Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Tuesday, 11 January 2011

အမတ်များ အဂတိလိုက်စားလျှင် အရေးယူရန် ကြံ့ဖွံ့ ဆုံးဖြတ်

ကျော်ခ | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၀၆ ရက် ၂၀၁၁
ချင်းမိုင် (မဇ္ဈိမ) ။ ။ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်အမတ်များ အဂတိ လိုက်စားမှု၊ အပျော်အပါး လိုက်စားမှု ရှိလျှင် အရေးယူရန် ယခုလ ၂-၃ ရက်နေ့များတွင် နေပြည်တော်၌ ကျင်းပခဲ့သည့် ပါတီထိပ်တန်းခေါင်းဆောင်များ အစည်းအဝေးက ဆုံးဖြတ်လိုက်သည်။ကြံ့ဖွံ့အမတ်များ အဂတိ လိုက်စားမှုနှင့် အပျော်အပါး လိုက်စားမှု ရှိနေကြောင်း တိုင်စာများ ရရှိပြီးနောက် ပါတီဗဟိုက ၎င်းတို့ကို စိစစ်ကာ ဟုတ်မှန်လျှင် အရေးယူရန် ဗဟိုအလုပ်အမှုဆောင်ဝင်များနှင့် အမတ်များ စုစုပေါင်း ၃ဝဝ ကျော် တက်ရောက်ခဲ့သည့် အစည်းအဝေးက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ “ဒီလိုတိုင်စာတွေ တက်လာတာ ကိုယ့်ဘက်က အားနည်းချက်တွေ ရှိလို့သာလျှင် ပစ်စာနဲ့ တိုင်စာတွေ တက်တာ။ ဒါတွေကို ဖော်ထုတ်အရေးယူမယ်။ ပြီးလို့ရှိရင် ပါတီကိုယ်စားလှယ်အဖြစ်ကနေ ဖယ်ရှားမယ်ပေါ့ဗျာ၊ ဒီလိုတော့ ပါတယ်” ဟု အစည်းအဝေး တက်ခဲ့သူ ပါတီဝင်တဦးက မဇ္ဈိမကို ပြောသည်။ ယခုအစည်းအဝေးက လွှတ်တော်တွင် တင်ပြရန် လိုအပ်သည့် အချက်အလက်များကို ကြိုတင်ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

အရက်ကြိုက်လျှင် မိမိနေအိမ်၌သာ ဝယ်ယူသုံးစွဲရန်နှင့် အနှိပ်ခန်းသွားခြင်း၊ စားသောက်ဆိုင်တွင် ပျော်ပါးသောက်စားခြင်း၊ ညစ်ညမ်းဗီဒီယို ကြည့်ရှုခြင်း၊ ငွေကြေးအရှုပ်အရှင်း အဂတိလိုက်စားခြင်းများကို ရှောင်ကြဉ်ရန် ဆုံးဖြတ်ခဲ့သည်။ ရွေးကောက်ပွဲနောက်ပိုင်း ရန်ကုန်တိုင်းရှိ ကြံ့ဖွံ့ပါတီ အမတ်များနှင့် ပါတီဝင်များကို မြို့ခံလူထုက တိုင်စာနှင့် ပစ်စာများဖြင့် အများဆုံး တိုင်တန်းခံရကာ၊ စားသောက်ဆိုင်၊ ကာရာအိုကေနှင့် အနှိပ်ခန်းများ၌ ပျော်ပါးသည့် အကြောင်းများ ပါရှိကြောင်း ရန်ကုန်တိုင်း ပါတီဝင်တဦးက မဇ္ဈိမကို ပြောသည်။ “ပြည်ခိုင်ဖြိုး (ကြံ့ဖွံ့) ပါတီအမတ်တွေက အနှိပ်ခန်းမှာ၊ KTV မှာ ငွေသုံးတယ်၊ ပျော်ပါးတယ်ဆိုပြီး ရပ်ကွက်ထဲက နာမည်နဲ့တကွ တိုင်စာမျိုးတွေ တက်တယ်။ တချို့ကလည်း နာမည်မပါဘဲနဲ့ ပြည်ချစ်သားတို့၊ မြို့စောင့်နတ်တို့လို နာမည်တွေနဲ့ တက်လာတာတွေ ရှိတယ်” ဟု သူက ဆိုသည်။ ကြံ့ဖွံ့ပါတီဝင်များသည် သာမန်လူများထက် အာဏာပါဝါရှိပြီး ငွေကြေးသုံးစွဲပျော်ပါးခွင့်များ ရှိနေသည်ဟု ရန်ကုန်ရှိ ကားပွဲစားတဦးက ပြောသည်။

“ဒီမှာက သူတို့က ဘုရင်ပဲ။ ကန်တော်ကြီးစောင်းက ပါဝါလိုက် စားသောက်ဆိုင် သီးသန့်ခန်းတွေမှာ လာလာထိုင်ပြီး ပန်းကုံးတွေ စွပ်တယ်။ တခြားဧည့်သည်တွေနဲ့ကို ၇-၈ သိန်းဖိုး အပြိုင်စွပ်ကြတာတွေ ရှိတယ်” ဟု သူက ဆိုသည်။လွှတ်တော်သုံးရပ်ပေါင်းတွင် မဲဆန္ဒနယ် ၁,၁၅၄ အနက် ကြံ့ဖွံ့က ၈၈၂ နေရာ (၇၆.၅ ရာခိုင်နှုန်း) ဖြင့် ကြံ့ဖွံ့က အနိုင်ရခဲ့သည်။ သို့သော် ယခုထိ မဲမသမာမှုများ ရှိနေသဖြင့် ပြိုင်ဘက်ပါတီများ၏ တိုင်တန်းခြင်းကို ရင်ဆိုင်နေရဆဲ ဖြစ်သည်။ လက်ရှိအာဏာရ စစ်အစိုးရ၏ ကျောထောက်နောက်ခံ ရရှိထားသည့် ကြံ့ဖွံ့ပါတီသည် ယင်းသို့ မဲပြဿနာများ ရှိနေသော်လည်း ဥပဒေကို ဂရုမစိုက်ဘဲ ကျော်ဖြတ်သွားဖွယ်ရှိကြောင်း အတိုက်အခံများနှင့် နိုင်ငံရေး အကဲခတ်များက ယူဆနေထားသည်။ ကြံ့ဖွံ့သည် ၁၉၉၃ ခုနှစ်မှစ၍ ၁၇ နှစ်ကြာ လူမှုရေးအသင်းအဖြစ် စစ်အစိုးရက ထူထောင်ခဲ့ပြီး ရွေးကောက်ပွဲ မတိုင်ခင် ပါတီအဖြစ် အသွင်ပြောင်းခဲ့သည်။

အမတ်များ အဂတိလိုက်စားလျှင် အရေးယူရန် ကြံ့ဖွံ့ ဆုံးဖြတ်

ကျော်ခ | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၀၆ ရက် ၂၀၁၁
ချင်းမိုင် (မဇ္ဈိမ) ။ ။ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်အမတ်များ အဂတိ လိုက်စားမှု၊ အပျော်အပါး လိုက်စားမှု ရှိလျှင် အရေးယူရန် ယခုလ ၂-၃ ရက်နေ့များတွင် နေပြည်တော်၌ ကျင်းပခဲ့သည့် ပါတီထိပ်တန်းခေါင်းဆောင်များ အစည်းအဝေးက ဆုံးဖြတ်လိုက်သည်။ကြံ့ဖွံ့အမတ်များ အဂတိ လိုက်စားမှုနှင့် အပျော်အပါး လိုက်စားမှု ရှိနေကြောင်း တိုင်စာများ ရရှိပြီးနောက် ပါတီဗဟိုက ၎င်းတို့ကို စိစစ်ကာ ဟုတ်မှန်လျှင် အရေးယူရန် ဗဟိုအလုပ်အမှုဆောင်ဝင်များနှင့် အမတ်များ စုစုပေါင်း ၃ဝဝ ကျော် တက်ရောက်ခဲ့သည့် အစည်းအဝေးက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ “ဒီလိုတိုင်စာတွေ တက်လာတာ ကိုယ့်ဘက်က အားနည်းချက်တွေ ရှိလို့သာလျှင် ပစ်စာနဲ့ တိုင်စာတွေ တက်တာ။ ဒါတွေကို ဖော်ထုတ်အရေးယူမယ်။ ပြီးလို့ရှိရင် ပါတီကိုယ်စားလှယ်အဖြစ်ကနေ ဖယ်ရှားမယ်ပေါ့ဗျာ၊ ဒီလိုတော့ ပါတယ်” ဟု အစည်းအဝေး တက်ခဲ့သူ ပါတီဝင်တဦးက မဇ္ဈိမကို ပြောသည်။ ယခုအစည်းအဝေးက လွှတ်တော်တွင် တင်ပြရန် လိုအပ်သည့် အချက်အလက်များကို ကြိုတင်ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

အရက်ကြိုက်လျှင် မိမိနေအိမ်၌သာ ဝယ်ယူသုံးစွဲရန်နှင့် အနှိပ်ခန်းသွားခြင်း၊ စားသောက်ဆိုင်တွင် ပျော်ပါးသောက်စားခြင်း၊ ညစ်ညမ်းဗီဒီယို ကြည့်ရှုခြင်း၊ ငွေကြေးအရှုပ်အရှင်း အဂတိလိုက်စားခြင်းများကို ရှောင်ကြဉ်ရန် ဆုံးဖြတ်ခဲ့သည်။ ရွေးကောက်ပွဲနောက်ပိုင်း ရန်ကုန်တိုင်းရှိ ကြံ့ဖွံ့ပါတီ အမတ်များနှင့် ပါတီဝင်များကို မြို့ခံလူထုက တိုင်စာနှင့် ပစ်စာများဖြင့် အများဆုံး တိုင်တန်းခံရကာ၊ စားသောက်ဆိုင်၊ ကာရာအိုကေနှင့် အနှိပ်ခန်းများ၌ ပျော်ပါးသည့် အကြောင်းများ ပါရှိကြောင်း ရန်ကုန်တိုင်း ပါတီဝင်တဦးက မဇ္ဈိမကို ပြောသည်။ “ပြည်ခိုင်ဖြိုး (ကြံ့ဖွံ့) ပါတီအမတ်တွေက အနှိပ်ခန်းမှာ၊ KTV မှာ ငွေသုံးတယ်၊ ပျော်ပါးတယ်ဆိုပြီး ရပ်ကွက်ထဲက နာမည်နဲ့တကွ တိုင်စာမျိုးတွေ တက်တယ်။ တချို့ကလည်း နာမည်မပါဘဲနဲ့ ပြည်ချစ်သားတို့၊ မြို့စောင့်နတ်တို့လို နာမည်တွေနဲ့ တက်လာတာတွေ ရှိတယ်” ဟု သူက ဆိုသည်။ ကြံ့ဖွံ့ပါတီဝင်များသည် သာမန်လူများထက် အာဏာပါဝါရှိပြီး ငွေကြေးသုံးစွဲပျော်ပါးခွင့်များ ရှိနေသည်ဟု ရန်ကုန်ရှိ ကားပွဲစားတဦးက ပြောသည်။

