic Military Network with reference to the BBC/Burmese news on 18 April 2011. According to the news the network is comprises of with Army, Navy and Air Force military personnel ranging from the ranks of the soldiers to major-general. Please see the link
http://ping.fm/fHH2h

According to the BBC/Burmese, the network members units and members are

1. Hi-Gyi Island Navy Base,
2. No. 501 Maw-Bi Air Force Base,
3. Mait-Hti-La Air Force Training Base,
4. Infantry Regiment 6,
5. Light Infantry Regiment 7,
6. Light Infantry Regiment 8,
7. Main Military Ammunitions Storage Base,
8. Main Electronic Engineers Base,
9. Inn-Ma Army Base and
10. Ye-Mon Infantry Regiment 214

Myo Thein, the Director of the Burma Democratic Concern (BDC) said “We are very glad to learn that patriotic soldiers of Burma are forming the “Patriotic Military Network” which we believe it will be leading towards working with the people so as to get rid of the military dictatorship system in Burma. We sincerely hope that the rest of the soldiers in the Burma military will follow steps joining the Patriotic Military Network.”

Recently on 13 April 2011, an army captain from Ka-La-Ya (91) based in Maw-Bi under the command of the Rangoon Division Military Command has fallen as the result of the shooting from military units outside the regiment which are taking position outside the Ka-La-Ya (91). Please see the report
http://ping.fm/8EMFC

Soldiers from various military bases including Ka-La-Ya (91) had called for the (4) demands since 28 March 2011 such as

1. To review the constitution
2. To amend the veteran soldiers law and increase the pension
3. To find the solution of the Burma political crisis in political means
4. To re-form the government which gains the support of the public

U Khin Maung Win, the Director of the Burma Democratic Concern (BDC) said “In Burma, it is our general beliefs that if the three sons of Burma are united together and joined hands together, we can bring about the change in Burma. In 1988 and 1996, the students (the sons of the schools) were spear-headed the public and opened the new chapters in Burma. In 2007, the Buddhist monks (the sons of the Lord Buddha) were at the fore-front of the public demanding the change in Burma. Now this time, we genuinely hope that the soldiers (sons of the wars) will take the lead bringing about the peace and prosperity in Burma.”

According to the BBC/Burmese
http://ping.fm/me1qO there are reports of the clashes between the combined forces of Ka-La-Ya (709) & (710) and Rangoon Division Special Forces resulting in one sergeant had fallen and 4 injured of which 3 seriously wounded.

U Tint Swe Thiha, the Patron of the Burma Democratic Concern (BDC) said “The Burma soldiers have the good reputation of standing with the public decisively when the time is necessary. When we look at the 1988 mass uprising, the Burma soldiers from army, navy and air-force joined hands together with the public and united together. As the result, General Ne Win led one party authoritarian regime was toppled leading toward holding the election in 1990 in which Daw Aung San Suu Kyi led National League for Democracy (NLD) won the land-slide victory.”

Burma Democratic Concern (BDC) understands that most of the soldiers in the Burma military wanted to serve the people and the nation rather than a bunch of the corrupted dictator generals.

Daw Khin Aye Aye Mar, the Patron of the Burma Democratic Concern (BDC) said “In Burma, Maw-Bi, Taik-Gyi, Min-Gala-Don and Maik-Hti-La constituencies are right to say the military towns since they are mostly hosting soldiers of the military bases. In 1990 election, almost all of the military towns voted for the Daw Aung San Suu Kyi’s Party and elected the NLD MPs. Now, the time is RIGHT again and we honestly hope that patriotic soldiers will take action decisively leading towards national reconciliation in Burma.”

Burma Democratic Concern (BDC) expresses our solidarity with the patriotic soldiers fighting for their rights and we would like to call for all the people of Burma to welcome the brave patriotic soldiers.


Burma Democratic Concern (BDC)
Registered No:6496926
Registered Address:
2nd floor,145-157
St John Street
EC1V 4PY
London
United Kingdom

Web Addresses:
http://www.bdcburma.org
http://ping.fm/aSPxH
http://ping.fm/dAWnw


Email:

myothein19@gmail.com
myothein@bdcburma.org
ohnmaroo@bdcburma.org
shinminoo@gmail.com