“ဒီမှာက သူတို့က ဘုရင်ပဲ။ ကန်တော်ကြီးစောင်းက ပါဝါလိုက် စားသောက်ဆိုင် သီးသန့်ခန်းတွေမှာ လာလာထိုင်ပြီး ပန်းကုံးတွေ စွပ်တယ်။ တခြားဧည့်သည်တွေနဲ့ကို ၇-၈ သိန်းဖိုး အပြိုင်စွပ်ကြတာတွေ ရှိတယ်” ဟု သူက ဆိုသည်။လွှတ်တော်သုံးရပ်ပေါင်းတွင် မဲဆန္ဒနယ် ၁,၁၅၄ အနက် ကြံ့ဖွံ့က ၈၈၂ နေရာ (၇၆.၅ ရာခိုင်နှုန်း) ဖြင့် ကြံ့ဖွံ့က အနိုင်ရခဲ့သည်။ သို့သော် ယခုထိ မဲမသမာမှုများ ရှိနေသဖြင့် ပြိုင်ဘက်ပါတီများ၏ တိုင်တန်းခြင်းကို ရင်ဆိုင်နေရဆဲ ဖြစ်သည်။ လက်ရှိအာဏာရ စစ်အစိုးရ၏ ကျောထောက်နောက်ခံ ရရှိထားသည့် ကြံ့ဖွံ့ပါတီသည် ယင်းသို့ မဲပြဿနာများ ရှိနေသော်လည်း ဥပဒေကို ဂရုမစိုက်ဘဲ ကျော်ဖြတ်သွားဖွယ်ရှိကြောင်း အတိုက်အခံများနှင့် နိုင်ငံရေး အကဲခတ်များက ယူဆနေထားသည်။ ကြံ့ဖွံ့သည် ၁၉၉၃ ခုနှစ်မှစ၍ ၁၇ နှစ်ကြာ လူမှုရေးအသင်းအဖြစ် စစ်အစိုးရက ထူထောင်ခဲ့ပြီး ရွေးကောက်ပွဲ မတိုင်ခင် ပါတီအဖြစ် အသွင်ပြောင်းခဲ့သည်။

ဘွဲ့တံဆိပ်ဖြင့် နအဖ ဘာသာရေး သြဇာယူ

မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၀၅ ရက် ၂၀၁၁
နယူးဒေလီ(မဇ္ဈိမ) ။ ။ စစ်အစိုးရက သံဃာတော်များနှင့် လူပုဂ္ဂိုလ်များကို ဘွဲ့တံဆိပ်များ ချီးမြှင့်နေခြင်းမှာ နိုင်ငံရေးအရ အကျိုးအမြတ် ရှာနေခြင်းဖြစ်ကြောင်း အိန္ဒိယနိုင်ငံ နယူးဒေလီရှိ ရွှေဝါရောင်ကျောင်းတိုက် ဆရာတော် ဦးပညာဇောတက မိန့်ကြားလိုက်သည်။အထူးသဖြင့် သံဃာ့အသိုင်းအဝိုင်းတွင် သြဇာကြီးသည့် ဆရာတော်များကို ယင်းသို့ ဘွဲ့တံဆိပ်ချီးမြင့်ခြင်းသည် ၂ဝဝ၇ ခုနှစ် သံဃာ့အရေးအခင်းတွင် ကျရှုံးခဲ့သည့် ဘာသာရေးသြဇာကို ပြန်လည် အဖတ်ဆည်ရန် ကြိုးစားခြင်းဖြစ်ကြောင်း ဆရာတော်က မိန့်ကြားခြင်း ဖြစ်သည်။

ဤသည်မှာ ယမန်နေ့ထုတ် စစ်အစိုးရပိုင် သတင်းစာများ၌Buddha-f ဗုဒ္ဓသာသနာပြု ဆရာတော် သီလရှင်များနှင့် လူပုဂ္ဂိုလ်များကို ဘွဲ့တံဆိပ် ဆက်ကပ်ချီးမြှင့်သည့် အမိန့်ကြေညာစာ အမှတ် ၁/၂ဝ၁၁ အပေါ် ဦးပညာဇောတက တုံ့ပြန်ဝေဖန်ခြင်းလည်း ဖြစ်သည်။ ကြေညာစာတွင် ဘာသာရေးအရ အမြင့်ဆုံး အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ကို မန္တလေး သံဃာ့မဟာနာယက ဥက္ကဋ္ဌ ဗန်းမော်တိုက် ဆရာတော် ဒေါက်တာကုမာရာဘိဝံသနှင့် မဟာဝိဇိတာရုံဆရာတော် ဥုးဝိစာရိန္ဒာဘိဝံသ (ရွှေကျင်) တို့ကို ဆပ်ကပ်ချီးမြှင့်ကြောင်း ပါရှိသည်။

“ဆရာတော်ကြီးတွေကို သံဃာထုက လေးစားမှုရှိပါတယ်။ ဥုးဝိစာရိန္ဒာဘိဝံသက ရွှေကျင်သာသနာမှာ အလေးအမြတ်ပြုရတဲ့ ဆရာတော်ကြီး၊ ဦးကုမာရာဘိဝံသက ဂိုဏ်းပေါင်းစုံဘက်မှာ အလေးထားရတဲ့ ဆရာတော်ကြီးလေ။ ဆိုတော့ ဒီအချိန်မှာ ဆွဲသုံးတာ သူတို့ ၂ဝဝ၇ က ကျသွားတဲ့ သြဇာကို ပြန်ကောက်တင်တဲ့ သဘောပေါ့” ဟု ဦးပညာဇောတက မိန့်သည်။ ဆရာတော်သည် ၂ဝဝ၇ ခုနှစ် စက်တင်ဘာလ သံဃာ့လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီးနောက် နောက်ပိုင်းတွင် အိန္ဒိယသို့ တိမ်းရှောင်လာကာ သီတင်းသုံးနေသူ ဖြစ်သည်။

သံဃာတော်များတွင် အမြင့်ဆုံးဖြစ်သည့် အဆိုပါ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့မှာ ဖဆပလခေတ် ဆဋ္ဌသင်္ဂါယနာ မတင်မီအချိန်မှစ၍ တီထွင်ဆက်ကပ်ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် အဂ္ဂမဟာပဏ္ဍိတဘွဲ့ကို ကိုလိုနီခေတ် ၁၉၁ဝ ကျော်ကစကာ ဆရာတော်များနှင့် လူပြန်တော် ပညာရှိများကို မန္တလေးသုဓမ္မာဇရပ်တွင် ဒုတိယဘုရင်ခံက ဆက်ကပ်ခဲ့သည်။ လယ်တီဆရာတော်၊ မန်လည်ဆရာတော်၊ ပိဋကတ်ဘာသာပြန် ဆရာမြို့၊ ရန်ကုန်တက္ကသိုလ် မြန်မာစာနည်းပြ ဒေါက်တာဆရာလင်း စသည့် ထင်ရှားသော ဆရာတော်များ၊ လူပုဂ္ဂိုလ်များ ရရှိခဲ့ဖူးသည်။လွတ်လပ်ရေးရပြီးနောက် အမရပူရ မဟာဂန္ဓာရုံဆရာတော် ဥုးဇနကာဘိဝံသမှစပြီး ဆက်လက်ချီးမြှင့်ခဲ့ရာ ၁၉၆၂ ခုနှစ် အာဏာရှင်ဟောင်း ဦးနေဝင်း နိုင်ငံတော်အာဏာ သိမ်းသည်အထိဖြစ်သည်။

စစ်အာဏာသိမ်း အစိုးရခေတ်တွင် ဦးနု၏ ဘာသာရေးရှေ့တန်းတင်မှုကို ဆန့်ကျင်သည့်အနေဖြင့် နှစ်အတော်ကြာ ဘွဲ့တံဆိပ်မပေးခဲ့ဘဲ ၁၉၈ဝ ရောက်မှ ဂိုဏ်းပေါင်းစုံ သံဃာ့ညီညွတ်ရေးဆိုကာ သံဃာ့မဟာနာယကအဖွဲ့ ဖွဲ့စည်း၍ သံဃာထုကို ထိန်းချုပ်ပြီးနောက်မှ ပြန်လည်ချီးမြှင့်ခဲ့သည်။ ၁၉၉ဝ ခုနှစ်ကျော် နဝတ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့) လက်ထက်တွင် ဘွဲ့တံဆိပ်များ တိုးချဲ့ကာ သာသနာပြုများ၊ တရားပြ ဆရာများ၊ ကုသိုလ်ရှင်များကိုပါ ချီးမြှင့်ခဲ့သည်။ ရှေးမြန်မာမင်းများ၏ ဘုရင်နှင့် သာသနာအကြား အပြန်အလှန်ချီးမြှင့် အသိအမှတ်ပြုသည့်သဘော၊ ရာဇဂုရုဘွဲ့များ ဆက်ကပ်ခဲ့သည့် အစဉ်အလာကို ဆက်ခံကျင့်သုံးသည့် အသွင်ယူခဲ့သည်။ဘွဲ့တံဆိပ်များ ချီးမြှင့်ရာတွင် လာဘ်ပေးလာဘ်ယူကိစ္စများမကင်းဟု ပြောဆိုခံရသည်မှာ ကိုလိုနီခေတ် ကတည်းက ဖြစ်သလို ဘာသာပေါင်းစုံ ကိုးကွယ်သည့် တိုင်းပြည်တွင် ဗုဒ္ဓဘာသာတခုတည်းကို အစိုးရက ဘွဲ့နှင်းချီးမြှင့်နေသည်မှာ မမျှတဟု ဝေဖန်မှုများလည်း ရှိသည်။

“သူတို့ ဒီဆရာတော်ကြီးတွေကို အခုလို ပေးခြင်းအားဖြင့် ဦးဇင်းတို့ သာသနာအတွက် အားကိုးရမလားရယ်လို့တော့ အလားအလာ မရှိဘူးလို့ ထင်တယ်။ ဒါ သာသနာတော်ရဲ့ လုံခြုံမှုပိုင်း၊ သံဃာငယ်တွေရဲ့ လုံခြုံမှုပိုင်းကို အာမခံပေးနိုင်မယ်လို့ မထင်ပါဘူး” ဟု ရွှေဝါရောင်ကျောင်းတိုက် ဆရာတော် ဦးပညာဇောတက ဆိုသည်။
ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်များနှင့် အခြားဘွဲ့များ ပေးအပ်သည့် ကြေညာစာကို ယမန်နေ့ထုတ် သတင်းစာတွင် ထုတ်ပြန်ခဲ့သော်လည်း အစိုးရဝက်ဆိုက်များ၌ မတွေ့ရသေးပေ။အမိန့်ကြေညာချက်ထဲတွင် အခြားဘွဲ့များအဖြစ် အဂ္ဂမဟာ သီရိသုဓမ္မ မဏိဇောတဓရဘွဲ့ကို မေမြို့စာပန်းအိမ် ဘော်ဒါမှ ဒေါက်တာကျော်စောနှင့် ကံ့ကော်ရွှေပြည်မှ ဒေါက်တာသန်းထွန်း၊ သုဓမ္မသိင်္ဂီဘွဲ့ကို မန္တလေးမှ မျက်စိအထူးကု ဒေါက်တာကိုလေး၏ သမီး ဒေါ်စံပယ်ကိုလေးကို ပေးကြောင်း ပါရှိသည်။
ပြီးခဲ့သည့်နှစ်တွင် ဖဆပလခေတ် ဘွဲ့ဟောင်းများကို ပြန်လည်ချီးမြှင့်စဉ်က ဦးတေဇ၊ ဦးဇော်ဇော် စသည့် စီးပွားရေး လုပ်ငန်းရှင်များနှင့် တိုင်းမှူးများကို သီရိပျံချီဘွဲ့များ ပေးခဲ့သည်ကို စစ်အစိုးရဝဘ်ဆိုဒ်က ခြွင်းချန်ထားခဲ့သည်။ (မျိုးသိဏ်း တည်းဖြတ်သည်။)

ပြည်သူ့လွှတ်တော်ကို ယခုလလယ်တွင် ခေါ်မည်ဟု ဦးခင်ရွှေ ပြော

ကိုဝိုင်း | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၀၅ ရက် ၂၀၁၁
ချင်းမိုင် (မဇ္ဈိမ) ။ ။ ၁၉၈၈ ခုနှစ်နောက်ပိုင်း ပထမဆုံး ပြည်သူ့လွှတ်တော်ကို ယခုလလယ်တွင် ခေါ်ယူရန်ရှိသည်ဟု အမတ်နေရာ အများဆုံးရသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမျိုးသားလွှတ်တော်အမတ် ဦးခင်ရွှေက ခန့်မှန်းပြောဆိုသည်။“ဒီလ ၁၄ ရက်နေ့လောက် ပြည်သူ့လွှတ်တော် စမှာပါ။ တရားဝင်စာတော့ မထွက်သေးဘူး။ စပြီးရင် ၇ ရက်ဆိုရင် အမျိုးသားလွှတ်တော်။ ပြီးရင် ပြည်ထောင်စုလွှတ်တော်” ဟု ဇေကမ္ဘာကုမ္ပဏီ ပိုင်ရှင်လည်းဖြစ်သူ ဦးခင်ရွှေက မဇ္ဈိမကို ပြောသည်။၂ဝဝ၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေထဲတွင် ပြည်သူ့လွှတ်တော် စတင်ပြီး တပတ်အတွင်း အမျိုးသား လွှတ်တော်ကို ခေါ်ယူရမည်ဟု ပြဋ္ဌာန်းထားသည်။ ထို့နောက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း၍ ၁၅ ရက်အတွင်း ပြည်ထောင်စု လွှတ်တော်ကို ကျင်းပရမည်ဟုလည်း ပါရှိသည်။

ဦးခင်ရွှေသည် အငြင်းပွားဖွယ် နိုဝင်ဘာ ရွေးကောက်ပွဲ၌ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ် ၃ ခု ပါ ရန်ကုန်တိုင်း မဲဆန္ဒနယ် အမှတ် ၉ မှ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ခေတ်သစ် ပြည်သူ့ပါတီနှင့် ကရင်ပြည်သူ့ပါတီတို့ကို မဲ ၁၇၃၂ဝ၈ ဖြင့် နိုင်သည်ဟု ကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည်။
“နိုင်ငံတော်” က တာဝန်ပေးသဖြင့် ဝင်အရွေးခံရသည်ဟု ဆိုခဲ့သည့် ဦးခင်ရွှေက အစိုးရဖွဲ့မည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနှင့် ပူးပေါင်းမှသာ သက်ဆိုင်ရာဒေသများ ဖွံ့ဖြိုးနိုင်မည်ဟုလည်း ပြောဆိုခဲ့သူ ဖြစ်သည်။ အသစ်တက်လာမည့် အစိုးရသက်တမ်း ၅ နှစ်အတွင်း သူ၏ ဖွံ့ဖြိုးရေးနှင့် စီးပွားရေးလုပ်ငန်း စီမံကိန်းအနေဖြင့် သူ၏ မဲဆန္ဒနယ် မြို့နယ် ၃ ခု အပါအဝင် ဒလ၊ ဒေးဒရဲ မြို့နယ်များသို့ ရန်ကုန်နှင့် ဆက်သွယ်ထားသော လက်ရှိ ကားလမ်းကို နှစ်လမ်းသွားအဖြစ် ပြုပြင်ဖောက်လုပ်ရန်လည်း လုပ်ငန်းများ စတင်နေပြီဟု သူက ပြောသည်။

စစ်အစိုးရ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ယခင် တာဝန်ပေးထားသော Crown Wire ကုမ္ပဏီထံမှ လုပ်ငန်းများကို လွှဲပြောင်းယူမည်ဖြစ်ပြီး၊ လတ်တလော ဆောက်လုပ်ရေးအတွက် လိုအပ်သည့် ယန္တယားနှင့် ပစ္စည်းများ စုဆောင်းနေသည်ဟု ဆိုသည်။“လောလောဆယ် စာချုပ်ချုပ်ပြီး မုပ္ပလင်ကျောက်တွေ သယ်နေပြီ။ ကတ္တရာတွေ သယ်ပြီ။ ယန္တယားတွေမှာဖို့ လုပ်နေပါပြီ။ လမ်းက အပေါက်တွေကို ဖာမယ်။ ဘေးကို တဖက်ကို ၃ ပေ၊ ၄ ပေလောက် ချဲ့မယ်။ အခုက တစီးသွားရင် တစီးက စောင့်နေရတယ်။ မိုးမရောက်ခင်မှာတော့ အပြီး လမ်းချောအောင် လုပ်ရမယ်” ဟု သူက ပြောသည်။ ယင်းလမ်းပြင်ဆင် ဖောက်လုပ်မှုအတွက် ကျပ်သိန်း တသောင်းနှင့် နှစ်သောင်းအကြား ကုန်မည်ဟု ခန့်မှန်းထားပြီး လမ်းပြင်ဆင်နေစဉ် လမ်းခွန်ကောက်မည် မဟုတ်ပဲ လမ်းပြီးစီးသွားမှသာ သတ်မှတ်နှုန်းအတိုင်း “နှစ်ပေါင်းများစွာ” ကောက်မည်ဟုလည်း ဆိုသည်။

၎င်းတို့ပါတီ ဥက္ကဋ္ဌဖြစ်သူ ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် အတွင်းရေးမှူး စိုက်ပျိုးရေးဝန်ကြီး ဦးဋ္ဌေးဦးတို့က နိုင်ငံတဝှန်းရှိ အနိုင်ရ ကြံ့ဖွံ့ကိုယ်စားလှယ်များကို ပြီးခဲ့သည့်လ ၂၁-၂၂ ရက်နေ့များ၌ နေပြည်တော်သို့ ခေါ်ယူ၍ ပါတီ ပိုမို ကျစ်လစ်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များအတွက် ဆွေးနွေးခဲ့ပြီးဖြစ်သည်။ကြံဖွံ့ပါတီက တနိုင်ငံလုံးတွင် ၇၄ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရပြီး အစိုးရဖွဲ့မည်ဟု ဦးခင်ရွှေက ပြောဆိုနေသော်လည်း ရွေးကောက်ပွဲ၌ မဲမသာမှုများ ရှိနေကြောင်း လတ်တလော ကြံ့ဖွံ့ပါတီနှင့် ပြိုင်ဘက် အမတ်များအကြား အပြန်အလှန် တရားစွဲဆိုမှုများက သက်သေပြနေသည်။ဦးခင်ရွှေက ပြည်သူ့လွှတ်တော်ကို ယခုလလယ်ပိုင်းတွင် ခေါ်ယူဖွယ်ရှိသည်ဟု ဆိုသော်လည်း ဒုတိယ အမတ်နေရာ အများဆုံး အနိုင်ရ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီကမူ ယခုလ တတိယ သို့မဟုတ် စတုတ္တပတ်လောက်ကို ခန့်မှန်းထားကြောင်း ပြီးခဲ့သည့် လအတွင်းက မဇ္ဈိမကို ပြောဆိုခဲ့ဖူးသည်။

အမေ့ကျေးဇူး&ဘွဲ့တံဆိပ်ဖြင့် နအဖဘာသာရေး သြဇာယူ&အမတ်များ အဂတိလိုက်စားလျှင် အရေးယူရန် ကြံ့ဖွံ့ & ဒေါ်အောင်ဆန်းစုကြည်၏ ၆၃ နှစ်မြောက်လွတ်လပ်ရေးနေ့(၄-၁-၂၀၁၁)