Telephone:
00-44 208 493 9137
00-44 787 788 2386
Fax No:+44 208 626 9045

Tuesday, 19 April 2011

တပ်မတော်သားများ၏ ကွန်ရက်ကို ကြိုဆို

တပ်မတော်သားများ၏ ကွန်ရက်ကို ကြိုဆို
2011-04-19

မြန်မာ့တပ်မတော်မှာ လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ တပ်မတော်သားတချို့ ဦးဆောင်ပြီး လျှို့ဝှက် ဖွဲ့စည်းလိုက်တဲ့ မျိုးချစ် တပ်မတော်သားများ ကွန်ရက်ကို ထောက်ခံ ကြိုဆိုကြောင်းနဲ့ တပ်မတော်သားများ အားလုံး အနေနဲ့လည်း ဒီကွန်ရက်မှာ ပူးပေါင်း ပါဝင်ကြဖို့ ဗြိတိန်အခြေစိုက် မြန်မာ့ ဒီမိုကရေစီ အင်အားစု ( Burma Democratic Concern ) အဖွဲ့က တိုက်တွန်းနှိုးဆော် လိုက်ပါတယ်။

(Photo: AFP)

တော်လှန်ရေးနေ့ အခမ်းအနားတခုတွင် စစ်ရေးပြနေသော စစ်ကြောင်းချီ တပ်ဖွဲ့တခု ဖြစ်ပါသည်။ စစ်အစိုးရသည် တိုင်းပြည် ဘဏ္ဍာငွေ အမြောက်အမြားကို စစ်တပ်နှင့် ကာကွယ်ရေးအတွက် ပုံအော သုံးစွဲနေပြီး ပညာရေး၊ ကျန်းမာရေး စသော အခြား ကဏ္ဍများတွင် မစို့မပို့ ခွဲဝေ လျာထားသောကြောင့် ပြည်သူလူထု ဆင်းရဲမွဲတေနေရကြောင်း ဝေဖန်ကြသည်။ (Photo: AFP)

မြန်မာ့သမိုင်းမှာ ပြည်သူ့အရေးတော်ပုံအတွင်း တပ်မတော်နဲ့ ပြည်သူလက်တွဲ ပူးပေါင်း ပါဝင်မှုတွေ ရှိခဲ့တာကြောင့် အခုလို တပ်မတော်သားတွေ ကွန်ရက်ဖွဲ့စည်းလိုက်တဲ့အပေါ်မှာ ထောက်ခံ ကြိုဆိုရတာဖြစ်တယ်လို့ BDC အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး ဦးမျိုးသိန်းက RFA ကို ပြောပါတယ်။

“မြန်မာ့ သမိုင်းကို ပြန်ကြည့်လိုက်လို့ရှိရင် ၁၉၈၈ ခုနှစ် ပြည်သူ့ အရေးတော်ပုံကြီးမှာ ကြည်း၊ ရေ၊ လေ တပ်မတော်သားတွေဟာ ပြည်သူနဲ့ လက်တွဲပြီးတော့ တက်တက်ကြွကြွ ပါဝင်ခဲ့တယ်၊ ရလဒ်အဖြစ် ကျွန်တော်တို့ တပါတီ အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့တယ်ခင်ဗျ။”

“ဒါ့အပြင်၊ ၁၉၉၀ ရွေးကောက်ပွဲမှာ ဆိုလို့ရှိရင်လည်း စစ်တပ်မြို့တွေလို့ ပြောလို့ရတဲ့ ဗထူးတပ်မြို့တို့၊ မင်္ဂလာဒုံ တပ်မြို့တို့၊ မှော်ဘီတပ်မြို့တို့ အဲဒီ မြို့တွေမှာကိုက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ကျွန်တော်တို့ အပြတ်အသတ် မဲပေးပြီးတော့ NLD ပါတီက လွှတ်တော်အမတ်တွေကနေပြီးတော့ ဒီ အနိုင်ရရှိခဲ့တယ်။”

“ဒါတွေကို ကြည့်ခြင်းအားဖြင့် တပ်မတော်သားတွေရဲ့ စိတ်ထဲ အသည်းထဲမှာလည်း ကျွန်တော်တို့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး ဆိုတာ သူတို့ဆီမှာ ရှိတယ်ဆိုတာ မြင်ရတယ်ခင်ဗျ။ ဒါကြောင့်မို့ ကျွန်တော်တို့ ပြည်သူနဲ့ တပ်မတော်နဲ့ ကြည်ကြည်ဖြူဖြူ လက်တွဲပြီးတော့ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားပစ်ဖို့ပေါ့နော်၊ ဒီယနေ့ ဖွဲ့စည်းလိုက်တဲ့ မျိုးချစ်တပ်မတော်သားများ ကွန်ရက်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုထောက်ခံခြင်း ဖြစ်ပါတယ်ခင်ဗျ။”

NLD ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးလို မျိုးချစ် တပ်မတော်သားတွေ မြန်မာစစ်တပ်တွင်း အများအပြား ရှိနေတယ်လို့ ယုံကြည်တဲ့အတွက် တိုက်တွန်းရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီ မျိုးချစ်တပ်မတော်သားများ ကွန်ရက်ကို ပြီးခဲ့တဲ့ နှစ်ဆန်းတရက်နေ့က ဧရာဝတီတိုင်းတွင်း တနေရာမှာ လက်ရှိ တပ်ကြပ်အဆင့် တာဝန်ယူထားတဲ့ စစ်သည် ၁၁ ဦးက ဦးဆောင်ပြီး လျှို့ဝှက် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