၁.၁.၂၀၁၁ ရက်နေ့ က အမေဒေါ်အောင်ဆန်းစုကြည်ရေးဆွဲပေးသွားသည့်ဆီဆေးပန်းချီကားကို ယနေ့ တိုင်ခံစားကြည့်ရှုရင်းနှင့်ပေါ်ပေါက်လာသော ကျွန်တော်ရဲ့ နှလုံးသားထဲမှစကားလုံးများ......( ကျော်သူ )

1. ကြွက်နှင့် ဂီရီဘေး ချင်းအမျိုးသားပါတီ ဆွေးနွေးမည်
2. မဲပေးခွင့် အချိုးဖောက်ခံရဆုံးဟု HRDP ပြော
3. အမတ်များ အဂတိလိုက်စားလျှင် အရေးယူရန် ကြံ့ဖွံ့ ဆုံးဖြတ်
4. ရွှေ့ပြောင်းများထံ ငွေကောက်မည့် ထိုင်းအစီအစဉ် တနှစ်ဆိုင်း
5. ပြည်သူ့လွှတ်တော်ကို ယခုလလယ်တွင် ခေါ်မည်ဟု ဦးခင်ရွှေ ပြော
6. ညီညွတ်ရေး လိုအပ်ဟု ဒဂုန်တာရာ နှစ်သစ်ကူးစကား ပြော
7. ဘွဲ့တံဆိပ်ဖြင့် နအဖ ဘာသာရေး သြဇာယူ
8. အမတ်များ အဂတိလိုက်စားလျှင် အရေးယူရန် ကြံ့ဖွံ့ ဆုံးဖြတ်
9. ရှေ့နေကွန်ယက်ဖွဲ့ရေး မုံရွာရှေ့နေများ သဘောတူ
10. ဥပဒေဖြင့် ကြပ်မတ်သင့်ဟု သဘာဝ ပတ်ဝန်းကျင် ပညာရှင် ပြော
11. မြန်မာလုပ်သားများ ဆန္ဒပြ၊ ထိုင်းအလုပ်ရှင် လိုက်လျော
12. ကြံ့ဖွံ့ ထိပ်တန်းအစည်းအဝေး ကျင်းပမည်
13. အသင်းအဖွဲ့ ဥပဒေပြင်ရန်နှင့် တွေ့ဆုံဆွေးနွေးရန် ဗိုလ်ချုပ်မှူးကြီးထံ တောင်းဆို
14. ၉ လေးလုံး ဆရာတော် ဦးနေမိန္ဒ ပျံလွန်တော်မူ

Monday, 10 January 2011

Dear Friends,

Happy New Year to you all. We would like to inform you that "National Youth Network" is Founded in Burma under "The Guidance and Leadership of People's Leader Daw Aung San Suu Kyi".

Please see the National Youth Network's statement in full in English below.

National Youth Network

Statement 1/2011

Youths, from civil society organizations, political parties, ethnic youths, worker youths, farmer youths have all decided to form a nationwide network, having met with Daw Aung San Suu Kyi on the 28th December 2010 . And thus, National Youth Network, which represents all youths in Myanmar, was formed in accordance with the Leadership and guide line of Daw Aung San Suu Kyi.

National Youth Network, formed under the guidance and leadership of Democratic Leader and people leader Daw Aung San Suu Kyi, will work for flourishing of Democracy and Development as instructed and guided by Daw Aung San Suu Kyi, National Youth Network will enthusiastically take part in the state building process by doing social, development, environmental and humanitarian works.

Any youth or any organization who accepts the guidance and leadership of people leader and democratic leader Daw Aung San Suu Kyi is automatically regarded as a member of National Youth Network. National Youth Network will work with the best of our ability for National Reconciliation as Daw Aung San Suu Kyi had set National reconciliation as a national mission.

National youth network was conceived on the 1st of January 2011, put into form on the 4th of January 2011 and came into life on 6th of January 2011. To celebrate the birthday of National Youth Network, youths in Yan gon division, Mandalay division, pegu division, Magway Division, Shan State, Rakhine State and Kayin Stae distributed foods to street children, books and stationary to poor students, nursed the aged and do plantation as an action of environmental awareness.

National Youth Network

We had formed

Face book Page- National Youth Network
http://www.facebook.com/pages/National-Youth-Network/145688318819169

Face book Group-National Youth Network
http://www.facebook.com/home.php?sk=group_120388354697897

Contact Mail- nationalyouthnetwork.Burma@gmail.com

Myo Yan Naung Thein's Profile http://www.facebook.com/profile.php?id=100001552318666&sk=wall

Please join at National Youth Network PAGE here athttp://www.facebook.com/pages/National-Youth-Network/145688318819169

and

Please join National Youth Network Face book GROUP here at
http://www.facebook.com/home.php?sk=group_120388354697897

Thank you very much for your unwavering support for the freedom in Burma.

Yours faithfully,

BDC Burma
Burma Democratic Concern (BDC)

PS: They are working inside Burma operating practically on the ground. Please show your utmost support by all means.

Thursday, 6 January 2011

MAI ပိုင်ဆိုင်ရေး ကမ္ဘောဇနှင့် စီဘီဘဏ် အငြင်းပွား

MAI ပိုင်ဆိုင်ရေး ကမ္ဘောဇနှင့် စီဘီဘဏ် အငြင်းပွား
ရန်ပိုင် Thursday, 06 January 2011 19:35
E-mail Print
အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (Myanmar Airways International-MAI) ကို ၀ယ်ယူခဲ့သည့် ကမ္ဘောဇဘဏ်နှင့် သမဝါယမဘဏ် (စီဘီဘဏ်) အပါအဝင် စီးပွားရေး အုပ်စုများအကြား ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အငြင်းပွားမှုများ ဖြစ်ပွားနေသည်။

mm-MAI-11MAI လေကြောင်းလိုင်းကို အစိုးရထံမှ ကမ္ဘောဇဘဏ်၊ စီဘီဘဏ်နှင့် ထွန်းဖောင်ဒေးရှင်း ဘဏ်တို့က အစုရှယ်ယာ အသီးသီး ထည့်ဝင်၍ ယမန်နှစ်က ၀ယ်ယူခဲ့ကြောင်း၊ သို့သော် ကမ္ဘောဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်းက ယခုအခါ ၎င်းတဦးတည်းပိုင် ပြုလုပ်လိုသည်ဟု ပြောကြားသည့်အတွက် အငြင်းပွားမှု ဖြစ်ပွားခြင်းဖြစ်ကြောင်း စီဘီဘဏ်နှင့် နီးစပ်သည့် အမည်မဖော်လိုသူ စီးပွားရေး လုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။

“ကမ္ဘောဇဘဏ်က အဓိကရှယ်ယာ ပါတယ်။ စီဘီဘဏ်က ဒုတိယအများဆုံး။ အခု ပြည်တွင်းလေကြောင်းလိုင်း အသစ်ပြေးဆွဲခွင့်ပါ ထပ်ချပေးတော့ ဦးအောင်ကိုဝင်းက သူတယောက်တည်း လုပ်မယ်ဆိုပြီး ရှယ်ယာတွေကို ပြန်အမ်းဖို့လုပ်တာ” ဟု ၎င်းက ဆိုသည်။

ကမ္ဘောဇဘဏ် ပိုင်ရှင် ဦးအောင်ကိုဝင်းမှာ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် နီးစပ်သူဟု လူသိများပြီး စီဘီဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေးမှာ တောင်ငူ အခြေစိုက် ကေတုမတီအုပ်စု ပဲရောင်းဝယ်ရေး လုပ်ငန်းရှင်တဦးဖြစ်ကြောင်း၊ ယမန်နှစ် နှစ်ဆန်းပိုင်းတွင် MAI လေကြောင်းလိုင်းကို ၀ယ်ယူရာတွင် ပါဝင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
TBBC က ဒုက္ခသည် ထောက်ပံ့မှု လျှော့ချမည်
ဧရာဝတီ Thursday, 06 January 2011 15:29
E-mail Print
ထိုင်း-မြန်မာ နယ်စပ် တလျှောက် ကူညီစောင့် ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBBC) သည် ရန်ပုံငွေ အခက်အခဲကြောင့် မြန်မာ ဒုက္ခသည်များကို ပေးနေသည့် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများနှင့် လုပ်ငန်းဆိုင်ရာ စရိတ်စကများကို ယခုနှစ်တွင် လျှော့ချ ဖြတ်တောက်မည် ဖြစ်ကြောင်း သိရသည်။

Refugee-Children-11

ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်း တခုမှ ကရင်တိုင်းရင်းသား ကလေးငယ်များ။ (ဓာတ်ပုံ - Reuters)
TBBC သည် ထိုင်း-မြန်မာ နယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်း ၉ ခုမှ ဒုက္ခသည် ၁ သိန်းခွဲခန့်ကို စားနပ်ရိက္ခာနှင့် လိုအပ်သည်များ ထောက်ပံ့နေသည့် လူမှုရေးအဖွဲ့များကို စုစည်းထားသည့် အဖွဲ့အစည်းကြီးဖြစ်သည်။

ကုန်ပစ္စည်း ဈေးနှုန်းများ မြင့်တက်ခြင်း၊ ငွေကြေးလဲလှယ်မှု နှုန်းများ ပြောင်းလဲခြင်း၊ ရန်ပုံငွေ ဖြတ်တောက်ခံရခြင်းနှင့် အသစ်ရောက်ရှိလာသည့် ဒုက္ခသည်များအတွက်ပါ တာဝန်ယူရခြင်းတို့ကြောင့် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများကို လျှော့ချ ဖြတ်တောက်ရခြင်းဖြစ်ကြောင်း ဇန်နဝါရီလ ၄ ရက်နေ့တွင် ထုတ်ပြန်သော TBBC ၏ သတင်းလွှာ၌ ဖော်ပြထားသည်။


ရန်ကုန်တွင် လယ်သမား ၂၀၀ ကျော် ဆန္ဒပြ
ဧရာဝတီ Thursday, 06 January 2011 13:52 သတင်းတိုများ
E-mail Print
ရန်ကုန် အရှေ့ပိုင်း ခရိုင် ဒဂုံမြို့သစ် တောင်ပိုင်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်း၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်များရှိ ရွာပေါင်း ၇ ရွာခန့်မှ လယ်မြေ ဧက ၅၅၀၀ ခန့်ကို အကျိုးတူ ပူးပေါင်းဆောင်ရွက်သော ကန်ထရိုက် လယ်ယာစနစ် အကောင်အထည် ဖော်မည်ဟု ဆိုကာ မတရားသိမ်းယူခဲ့သောကြောင့် လယ်သမား၂၀၀ ကျော် အရှေ့ပိုင်းခရိုင် ရုံးရှေ့တွင် ယနေ့ နံနက် ၁၀ နာရီမှ စတင်ပြီး ငြိမ်း ချမ်းစွာ ဆန္ဒပြကြောင်း သတင်းရသည်။ ဆန္ဒပြသူများကို ရှေ့နေ ကိုဖိုးဖြူက ဦးဆောင်ခြင်းဖြစ်ပြီး သိမ်းထားသည့် လယ်မြေများကို ပြန်လည်ပေးအပ်ရန် တရားဥပဒေကြောင်းအရ တောင်းဆိုလျက်ရှိသည်။ နေ့လယ် ၁၂ နာရီတွင် ဒေသဆိုင်ရာ အာဏာပိုင်များ ရောက်လာပြီး ပြေလည်ရန် ဖြေရှင်းပေးမည်ဟုဆိုကာ ဆန္ဒပြနေသော လယ်သမားများကို လူစုခွဲခိုင်းကြောင်းလည်း သိရသည်။
စစ်အစိုးရက DKBA နှင့် အပစ်ရပ်ရေး ဆွေးနွေးမည်
ဧရာဝတီ Thursday, 06 January 2011 12:04 သတင်းတိုများ
E-mail Print
ထိုင်း-မြန်မာ နယ်စပ်နှင့် ကရင်ပြည်နယ် အတွင်း ဖြစ်ပွားနေသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် နအဖ တပ်ဖွဲ့ဝင်များ၏ တိုက်ပွဲများ အပစ်ရပ်ရေး အတွက် နအဖ ဘက်က ဇန်န၀ါရီ ၇ ရက်တွင် လာရောက် ဆွေးနွေးရန် ရှိကြောင်း DKBA နှင့် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) က ပြောသည်။ ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် ဝေါ်လေ ဒေသ၌ DKBA တပ်မဟာ (၅) မှ တပ်မဟာမှူး ဗိုလ်ချုပ် စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွေး) နှင့် နအဖဘက်က လာရောက် ဆွေးနွေးမည် ဖြစ်သည်ဟု DKBA နှင့် ပူးတွဲ စစ်ရေး လှုပ်ရှားနေသည့် KNLA ဒု တပ်ရင်းမှူး တဦးက ပြောပြသည်။

http://bur.irrawaddy.org/

2011-01-06
ပါတီဖျက်သိမ်းမှု အယူခံလွှာ ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ထိုး
2011-01-06

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်က စစ်အစိုးရအပေါ် တရားစွဲဆိုထားတာကို ဗဟိုတရာရုံးက ပယ်ချလိုက်တာနဲ့ ပတ်သက်ပြီး အယူခံတင်ဖို့ အသင့်ဖြစ်ပြီလို့ NLD ပါတီရဲ့ ရှေ့နေတွေက RFA ကို ပြောပါတယ်။ ဒီကနေ့ ဇန်နဝါရီ ၆ ရက် မနက် ၁၀ နာရီက ပါတီ ဗဟို ဥပဒေ အထောက်ကူပြု အဖွဲ့ဝင်များနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ ဆွေးနွေးပြီး ဆုံးဖြတ်လိုက်တာပါ။

ဒီကနေ့ ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေများဖြစ်တဲ့ ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်း၊ ဦးကျော်ဟိုးနဲ့ ဒေါ်ခင်ဌေးကြွယ်တို့ ဆွေးနွေးကြတာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ NLD ပါတီ ဆက်လက်ရပ်တည်ရေးအတွက် စစ်အစိုးရကို တရားဆွဲခဲ့တာကို ဗဟိုတရားရုံးက ပယ်ချလိုက်တာနဲ့ ပတ်သက်ပြီး ပြန်လည်တင်ဖို့ အတွက် ဥပဒေ အထောက် အကူပြုအဖွဲ့ က ပြုစုထားတာတွေကို ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြ ဆွေးနွေးတာဖြစ်ပါတယ်။
2011-01-05
ရန်ကုန်-နေပြည်တော် အဝေးပြေးလမ်းသစ် ယာဉ်အန္တရာယ် အလွန်ကြီးမား

လွန်ခဲ့တဲ့ သုံးနှစ်ကမှ စတင်ဖောက်လုပ်ခဲ့တဲ့ ရန်ကုန်-နေပြည်တော် အဝေးပြေးလမ်းသစ်ဟာ မြန်မာနိုင်ငံမှာ ယာဉ်တိုက်မှု အများဆုံးနဲ့ မော်တော်ယာဉ် တိမ်းမှောက်မှုတွေကြောင့် လူထိခိုက်သေဆုံးမှု အဆိုးဆုံး ဖြစ်တယ်လို့ ခရီးသွား ပြည်သူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

http://www.rfa.org/burmese/
လယ်သမား ၃၀၀ မြေဧက ၅,၅၀၀ ကျော် ဆုံးရှုံးမှု ဆန္ဒပြ၊ အာဏာပိုင် ညှိနှိုင်းပေးလို့ ဧက ၁၀၀ ကျော် ပြန်လုပ်ခွင့်ရ

By မအေးအေးမာ ကြာသပတေး, 06 ဇန်နဝါရီ 2011

ရန်ကုန်တိုင်း ဒဂုံမြို့သစ်တောင်ပိုင်းက ဒဂုံဆပ်ကမ်းမှာရှိတဲ့ ညောင်ပင်ရွာ၊ သရက်ပင်ချောင်း၊ သုံးခွရွာ၊ ထောင်တလုပ်ရွာ၊ စစ်ပင်ရွာ၊ ရွာသာကြီးရွာ၊ ရှမ်တိန်ကြီး အရှေ့ရွာ၊ ကျည်စုရွာ စတဲ့ရွာတွေက ဒေသခံ လယ်သမား ၃၀၀ ကျော်ဟာ ယုဇန၊ ထူး၊ နဂါးကိုးသွယ်၊ ဒဂုံစင်ထရယ် အပါအ၀င် ကုမ္ပဏီ ၁၁ ခုက သိမ်းယူထားတဲ့ သူတို့ရဲ့ လယ်ယာမြေတွေ ပြန်ရဖို့ ရန်ကုန် သင်္ကန်းကျွန်းမြို့နယ် အရှေ့ပိုင်းခရိုင် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီရုံးကို သွားရောက်ပြီး ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ အဲဒါကြောင့် အသိမ်းခံထားတဲ့ လယ်မြေစုစုပေါင်း ဧက ၅,၅၀၀ ကျော်ထဲက လယ်ဧက ၁၀၀ ကို ထွန်ယက်စိုက်ပျိုးခွင့် လယ်သမားတွေဘက်က ပြန်ရခဲ့ပါတယ်။

လယ်သမားတွေ တဦးချင်းအလိုက်ရော၊ လယ်သမားအင်အား အနည်းငယ် စုပေါင်းပြီး လုပ်ဆောင်မှုတွေ လုပ်ခဲ့ပေမဲ့ ထိရောက်မှု မရတဲ့အတွက် အခုလို တောင်းဆိုတာ ဖြစ်ကြောင်းကိုလည်း ပြောသွားပါတယ်။ လယ်သမားတွေ ဆန္ဒပြ ထုတ်ဖော်မှုကို ဓာတ်ပုံမှတ်တမ်းများ ရိုက်ယူမှုကို သတင်းတပ်ဖွဲ့က လုပ်ခဲ့ပေမဲ့ အာဏာပိုင်တွေဘက်က ကြီးမားတဲ့ အနှောင့်အယှက် ပေးမှုတွေတော့ မရှိဘူးလို့လည်း ပြောသွားပါတယ်။

http://www.voanews.com/burmese/news/
မဲပေးခွင့် အချိုးဖောက်ခံရဆုံးဟု HRDP ပြော
ဖနိဒါ | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၀၆ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၃၉ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္စျိမ) ။ ။ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် မြန်မာပြည်သူများအနေဖြင့် မဲပေးပိုင်ခွင့်နှင့်ပတ်သက်၍ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အများဆုံးဟု ပြည်တွင်းအခြေစိုက် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက် HRDP ၏ အစီရင်ခံစာက ဆိုသည်။

ရန်ကုန်၊ ဧရာဝတီနှင့် ပဲခူးတိုင်း၊ ရှမ်း၊ ရခိုင်နှင့် ကချင်ပြည်နယ် စသည့် တိုင်း/ပြည်နယ် ၆ ခုရှိ ၄၂ မြို့နယ်မှ HRDP အဖွဲ့ဝင်များ အပါအဝင် လူ့အခွင့်အရေး ချစ်မြတ်နိုးသူ ၁ဝဝဝ ကျော်က လူ ၃ သောင်းခန့်ကို တနှစ်ကြာ စစ်တမ်းကောက်ခဲ့ပြီးနောက် ယမန်နေ့တွင် အစီရင်ခံစာ ပေါ်ထွက်လာခြင်း ဖြစ်သည်။
HRDP ကဲ့သို့ပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ၂ဝ၁ဝ ရွေးကောက်ပွဲ မဲမသမာမှုများ သုံးသပ်ချက် မူကြမ်းကို ရေးဆွဲပြီးဖြစ်ရာ ထိုမူကြမ်းတွင် ကြိုတင်မဲ ကောက်ခံမှုနှင့် မဲလိမ်လည်မှုများ အများအားဖြင့် ပါဝင်နေသည်။
အမတ်များ အဂတိလိုက်စားလျှင် အရေးယူရန် ကြံ့ဖွံ့ ဆုံးဖြတ်
ကျော်ခ | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၀၆ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၃၉ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်အမတ်များ အဂတိ လိုက်စားမှု၊ အပျော်အပါး လိုက်စားမှု ရှိလျှင် အရေးယူရန် ယခုလ ၂-၃ ရက်နေ့များတွင် နေပြည်တော်၌ ကျင်းပခဲ့သည့် ပါတီထိပ်တန်းခေါင်းဆောင်များ အစည်းအဝေးက ဆုံးဖြတ်လိုက်သည်။