အခုလို တပ်မတော်သားတွေ ကွန်ရက် ဖွဲ့စည်းလာတာနဲ့ ပတ်သက်ပြီး မကြာသေးခင်က ပြည်ပကို ထွက်ပြေး ရောက်ရှိလာတဲ့ မြန်မာ့ တပ်မတော် အရာရှိ ဗိုလ်မှူး စိုင်းသိန်းဝင်းကို RFA မှ ဒေါ်ခင်ခင်အိ က ဆက်သွယ် မေးမြန်းထားပါတယ်။

Source: http://www.rfa.org/burmese/news/soldiers_form_network-04192011092854.html

Monday, 18 April 2011

Burma Democratic Concern (BDC) welcomes the formation of the Burma’s Patriotic Military Network



Burma Democratic Concern (BDC) welcomes the formation of the Burma’s Patriotic Military Network with reference to the BBC/Burmese news on 18 April 2011. According to the news the network is comprises of with Army, Navy and Air Force military personnel ranging from the ranks of the soldiers to major-general. Please see the link http://www.bbc.co.uk/burmese/burma/2011/04/110418_army_network.shtml

According to the BBC/Burmese, the network members units and members are
1. Hi-Gyi Island Navy Base,
2. No. 501 Maw-Bi Air Force Base,
3. Mait-Hti-La Air Force Training Base,
4. Infantry Regiment 6,
5. Light Infantry Regiment 7,
6. Light Infantry Regiment 8,
7. Main Military Ammunitions Storage Base,
8. Main Electronic Engineers Base,
9. Inn-Ma Army Base and
10. Ye-Mon Infantry Regiment 214.

Myo Thein, the Director of the Burma Democratic Concern (BDC) said “We are very glad to learn that patriotic soldiers of Burma are forming the “Patriotic Military Network” which we believe it will be leading towards working with the people so as to get rid of the military dictatorship system in Burma. We sincerely hope that the rest of the soldiers in the Burma military will follow steps joining the Patriotic Military Network.”

Recently on 13 April 2011, an army captain from Ka-La-Ya (91) based in Maw-Bi under the command of the Rangoon Division Military Command has fallen as the result of the shooting from military units outside the regiment which are taking position outside the Ka-La-Ya (91). Please see the report http://www.bbc.co.uk/burmese/burma/2011/04/110415_hmawbishooting.shtml

Soldiers from various military bases including Ka-La-Ya (91) had called for the (4) demands since 28 March 2011 such as
1. To review the constitution
2. To amend the veteran soldiers law and increase the pension
3. To find the solution of the Burma political crisis in political means
4. To re-form the government which gains the support of the public

U Khin Maung Win, the Director of the Burma Democratic Concern (BDC) said “In Burma, it is our general beliefs that if the three sons of Burma are united together and joined hands together, we can bring about the change in Burma. In 1988 and 1996, the students (the sons of the schools) were spear-headed the public and opened the new chapters in Burma. In 2007, the Buddhist monks (the sons of the Lord Buddha) were at the fore-front of the public demanding the change in Burma. Now this time, we genuinely hope that the soldiers (sons of the wars) will take the lead bringing about the peace and prosperity in Burma.”

According to the BBC/Burmese http://www.bbc.co.uk/burmese/burma/2011/04/110414_shootings709.shtml there are reports of the clashes between the combined forces of Ka-La-Ya (709) & (710) and Rangoon Division Special Forces resulting in one sergeant had fallen and 4 injured of which 3 seriously wounded.

U Tint Swe Thiha, the Patron of the Burma Democratic Concern (BDC) said “The Burma soldiers have the good reputation of standing with the public decisively when the time is necessary. When we look at the 1988 mass uprising, the Burma soldiers from army, navy and air-force joined hands together with the public and united together. As the result, General Ne Win led one party authoritarian regime was toppled leading toward holding the election in 1990 in which Daw Aung San Suu Kyi led National League for Democracy (NLD) won the land-slide victory.”

Burma Democratic Concern (BDC) understands that most of the soldiers in the Burma military wanted to serve the people and the nation rather than a bunch of the corrupted dictator generals.

Daw Khin Aye Aye Mar, the Patron of the Burma Democratic Concern (BDC) said “In Burma, Maw-Bi, Taik-Gyi, Min-Gala-Don and Maik-Hti-La constituencies are right to say the military towns since they are mostly hosting soldiers of the military bases. In 1990 election, almost all of the military towns voted for the Daw Aung San Suu Kyi’s Party and elected the NLD MPs. Now, the time is RIGHT again and we honestly hope that patriotic soldiers will take action decisively leading towards national reconciliation in Burma.”

Burma Democratic Concern (BDC) expresses our solidarity with the patriotic soldiers fighting for their rights and we would like to call for all the people of Burma to welcome the brave patriotic soldiers.

For more information please contact

U Myo Thein [United Kingdom]
Phone: 00-44-78 7788 2386, 00-44-208 4939 137

U Khin Maung Win [United States]
Phone: 001-941-961-2622

U Tint Swe Thiha [United States]
Phone: 001-509-582-3261, 001-509-591-84

Daw Khin Aye Aye Mar [United States]
Phone: 001 509 586 8309

“ အညတြသူရဲကောင်းများ”

“ အညတြသူရဲကောင်းများ”

“ အညတြသူရဲကောင်းများ”

( မောင်မောင်ဝမ်း )



“ မင်းတို့ရှိလို့ဘာအကျိုးမြတ်မှမဖြစ်ထွန်းဘူး

မင်းတို့ကိုရှင်းပစ်ဘို့လည်း ငါတို့မှာဘာတခုမှဆုံးရှုံးမသွားဘူး ”

( ပိုပေါ့ - ခမာနီအစိုးရ အကြီးအကဲ- ကဗ္ဘောဒီးယားနိုင်ငံ)



ကျနော် အကျဉ်းထောင်အတွင်းမှာရှိနေစဉ် ပိုပေါ့ အကြောင်းကိုဖတ်ဘူးတယ် ( ခိုးဖတ်ရတာပါ )၊ ပိုပေါ့ဆိုတာ တခါက ကဗ္ဘောဒီးယား နိုင်ငံမှာ အာဏာရခဲ့တဲ့ ကွန်မြူနစ်ပါတီရဲ့အကြီးအကဲ အာဏာရှင်တစ်ယောက်ပေါ့ ၊ ပိုပေါ့ အာဏာရစဉ်ကာလအတွင်း လူသန်းပေါင်းများစွာသေကျေပျက်စီးခဲ့ရတယ် ၊ အထက်ဖော်ပြပါ စကားကတော့ သူပြောခဲ့တဲ့စကားပါသူနဲ့သူ့ပါတီ၊သူ့အစိုးရကိုဆန့်ကျင်သူတွေအပေါ်မှာထားခဲ့တဲ့သဘောထားတခုလည်းဖြစ်ပါ တယ်။ခမာနီတွေအာဏာရစဉ်ကာလတလျှောက်လုံးလူပေါင်းများစွာကိုနှိပ်စက်ခဲ့တယ်၊ဝေလံခေါင်ဖျားတဲ့အရပ်ဒေသတွေပို့ပြီးလယ်ယာမြေတွေထွန်ယက်စိုက်ပျိုးစေခဲ့တယ်၊အထူးသဖြင့်ပညာတတ်နဲ့လူလတ်တန်းစားများအတွက် အဲဒီအချိန်ကာလ ကဗ္ဘောဒီးယားနိုင်ငံကြီးဟာ ငရဲပြည်ကြီးသဖွယ်ဖြစ်စေခဲ့တယ်၊ နောက်ဆုံး အဆုံးသတ်မတော့ ပိုပေါ့ ဟာတောတွင်းတနေရာရဲ့ တဲငယ်လေးတခုပေါ်မှာ ဂရုစိုက်မဲ့သူမရှိပဲ သေဆုံးသွားခဲ့တာပါ၊ နိဂုံးမလှစွာနဲ့ပဲ အဆုံးသတ်သွားရတယ်ဆိုမမှားပါဘူး၊တချိန်ကလျှမ်းလျှမ်းတောက်အာဏာရှင်ကြီးဟာဘ၀ရဲ့နောက်ဆုံးစာမျက် နှာများမှာ အခြွေအရံမရှိ ၊ အာဏာမရှိ ၊လေးစားမဲ့သူမရှိနဲ့ ---ဒါပေမဲ့ ကံကောင်းသွားတဲ့တချက်ကတော့ ပြစ်ဒဏ်စီရင်မခံရပဲသူ့ရောဂါနဲ့သူသေသွားတာကတော့ကံကောင်းတယ်လို့ပြောမယ်ဆိုရင်ပြောလို့ရနိုင်ပါတယ်။အဲဒီအချိန်ကာလတွေက တာဝန်ရှိသူ သက်ရှိထင်ရှား ခမာနီ ခေါင်းဆောင်များကတော့ အခုထိတိုင် အရေးယူခံနေရစဲဖြစ်ပါတယ်။လူတယောက်ရဲ့အသက်ရှင်သန်မူ့ကိုတိရိစ္ဆာန်တကောင်လောက်တောင်တန်ဘိုးမထားပဲ ရက်စက်ခဲ့တဲ့ အာဏာရှင်တွေပါ၊