ကြံ့ဖွံ့အမတ်များ အဂတိ လိုက်စားမှုနှင့် အပျော်အပါး လိုက်စားမှု ရှိနေကြောင်း တိုင်စာများ ရရှိပြီးနောက် ပါတီဗဟိုက ၎င်းတို့ကို စိစစ်ကာ ဟုတ်မှန်လျှင် အရေးယူရန် ဗဟိုအလုပ်အမှုဆောင်ဝင်များနှင့် အမတ်များ စုစုပေါင်း ၃ဝဝ ကျော် တက်ရောက်ခဲ့သည့် အစည်းအဝေးက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
လွှတ်တော်သုံးရပ်ပေါင်းတွင် မဲဆန္ဒနယ် ၁,၁၅၄ အနက် ကြံ့ဖွံ့က ၈၈၂ နေရာ (၇၆.၅ ရာခိုင်နှုန်း) ဖြင့် ကြံ့ဖွံ့က အနိုင်ရခဲ့သည်။ သို့သော် ယခုထိ မဲမသမာမှုများ ရှိနေသဖြင့် ပြိုင်ဘက်ပါတီများ၏ တိုင်တန်းခြင်းကို ရင်ဆိုင်နေရဆဲ ဖြစ်သည်။

လက်ရှိအာဏာရ စစ်အစိုးရ၏ ကျောထောက်နောက်ခံ ရရှိထားသည့် ကြံ့ဖွံ့ပါတီသည် ယင်းသို့ မဲပြဿနာများ ရှိနေသော်လည်း ဥပဒေကို ဂရုမစိုက်ဘဲ ကျော်ဖြတ်သွားဖွယ်ရှိကြောင်း အတိုက်အခံများနှင့် နိုင်ငံရေး အကဲခတ်များက ယူဆနေထားသည်။

http://mizzimaburmese.com/

တကယ့်လွတ်လပ်ရေး ရအောင်လုပ်ကြစို့

နိုင်ငံရေးလေ့လာသူတဦး

၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ (၄) ရက်နေ့ လွန်ခဲ့တဲ့ (၆၃) နှစ်က ဗမာပြည် လွတ်လပ်ရေးရခဲ့တာ လူတိုင်းအသိ။ လွတ်လပ်ရေးနေ့လို့ အမည်တပ်ကာ နေ့ထူးနေ့မြတ်အဖြစ် အစဉ်အဆက် ကျင်းပခဲ့ပါတယ်။ အမှန်မှာ အဲဒီနေ့ ဟာ အင်္ဂလိပ်နယ်ချဲ့လက်အောက်က စတင်လွတ်မြောက်တဲ့နေ့ပါ။ လွတ်လပ်ရေးနေ့လို့ အမည်ပေးခဲ့တာ မှားနေသလို။

တကယ့်လွတ်လပ်ရေးဆိုတာ တိုင်းတပါးလက်အောက်မှ လွတ်မြောက်ခြင်းတခုတည်းကို ဆိုလိုတာမဟုတ်။ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ဖော်ဆောင်ပေးနိုင်တဲ့ လုပ်ငန်းစဉ်တွေ ဆက်လက်လုပ်ဆောင်နေမှသာ လွတ် လပ်တယ်လို့ ဆိုသင့်ပါတယ်။

http://drlunswe.blogspot.com/

“၂၀၁၁” (ကာတွန်း စောငို - မိုးမခ၀က်ဘ်ဆိုက်)

Myo+Yan+Naung+Thein+on+Implementing+The+Youth%27s+Ne

video_player_embed_code_text

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဆောင်းပါး

ကျွန်ူပ်တို့ အဘိုးအဘွားတို့ တိုင်းပြည်ကောင်းစားရေး စိတ်ထားများ ဖြင့် သူတို့၏ အသွေးအသားတို့အား လွတ်လပ်ရေး ယဇ်ပလ္လင်ထက်တွင် မကြောက်မရွံ့ နောက်မတွန့်ဘဲ စတေးခံသွားခဲ့ကြသည့် အကြောင်းများကို ဖတ်ရှုရသူ အပေါင်း နှစ်ထောင်းအားရ စိတ်ဓါတ်များဖြင့် အာဇာနည်ဟု ကြွေးကြော် ၊ သူတို့ကို ဦးခိုက် ပူဇော်ထိုက်ပါတယ်လို့ ချီးမွမ်း စကားသံတွေမှာ သူတို့တွေ ပျော်ရွှင်နေမယ်လို့ မိတ်ဆွေ ယုံကြည်ပါသလား ။ လွတ်လပ်၍ အချုပ်အချာ အာဏာကို ပိုင်ဆိုင်ခွင့်ရကာ လူ့အခွင့်အရေး အပြည့်ဝေ ရရှိနိုင်သည် ဒီမိုကရေစီ နိုင်ငံ တည်ဆောက် နိုင်ရန် အတွက် လွတ်လပ်ရေး ပန်းတိုင် ဖမ်းဆုပ်ကိုင်နိုင်ရန် အားသွန်ခွန်စိုက် တကြောင်းတည်းသော လမ်းစဉ်ကို လမ်းပြချီတက်ခဲ့သည့် လွတ်လပ်ရေး ဖခင်ကြီးကကော ယနေ့ ( ၆၃ ) နှစ်မြောက် လွတ်လပ်ရေး နေ့ အတွက် ပျော်ရွှင်နေမည်ဟု သင်ယုံကြည်ပါသလား ..။



ကျွန်ူပ်၏ အမြင်အရ ဆိုလျှင် သူတို့တွေ ပျော်ရွှင်နေမည့် အစား တမျိုးသားလုံး အတွက် ဦးတည်လုပ်ဆောင်ခဲ့သော အလုပ်များသည် လက်တစ်ဆုပ်စာ လူတစ်စု ကောင်းစားရေးသာ ဖြစ်သွားခဲ့သည် အပြင် အခြားလူများမှာ ကျေးကျွန်များ သဖွယ် ဒုက္ခကို ပွေ့ဖက်၍ မျက်ရည်ရွှဲကာ အံကြိတ်ခေါင်းငုံ့၍ သီးခံနေကြသော ပြည်သူလူထု၏ ပုံရိပ်စစ်များသည် သူတို့ နှလုံးသားကို ပူလောင် ပြင်းပြစေရုံသာမက မင်းတို့ခေတ်ကြမှ အညံ့ခံကြတော့မှာလားလို့ ဟစ်ကြွေးပေလိမ့်မယ် ။ လွတ်လပ်၍ တရားမျှတသော အချုပ်အချာ အာဏာပိုင် နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့သော နိုင်ငံတနိုင်ငံမှ နိုင်ငံသားများသည် လွတ်လပ်ရေး နေ့ကို မလွတ်လပ်စွာ ဆင်ယင် ကျင်းပခဲ့ရသည်မှာ နှစ်ပေါင်း ( ၆၃ ) နှစ် တိုင်ခဲ့ပေပြီဟု ကြွေးကြော်ညည်းတွားလိုက်လျှင် လွတ်လပ်ရေး ဖခင်ကြီးက တမလွန် ဘုံဘ၀မှ ထကြည့်၍ ငါတို့ အသွေးအသားတွေကို မင်းတို့တွေ ညည်းတွားဖို့ ပေးဆပ်ခဲ့တာ မဟုတ်ပါဘူးလို့ အားမလို အားမရ မိန့်ကြားပေလိမ့်မည်...။



အပွင့်လင်းဆုံး နဲ့ အရိုးသားဆုံး ဝေဖန်ပြရရင် မြန်မာနိုင်ငံသား တော်တော်များများက အမေစုကို ချစ်ခင်လေးစားကြတယ်လို့ ၀န်ခံထားပေမယ့် တဖက်က မသိစိတ်မှာ သံသယတွေက ကြားခံနေတော့ တကယ့်လက်တွေ့ကျတဲ့ ၀န်းရံမှု အဖြစ်ကို မရောက်နိုင်သေးတာပါ ။ ဒီလို သံသယတွေ ဘာကြောင့် ဖြစ်လာရတဲ့ အကြောင်းအရင်းကလည်း ၂၂ နှစ်လုံးလုံး ဘာမှ မဖြစ်ခဲ့ပါဘူး ဆိုတဲ့ အာဏာရှင် ဘက်တော်သားတွေရဲ့ သွေးထိုးစကားကို ခင်ဗျာတို့ မသိစိတ်က လွဲမှားစွာ သိမ်းပိုက်ထားလို့ပါဘဲ ။ လူထုခေါင်းဆောင်က တိုင်းပြည်အရေး နဲ့ ပုဂ္ဂိုလ်ရေးရာ အားပြိုင်လာတဲ့ အချိန်မှာ ပြည်သူလူထု အကျိုးစီးပွား အတွက် ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို မေ့ထားခဲ့တာတွေ ကို အားလုံးသိနေပါလျှက် နဲ့ ဒီလို စကားမျိုးတွေကို နားယောင်နေကြတာဟာ အာဏာရှင် အစိုးရကို တဖတ်တလမ်းက အားပေးနေတယ် ဆိုတာ မေ့မထားစေချင်ပါဘူး ။ ဗိုလ်ချုပ်အောင်ဆန်းကို လွတ်လပ်ရေးကို ရယူပေးနိုင်ခဲ့လို့ လေးစားတာလား ၊ လွတ်လပ်ရေး အတွက် ကိုယ်ကျိုး မဖက် တိုင်းပြည် အတွက် လုပ်ဆောင်ပေးခဲ့တဲ့ စိတ်ဓါတ်ကို လေးစားတာလား ဆိုတဲ့ စကားကို ကွဲကွဲပြားပြား သာ သိကြမယ် ဆိုရင် ခင်ဗျာတို့ အမေစုကို ထင်နေတဲက ယုံမှားသံသယဆိုတာ အကုန်ကွယ်ပျောက် ကုန်ပါလိမ့်မယ် ။