မြန်မာပြည်သမိုင်းစဉ်တလျှောက် စစ်အာဏာရှင်များဟာလည်း တချိန်က ကဗ္ဘောဒီးရားနိုင်ငံက ခမာနီများထက်မသာရင်တောင်မှ မလျှော့ပါဘူး ၊ မြင်သာတဲ့ သုတ်သင်ရှင်းလင်းမူ့တွေကို ခမာနီတွေလောက် သိသာအောင်မလုပ်တာကလွဲရင် ကျန်တာတွေအတူတူပါပဲ၊ မြန်မာပြည်အကျဉ်းထောင်တွေထဲမှာ၊စစ်မြေပြင်မှာ ၊ လမ်းမတွေပေါ်မှာ ၊ စစ်ကြောရေးစခမ်းများစွာထဲမှာ လူသိတာရော မသိတာရော ဆုံးရှုံးနစ်နာခဲ့ရတဲ့ ၊ ဆုံးရှုံးနစ်နာစဲဖြစ်နေတဲ့ အညတြ မထင်မရှား သူရဲကောင်းတွေဆိုတာ နည်းလားဗျာ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေကြီးမူးပြီး “ အညတြသူရဲကောင်းများဆု ” ကိုဂုဏ်ပြုချီးမြှင့်တော့ ကျနော် အရမ်းဝမ်းသာဂုဏ်ယူမိပါတယ်။ တကယ်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဂုဏ်ပြုချီးမြှင့်ခဲ့တဲ့ ပုဂ္ဂိုများဟာ မြန်မာပြည် စစ်အာဏာရှင်တော်လှန်မူ့သမိုင်းမှာ သိပ်မထင်ရှားပဲပေးဆပ်နေရသူစစ်စစ်တွေပါ ၊ သူတို့ကို ကမ္ဘာကလည်းမသိ၊ ပြည်သူအများစုကလည်းသိပ်မသိပဲ သူတို့ရဲ့ဘ၀တွေကို နှစ်ပေါင်းများစွာ အကျဉ်းစခမ်းထဲမှာပေးဆပ်နေဆဲပါ ၊

အဲဒီထဲက နှစ်ယောက်ကို ကျနော်ကောင်းကောင်းသိပါတယ် ၊ သူတို့ကတော့ ဦးခင်ဝင်း (ဘိုးတော်ခင်ဝင်းနဲ့ ) ၊ ကိုသန်းနိုင်တို့နှစ်ဦးပါ။ ၁၉၈၉ ခုနှစ်လောက်က ကျနော်ကိုဖမ်းပြီး အင်းစိန်ထောင် ၂ တိုက် ( ကြိုးတိုက်)ကိုပို့ထားစဉ်ကာလကပါ ပြောမယ်ဆို ကျနော့်အသက် ၂၀ ကျော်အရွယ် ဘ၀မှာတခါမှ အကျဉ်းထောင်ဆိုတာ မရောက်ဘူး ၊ နံမည်ကျော် စစ်ကြောရေးစခမ်းတွေထဲက တခုဖြစ်တဲ့ ထောက်လှမ်းရေး (၇ ) ရဲ့အထုအထောင်းနှိပ်စက်မူ့များအပြီး ထောင်ထဲစရောက်ကစ အချိန် နောက်တနေ့မှာ လူတယောက်က ကျနော့် အခန်းရှိရာကိုအပြေးလာပြီး အထုတ်လေးတထုတ်လာပစ်ပေးရင်းနဲ့…..

“ကျနော်ခင်ဝင်း..ပါ…ကိုမောင်မောင်ဝမ်း…ခင်ဗျားနဲ့လူချင်းမဆုံဘူးပေမဲ့..နံမည်ကြားဘူးနေတာကြာပါပြီ…ဘာမှ စိတ်အားမငယ်နဲ့…လိုတာရှိလှမ်းပြောလိုက် ကျနော်တတ်နိုင်သလောက်ကူညီမယ်…အိုကေနော် ”ဆိုပြီး စကားကို ကတိုက်ကရိုက်ပြောပြေးထွက်သွားပါတယ်။ အမှန်ပြောရရင် ကျနော်သူ့ကိုမသိပါဘူး ၊ အဲဒီကစပြီး ကိုခင်ဝင်းဆိုတာကျနော်စိတ်ထဲမှာအမှတ်တရဖြစ်နေပါတယ်….နောက်မှသူ့အကြောင်းကို ကျနော်မေးကြည့်တော့ အကြောင်းစုံကိုသိရပါတယ်။ သူပေးခဲ့တဲ့ အထုတ်လေးထဲမှာ ထန်းလျှက် ၄လုံးလောက်ရှိမယ်ထင်တယ် နောက်..ငပိထောင်းလေးနည်းနည်းရယ် ဆေးလိပ် ၁၀ လိပ်လောက်ရယ်ပါ ပါတယ်။ အဲဒီ ပစ္စည်းတွေဟာ တန်ဘိုးမများဘူးထင်ရပေမဲ့ အဖိုးဖြတ်လို့တော့မရနိုင်ပါဘူး ၊ ကိုခင်ဝင်း ဒီလိုလာပေးတာဟာ သိပ်ကို အန္တယာယ်တွေနဲ့ရင်းပြီးလာပေးရတာပါ၊ ကိုခင်ဝင်းက တချိန်က ဗိုလ်ချုပ်ခင်ညွန့် သတင်းစာရှင်းလင်းပွဲမှာ အကြီးအကျယ်ရှင်းလင်းခဲ့တဲ့စာအုပ်နီလိုလူသိများတဲ့(ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ယူဂျီ)မူ့နဲ့အဖမ်းခံနေရစဉ်အချိန်ပါ၊ တယောက်နဲ့ တယောက်စကားပြောဆိုခြင်း ၊ ဆက်ဆံခြင်းမပြုဘို့ ပြင်းပြင်းထံထံ တားမြစ်ထားတဲ့အချိန် ၊ နှိပ်ကွပ်စရာရှိရင် လူမဆန်စွာနှိပ်ကွပ်ခံနေရတဲ့အချိန်တွေမှာ ကျနော့်အခန်းနဲ့ အလှမ်းကွာတဲ့နေရာမှာရှိနေတဲ့ သူ့အခန်းကနေ စွန့်စွန့်စားစားလာပေးတာပါ ၊ ဒါဟာ ရဲဘော်ရဲဘက် ဘယ်လောက်ဆန်သလည်းဆိုတဲ့ အချက်ကိုပြသလိုက်တာပါ ။ အများစုက သူ့ကို ဘိုးတော်လို့ပဲခေါ်ကြပါတယ်၊ ကျနော်သိသလောက်ဆိုရင် စစ်အာဏာရှင်အဆက်ဆက်မှာထောင်အကြိမ်ကြိမ်ကျပေးဆပ်နေရသူတဦးပါ၊သူ့ဘ၀ရဲ့အချိန်တွေတော်တော် များများဟာ အကျဉ်းထောင်အတွင်းမှာပဲများပါတယ်။ ကျနော်နဲ့သူ စက္ကန့်ပိုင်းလေးလောက်ပဲဆုံဖြစ်ခဲ့ကြပေမဲ့ သူ့နှလုံးသား သူ့ယုံကြည်ချက်တွေကိုတော့ ယနေ့ထက်တိုင် အသိမှတ်ပြုလေးစားနေဆဲပါ။