ခေါင်းဆောင် ရှိလျှင် နောက်လိုက်ကောင်း ဖြစ်အောင်ကြိုးစား ၊ ခေါင်းဆောင် မရှိလျှင် ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်အောင် ကျင့်ကြံ သည်မှာ လူသားတို့၏ အကျင့်မှန်ပင် ဖြစ်လေသည် ။ လူပီသသော လူသားတစ်ယောက် သည် ခေါင်းဆောင်ကို ချစ်မြတ်နိုးသလို နောက်လိုက်များကိုလည်း လေးစားလေ့ရှိသည်မှာ သဘာဝ ဟု ဆိုပါလျှင် ကျွန်ူပ်တို့ လူပီသ ကြရဲ့လား စဉ်းစားကြည့်သင့်ပါတယ် ။ ထမင်း နပ်မှန်ဖို့တောင် မနည်း ရုန်းကန်နေရတဲ့ မြန်မာနိုင်ငံသားတွေက နိုင်ငံရေး သဘောတရား တွေကို သင်ကြားဖို့ အချိန်မရှိပါဟု ပြောကြသည့်လူများ တဖြည်းဖြည်း များပြားလာပါသည် ။ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတနိုင်ငံတွင် ၀မ်းရေး အတွက် ခက်ခဲစွာ ရှာဖွေစားသောက်ရခြင်းတို့မှ အစဉ် လွတ်မြောက်နေပါတယ် ဆိုတာကို မမေ့ကြပါနဲ့ ။ ခေတ်မှီဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံ အဖြစ်ရောက် အောင် ချီတက်နိုင်ရင် ၀မ်းရေး ဆိုတာ လွယ်ကူစွာ ဖြေရှင်းနိုင်မှာ အသေအချာပါဘဲ ။ လူဖြစ်ရတဲ့ ခဏတာ အချိန်လေးမှာ ထမင်းနပ်မှန်ရေး အတွက် ကြိုးစားပြီး ထမင်း၀၀လေး စားနေရတာ လူ့ဘ၀ ရဲ့ အနှစ်သာရလို့ ယူဆနေကြတာလား ။



အမေစုရဲ့ တိုင်းပြည်အပေါ်ကို ထားရှိတဲ့ စေတနာ ၊ မွန်မြတ်တဲ့ စိတ်ထား ၊ သန့်ရှင်းတဲ့ ကိုယ်ကျင့်တရား ၊ လေးနက်တဲ့ အသိဥာဏ် ၊ ပြည်သူလူထု အပေါ်ကို ပေးဆပ်နေတဲ့ လုပ်ရပ်တွေကို အဓိကထားပြီး မဆုံးဖြတ်ဘဲ အောင်မြင်မှု ၊ ရှုံးနိမ့်မှု ဆိုတာတွေ ကို နောက်ကို သံယောင်လိုက်ပြီး လိုက်နေကြရင် ခင်ဗျာတို့လည်း အာဏာရှင်ရဲ့ ဘက်တော်သား အဖြစ် ရောက်မှန်းမသိ ရောက်နေကြပြီ လို့ သတိပေး စကား ပြောကြားချင်ပါတယ် ။ ဗိုလ်ချုပ်အောင်ဆန်းကို မြင့်မြတ်လွန်းတဲ့ သူရဲကောင်းပါလို့ အခုချိန်မှာ ပြည်သူတွေရဲ့ နှလုံးသားနဲ့ အသိဥာဏ်မှာ မော်ကွန်းရေးထိုးခြင်း ခံနေရတဲ့ လူတစ်ယောက်ကို အဲဒီခေတ်က လူတချို့က မလိုတမာ စိတ်ယုတ်မာတွေ နဲ့ အမျိုးမျိုး ချောက်တွန်း ၊ သူသွားရာ လမ်းမှာ ခြေထိုးခံ ၊ နောက်ဆုံး မတတ်နိုင်လို့ လုပ်ကြံခံခဲ့ကြတာ ပုံပြင် မဟုတ်ဘူးဗျ ။ အခုလည်း အမေစုရဲ့ အောင်မြင်ကျော်ကြားမှု ကို မနာလို မရှုစိမ့် ၊ ကိုယ်ကျိုး အတ္တအလွန်ကြီးမားတဲ့ လူတွေက အမေစုရဲ့ အားနည်းချက်တွေပါလို့ ထောက်ပြ ပြောဆိုနေတာကို ခင်ဗျာတို့ မသိစိတ်က လက်ခံထားရင် ခင်ဗျာတို့လည်း အဲဒီလူတွေနဲ့ သိပ်မထူးခြားပါဘူး ။ ကိုယ်တိုင်ကလည်း သိပ်နားမလည်တော့ သူတပါးစကားကို ယုံမှားကြတာ ပုထုဇဉ် လူသားတွေရဲ့ သဘာဝကို ပြစ်တင်ပြောဆိုချင်လို့ မဟုတ်ပါဘူး ။ စဉ်းစားစေချင်လို့ အသိပေးနေတဲ့ စေတနာ စကားတွေကို အမုန်းခံပြီး ပြောကြားနေတာပါ ။



အာဏာရှင် စနစ်ဆိုး၏ ယုတ်မာ ပက်စက်မှု ကြောင့် တိုင်းပြည် ပြိုကျ ပျက်စီး နေပါသည့် အယူအဆကို ပြည်သူလူထု အားလုံးက လက်ခံထားကြသည် ။ ထိုသို့ အာဏာရှင် စနစ်ဆိုး ကို တိုက်ထုတ်၍ ဒီမိုကရေစီ ကြွေးကြော်သံများ ဖြင့် လုပ်ရှားနေသူများကို ပြည်သူလူထုက သဘောကျ နှစ်ခြိုက်လေ့ ရှိကြသည် ။ ထိုအခါ တဆင့်တက်၍ ကျနော်တို့ အာဏာရှင် စနစ်ဆိုးကို ၀ိုင်းဝန်း တိုက်ထုတ်သင့်သည်ဟု အဆိုပြု တင်သွင်းလိုက်လျှင် အနည်းငယ်မျှ စဉ်းစား ပြီးသည်နှင့် တပြိုင်နက် ငြင်းဆန်ခြင်း မရှိဘဲ သဘောတူ လက်ခံလေ့ ရှိကြပြန်သည် ။ ထိုအခါ နောက် တဆင့်တက်၍ စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းအောင် အဓိက လုပ်ဆောင် နိုင်သူများမှာ ပြည်သူလူထု သာ ဖြစ်သော ကြောင့် ကျရာ အခန်းဂဏ္ဍမှ နိုင်ရာ တာဝန်ကို ယူ၍ လက်တွေ့ကျကျ လုပ်ဆောင်သင့်ကြောင်း တင်ပြလိုက်သည့် အချိန်တွင်မူ တွေဝေသွား ကြသူ များလွန်း လှသော ယနေ့ ချိန်ခါ သမယတွင် တကယ် လက်တွေ့ ထိရောက်စွာ ကြိုးစားနေသော လူများမှာ အဏာရှင် တို့၏ တဖက်သိပ် ဖိနှိပ်မှုကို ခါးသီးရင်နင့် စဖွယ် ခံနေကြရကာ မြန်မာပြည်ကြီး ၏ ဆုတ်ယုတ်သထက် ပိုမို ဆုတ်လာရခြင်း၏ အဓိက အကြောင်းအရင်း တရပ် ဖြစ်သည်ဟု ထင်မြင် ယူဆမိလေသည် ။



စစ်အာဏာရှင်တို့၏ ဆိုးရွားလှသော ယုတ်မာပက်စက်မှု ကို ခေါင်းငုံ့ခံနေလိုက်၍ အာဏာရှင် စနစ်ဆိုးအောက်မှ ဘယ်တော့မှ လွတ်မြောက်မည် မဟုတ်ကို လူတိုင်းသိ၏ ။ ပြည်သူလူထုက ခေါင်းငုံ့သီးခံလိုက်၍ အာဏာရှင် စနစ်အောက်မှ လွတ်မြောက် သည့် နိုင်ငံဟူ၍ အတိတ်သမိုင်းတွင် မရှိခဲ့သလို ပစ္စပ္ပုန်နှင့် အနာဂတ်တွင်လည်း ဘယ်ခါမှ ရှိလိမ့်မဟုတ်။ ထိုသို့ ခေါင်းငုံ့ခံနေသမျှ သူတို့၏ ဖိနှိပ်မှု က ပိုမို ဆိုးရွားလာပေသည် ကို လည်း လူတိုင်း လက်တွေ့ကျကျ ခံစားခဲ့ရသလို အခု ချိန်ထိလည်း ခံစားနေရခြင်းဆဲ ပင် ဖြစ်ကြောင်း သိနေပါလျှက် အဘယ်ကြောင့် ဆန့်ကျင်မှု မပြု လိုကြပါသနည်း ဟု မေးခွန်းကို ကိုယ်တိုင်မေး၍ ကိုယ်တိုင်ဘဲ အားမနာတမ်း လက်တွေ့ကျကျ စဉ်စားသင့်ကာ ဖြေကြည့်သင့်ပါသည် ။



ထိုသို့ အာဏာရှင် စနစ်မှ လွတ်မြောက်ရေး အတွက် ကြိုးစား ဆောင်ရွက်နေသူများတွင် အကြမ်း နှင့် အနု လမ်းစဉ် နှစ်ခု ကွဲပြားသွားကြပြန်သည် ။ ဘယ်လို နည်းလမ်းကိုသုံးသုံး ဦးတည်ချက် နှင့် စစ်မှန်သော တိုင်းပြည် ချစ်စိတ် အပေါ်ကိုအခြေခံ ထားကြဖို့သာ လိုအပ်ပေသည် ။ ဖက်ဆစ်ကို တိုက်ထုတ် အပြီး ၊ အင်္ဂလိပ်က ပြန်ဝင်လာသည့် အချိန် ၊ လွတ်လပ်ရေးကိစ္စ အင်္ဂလန်သို့ ဗိုလ်ချုပ်အောင်ဆန်း သွားရောက် အရေး ဆိုသည့် အချိန်တွင် အောင်မြင်လျှင် ညောင်ရေမှာ ပန်းထိုးမယ် ၊ မအောင်မြင်လျှင် တောင်ခြေမှ ယမ်းအိုးတည် ကြ ဟု ၍ ဗိုလ်ချုပ်က မသွားခင် ပြည်သူလူထု အား မှာကြားသွားခဲ့ပါသည် ။ ယခုချိန်တွင် ထိုကဲ့သို့ပင် တွေ့ဆုံဆွေးနွေးရေးကို အမေစုက တောင်းဆိုထားသည်ကို အားလုံး အသိ ။ စစ်အာဏာရှင်တို့ဘက်က လက်မခံခဲ့လျှင် ပြည်သူလူထုက လုပ်သင့်လုပ်ထိုက်တာကို ဆက်လက် လုပ်ဆောင်ရပေမည် ။ ယနေ့မြန်မာနိုင်ငံ၏ ဒီမိုကရေစီ စနစ်သို့ ပြောင်းလဲရေး လမ်းစဉ်မှာ ပြည်သူလူထု၏ သွေးများ မြေသို့ကျ မကျ ဆိုသည်မှာ လက်ရှိ အာဏာသိမ်း စစ်အစိုးရ၏ သဘောထားပေါ်တွင်သာ မူတည်နေပါသည် ။