နောက်တစ်ဦးကတော့လက်ရှိမအူပင်ထောင်မှာအကျဉ်းကျခံနေရဆဲတချိန်ကမြေလတ်ကျောင်းသား ခေါင်းဆောင်ဟောင်း တစ်ဦး ဖြစ်ခဲ့တဲ့ ကိုသန်းနိုင်ပါ။ သူနဲ့ကျနော်နဲ့က ၈၈ အရေးတော်ပုံအပြီးမှာ မြေလတ်ကျောင်းသားလူငယ်များညီညွတ်ရေးတပ်ပေါင်းစု(မကညတ)ကိုကိုယ်စားပြုပြီးနိုင်ငံရေးလှုတ်ရှားမူ့များကိုဆောင်ရွက်ခဲ့ဘူးပါတယ်။ အထက်ဗမာပြည်ကျောင်းသားညီလာခံ ၊ မြေလတ်ကျောင်းသားညီလာခံတို့ကစလို့ ရန်ကုန်မှာနိုင်ငံရေးလှုတ်ရှားမူ့များကို ဆိုးတူကောင်းဘက် အငတ်ခံ လှုတ်ရှားခဲ့ဘူးပါတယ်။ သူက တောင်တွင်းကြီးသားပါ ၊ မကွေးကောလိပ်မှာကျောင်းတက်ခဲ့ပါတယ်။ တခါ ထောင်ထဲမှာရောက်တော့လည်း သရက်ထောင်မှာအတူပြန်ဆုံရပြန်ပါတယ်။ သူနဲ့ပတ်သက်လို့မမေ့နိုင်တဲ့ အနိဌာရုံတွေရှိခဲ့ဘူးပါတယ်။ တနေ့ မနက်စောစော ကျနော်က သရက်ထောင် နှစ်တိုက် ထဲမှာ ရှိနေစဉ်ကာလ သူက ဆေးရုံဆောင်လို့ခေါ်တဲ့ နေရာမှာရှိပါတယ်။ အဲဒီနေ့က ဆေးရုံဆောင်မှာ နိုင်ငံရေးအခမ်းနားကျင်းပလို့ဆိုပြီး ထောင်အာဏာပိုင်များက ကိုသန်းနိုင် အပါဝင် ၆ ယောက် ၇ ယောက်လောက်ရှိမယ်ထင်တယ် သူတို့ကို ကျနော်တို့ နှစ်တိုက်ထဲ ထဲ့လိုက်ပါတယ်၊သူတို့ရောက်မလာခင်တိုက်ထဲမှာရှိတဲ့သူတွေအားလုံးကိုတိုက်ရဲ့အ၀င်ပေါက်ကိုကျောပေးပြီးထိုင်ခိုင်းတယ် အဲဒီအချိန်ထိ ကျနော်တို့လည်း ဘာမှန်းမသိသေးဘူး ဒါပေမဲ့ အားလုံးရဲ့စိတ်ထဲကတော့ ပြစ်ဒဏ်တိုက်သွင်းတော့မယ်ဆိုတာ သိနေကြတယ် ၊ နောက် အားလုံးကို ပုံစံတွေပေးသံ ၊ ဆဲဆိုးသံတွေ အဆုံးမတော့ နံပါတ်တုတ်တွေနဲ့ တအုံးအုံးရိုက်သံတွေထွက်လာပါတော့တယ်…အဲဒီမှာ ကျနော်တို့က အသံတွေကို ကျက်မိတယ် ၊ အော်ဟစ်သံ ၊ ငြီးတွားသံ ၊ ပြန်လည်ပြောဆိုသံ ၀န်ထမ်းတွေရဲ့ဆဲဆိုသံ စောင့်ကန်သံတွေကြားမှာ ကိုသန်းနိုင်ရဲ့စကားလုံးမပါပဲနာကျဉ်းဟစ်အော်လိုက်တဲ့ “ ဟား….”ဆိုတဲ့ ရင်ခေါင်းအသံကြီးဟာ ငြိမ်သက်နေတဲ့ ထောင်ကို ဖောက်ခွဲထွက်သွားတယ်….၀န်ထမ်းတွေက သူ့ပါးစပ်ကိုပိတ်လိုက်ပုံရတယ်…နောက်တော့ ၀ူးဝါး ၀ူးဝါး ဆိုပါးစပ်ကို ရုန်းနေသံတွေ…အားလုံးဟာ ….ဘယ်လိုမှ မခံစားနိုင်တဲ့ အနိဌာရုံတွေပါ။ ရိုက်ပြီးတာနဲ့ သူတို့ကို သံခြေကျင်းတွေခြေထောက်မှာခပ်ပါတယ် တခါ ဒေါက်လို့ခေါ်တဲ့တတောင်သာသာလောက်ရှိမဲ့သံချောင်းနဲ့ကန့်လန့်တတ်ထားတယ်။တော်တော်နေရထိုင်ရခက်တဲ့အနေထားပါ။အဆုံးမတော့ တိုက်ခန်းထဲကို နှစ်ယောက်တတွဲ ထဲ့ထားလိုက်တယ်။ မိလ္လာချခွင့်၊ရေချိုးခွင့်မပေးဘူး

တပါတ်ကျော်ကျော်လောက်ကြာမယ်ထင်တယ် အဲဒီအခါကြမှ သူတို့ကို အညစ်အကြေးချခွင့် ရေချိုးခွင့်တွေပေးပါတယ် ၊ ဒါပေမဲ့လည်း ခြေထောက်မှာ သံခြေကျင်းနဲ့အတူ ကန့်လန့်တတ်ထားတဲ့ ဒေါက်က ရှိနေသေးတော့ လမ်းလျှောက်ရတာမှာ တော်တော်ခက်ခက်ခဲခဲ လျှောက်ရတာပါ၊

ဒီလိုနဲ့ထောင်ထဲမှာအတူနေကြရင်းလွတ်မြောက်သွားပြီးကွဲသွားလိုက်တာ..ကျနော်နောက်ဆုံးအကြိမ် ထောင်ထဲကလွတ်လာမှပြန်ဆုံဖြစ်တော့တယ်…၊သူကျနော့်ဇာတိမြို့ကိုရောက်လာတယ်နိုင်ငံရေးလှုတ်ရှားမူ့တွေကို မပြတ်တမ်းလုပ်နေဆဲပဲ စိတ်ဓါတ်ကတော့ မာကျောလျှက်ပဲ ထူးခြားသွားတာက တခေါင်းလုံးနီးပါး ဆံပင်တွေဖြူကုန်ပြီ ၊ စီးပွားရေးအဆင်မပြေတဲ့ အိမ်ထောင်ကိုဦးစီးနေရတယ်။ ကျနော်လည်း အဲဒီအချိန်က ထောင်ထဲကသာလွတ်လာတာသိပ်တော့ကျောမလုံလှဘူးသူ့ကိုလည်းသတိပေးတယ်။ကျနော်ကတော့ဆုံးဖြတ် ပြီးပြီ နောက်တခါဆိုရင်တော့ အဖမ်းမခံနိုင်တော့ဘူး လစ်မယ် ဒါကိုအတိအလင်းပြောထားလိုက်တယ်။ ကျနော် ထိုင်းနိုင်ငံဘက်ထွက်မလာခင်မှာသူကမဖြူဖြူသင်းတို့နဲ့ပေါင်းပြီးအေအိုင်ဒီအက်စ်ကိစ္စတွေအစွမ်းကုန်လိုက် ဆောင်ရွက်နေတာကိုသိရတယ်နောက်တော့ကိုမင်းကိုနိုင်တို့လှုတ်ရှားမူ့ဓါတ်ပုံတွေထဲမှာသူ့ကိုမကြာမကြာတွေ့ နေရတယ်။ရွှေဝါရောင်လှုတ်ရှားမူ့အလွန်မှာတော့သူနောက်ထပ်ထောင်ကျသွားတယ်ဆိုတာကိုကြားလိုက်ရတယ်

၈၈ အရေးတော်ပုံကစလို့သူ့ဘ၀တခုလုံးဟာနိုင်ငံရေးထဲမှာပဲရှိတယ်အကျဉ်းထောင်ထဲမှာနှစ်ရှည်လများ ၊ စစ်ကြောရေးစခမ်းတွေထဲမှာ ပြင်းထံတဲ့နှိပ်စက်မူ့ဒဏ်တွေကို အခုထိခံနေရဆဲပါပဲ။

သူတို့တတွေကိုပေးအပ်ခဲ့တဲ့ “ အညတြ သူရဲကောင်းဆု” ဟာ သိပ်ကိုထိုက်တန်ပါတယ်။ ကျနော် သူတို့အတွက် ၀မ်းမြောက်တယ် ၊ သူတို့လိုပဲ ထောင်ထဲမှာ ၈၈ အရေးတော်ပုံကြီးကနေ ယနေ့အထိ နှစ်ပေါင်း ၂၃ နှစ်တောင်ရှိပြီ အသက်ရှင်နေသေးတဲ့ သံလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုသန်းဇော် ၊ သာယာဝတီ သုံးဆယ်ကသပိတ်ခေါင်းဆောင်ကိုဂျော်လီထွန်းဆိုလည်းပေးဆပ်နေရတဲ့အချိန်ကာလတွေဟာကြောက်စရာ ကောင်းလောက်အောင်လွန်နေပါပြီ ၊ ထောင်ထဲမှာ တရက် တရက်ဖြတ်ဘို့တောင်မလွယ်လှတဲ့ ကာလများမှာ နှစ်ပေါင်း ၂၃ နှစ်နေ နေရတယ်ဆိုတာ သိပ်ရက်စက်လွန်းလှပါတယ်။

သူတို့တတွေဟာလူသိနည်းတဲ့အညတြသူရဲကောင်းစစ်စစ်တွေပါ၊သူတို့ဘ၀တွေသူတို့ယုံကြည်ချက်တွေကိုလူထုလွတ်မြောက်ရေးအတွက်အစတေးခံနေသူတွေပါ၊မြန်မာနှစ်ကူးအချိန်အခါသမယမှာနိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်လာမယ်ဆိုရင် မင်္ဂလာအပေါင်းနဲ့ စတင်ပြည့်စုံစေပါလိမ့်မယ်။ အဲသလိုမဟုတ်ပဲ….“ မင်းတို့ရှိလို့ဘာအကျိုးအမြတ်မှမဖြစ်ထွန်းဘူး..မင်းတို့ကိုရှင်းပစ်ဘို့လည်းငါတို့မှာ ဘာမှဆုံးရှုံးမသွားဘူးဆိုတဲ့ ” ခမာနီခေါင်းဆောင်ဟောင်း ပိုပေါ့ ရဲ့လမ်းစဉ်ကို ဆက်လက်ကျင့်သုံးနေဦးမယ်ဆိုရင်တော့ ပိုပေါ့လိုပဲ ဘ၀နိဂုံး ဇတ်သိမ်းမလှနဲ့ သွားရနိုင်တယ်ဆိုတာကို ပြောကြားရင်း………၊



အားလုံးကိုလေးစားစွာဖြင့်

( မောင်မောင်ဝမ်း )