တိုင်းပြည်ကို တကယ်ချစ်ရဲ့လား ၊ တိုင်းပြည်ကို တကယ်ချစ်တယ် ဆိုပါလျှင် တိုင်းပြည် အတွက် ဘာလုပ်ပေးနိုင်သလည်း ဆိုသည့် အခြေခံကြသည့် မေးခွန်းလေးများက ရိုးစင်းလွန်းလှပေသည် ။ သို့သော် ထွက်လာသည့် အဖြေများက ၀ိုးတ၀ါး နိုင်လွန်း လှပေသည် ။ အာဏာရှင် စနစ်ကြောင့် တိုင်းပြည်ပျက်နေ ပါသည် ဆိုသည့် အချက်ကို လက်ခံလျှင် အာဏာရှင် စနစ်ကို ဖြုတ်ချမှ တိုင်းပြည် ပြည်လည် အေးချမ်းသာယာကာ ခေတ်မှီဖွံ့ဖြိုးတိုးတက် နိုင်မည် ဆိုသည့် ယုံကြည်ချက်ကို ကိုင်စွဲ၍ မိမိတို့ တတ်နိုင်သည့် တာဝန်ကို ယူနိုင်ပါမှ တိုင်းပြည်ကို တကယ်ချစ်ရာ ရောက်သည် ဟု ကျွန်ူပ် လေးနက်စွာ ယုံကြည်မိပါသည် ။ ထိုကြောင့် နောင်လာမည့် ( ၆၄ ) လွတ်လပ်ရေး နေ့အခမ်းအနားတွင် လူ့အခွင့်အရေး အပြည့်အ၀ ရယူပိုင်ဆိုင်ကာ လွတ်လပ်ရေးနေ့ကို လွတ်လပ်စွာ ဆင်နွှဲနိုင်သည့် နိုင်ငံသားတို့ ဘ၀ ကို ရောက်ရှိနိုင်အောင် ဒီမိုကရေစီ စနစ်ကို အမြန်ဆုံးတည်ဆောက်ကြရအောင်လို့ လေးစားစွာ တိုက်တွန်း နိုးဆော်ရင်း ဖြင့် မြန်မာနိုင်ငံ လွတ်လပ်ရေး သမိုင်းမှ သူရဲကောင်းများ ၊ ဒီမိုကရေစီခေါ် လူ့အခွင့်အရေး တိုက်ပွဲကြီးတွင် ကျဆုံးခဲ့သော သူရဲကောင်းများကို လေးစားစွာ ဦးညွတ် ဂါဝရ ပြုလိုက်ပါတယ် .......။

ခင်မင်လေးစားလျှက်

ဗမာ့သွေး

ဒီဆောင်းပါးလေးနဲ့ ပက်သက်ပြီး ပြောစရာ ရှိခဲ့ရင် ဒီနေရာလေးမှာ လာရောက် ရင်ဖွင့်ပြောဆို ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

ဂန္တာ၀င်မြောက်တဲ့ မွေးနေ့ပွဲမှ အနုပညာပန်းခင်း

ဂန္တာ၀င်မြောက်တဲ့ မွေးနေ့ပွဲမှ အနုပညာပန်းခင်း

ရုပ်ရှင်ရိုက်တာ တမျိုးတည်းကို အနုပညာလို့ ယူဆပြီး လုပ်ပိုင်ခွင့်တွေ ပိတ်ထားလို့ ၀င်ငွေအားဖြင့် ကျဆင်းသွားပေမယ့် ပြင်းပြတဲ့ စိတ်ထားနဲ့ စစ်မှန်တဲ့ အနုပညာ ကို မြတ်နိုးတဲ့ စိတ်ကို ပေါင်းစပ်ထားတဲ့ လူတစ်ယောက် စည်းဝါးလိုက်ရင်တောင် ဂန္တာ၀င်မြောက်တယ် တဲ့ အနေအထားမှာ ပန်းဆယ်မျိုးတွင် တခု အပါအ၀င် ဖြစ်သော ပန်းချီဆွဲခြင်း အနုပညာတွင် ဈာန်ဝင်စားလိုက်တဲ့ အခါ မှော်ဝင်နေတဲ့ ပန်းချီကားချပ်တွေက အာဏာရှင်တွေ အသသတ်တဲ့ ကြားက ပွင့်လန်းလာတဲ့ ပန်းပွင့်တွေပါဆိုရင် ဒီအနုပညာပြပွဲလေးဟာ အာဏာရှင် လူတသိုက်ကို လှောင်ပြောင်ပြနေတဲ့ ပန်းခင်းကြီးပမာလို့ တခါတခါ တွေးမိ ထင်မြင် ယူဆမိတာ အမှန်ပါလို့ ၀န်ခံပါရစေ...

အမှန်တရားကို ချစ်မြတ်နိုးသူ၊ ပြည်သူလုထု အကျိုးစီးပွားကို လိုလားပြီး မြင့်မြတ်တဲ့ စိတ်နေစိတ်ထား တူနေကြတဲ့ လူတွေရဲ့ ကြားမှာ ကွဲပြားခြင်း မရှိဘူးဆိုတာကို သက်သေပြဖို့ သားတော်မောင် တစ်ယောက်ကို အားပေးချီးမြှောက် လိုတဲ့ အမေတစ်ယောက်ရဲ့ ဆန္ဒ ၊ သားမောင်ရဲ့ အနုပညာ ပန်းခင်းကြားမှာ ဂုဏ်ယူစွာဖြင့် လှည့်လည်ကြည့်ရှုနေတဲ့ ပြည်ထောင် စုရဲ့ မိခင် ၊
တကမ္ဘာလုံးက လေးစားချစ်ခင်တဲ့ အမေက သူ့အနုပညာကို ချီးမွမ်းတဲ့ အကြည့်များမှာ ပျော်မြူးနေတဲ့ သားလိမ္မာ ...ဒါတွေကို ကြည့်ရှုရင်း ပျော်ရွှင်နေတဲ့ ပရိတ်သတ် ၊ မိမိတစ်ယောက်ထဲ ပျော်ရွှင်မှု မဟုတ်ဘဲ တနိုင်ငံလုံး ပျော်ရွှင်မှု ရအောင် ဖန်တီး လုပ်ဆေင် နိုင်တာကို ဂုဏ်ယူ ၀မ်းမြောက်စွာ ကြည်နူးနေတဲ့ မွေးနေရှင် .....

ဒီလိုမြင်ကွင်းတွေကို ပေါင်းစပ်လိုက်ရင် ရှုမငြီးတဲ့ ချစ်ဇနီးရဲ့ မွေးနေ့ပွဲလေး ကို ကျင်းပ တဲ့ ဒီနေ့လေးဟာ ကိုကျော်သူရဲ့ အနုပညာမှတ်တမ်းမှာ ဟန်ဆောင် မှု မပါ စစ်မှန်တဲ့ ခံစားချက်တွေနဲ့ အပြောင်မြောက်ဆုံး သရုပ်ဆောင်နိုင်တဲ့နေ့ တနေ့ ဖြစ်သလို စစ်မှန်တဲ့ အနုပညာ ဆိုတာ ဘယ်သူမှ ပိတ်ပင်လို့ မရပါဘူးဆိုတာကို အခြားသော အနုပညာရှင် မောင်နှမများကိုအသိပေးလိုက်တဲ့နေ့တနေ့အဖြစ် ဂန္တာ၀င်မြောက်စွာ အားလုံးရဲ့ နုလုံးသားမှာ ထာဝဇဉ် မှတ်တမ်းတင်နေမှာပါ.......


ဒုက္ခဆိုးတွေ ကြား သောကတွေကို ပွေ့ဖက် ၊ မလှန်နိုင်လို့ မျက်ရည်ရွှဲလဲ ဖြင့် အံကြိတ်ပြီး ခေါင်းငုံသီးခံနေရတဲ့ ပြည်သူလူထုရဲ့ နှလုံးသားမှ စိတ်ကြည်နူးမှုတွေကြောင့် ရွှန်းလဲ့တောက်ပနေတဲ့ သူတို့ မျက်ဝန်းတွေမှာ မုဒိတာတွေ ဖုံးလွှမ်းပြီး အပြုံးပန်းတွေ ဝေဆာစွာ ပွင့်လန်းခဲ့တာတွေကို တွေးထောက်ကြည့်ရင် ဒီလူသားနှစ်ယောက်ရဲ့ မေတ္တာဟာ ဘယ်လောက် ထိရောက်တယ်ဆိုတာ ဘယ်သူမှ အငြင်းမပွားနိုင်တာ အသေအချာပါဘဲဗျာ ပြောဆိုရင် အမှန်တရားကို ချစ်မြတ်နိုးသူ တိုင်းအား လေးစားစွာ ဂါဝရ ပြုလျှက် ...........။

ဗမာ့သွေး

http://www.facebook.com/notes/friday-kaung-kaung/-/154231537960404?ref=notif&notif_t=note_tag#!/photo.php?fbid=190402630970076&set=t.100000010222133

အထက်ပါ ဆောင်းပါးနှင့် ပက်သက်၍ ပြောစရာ များ ရှိခဲ့တယ် ဆိုရင် ဒီနေရာလေးမှာ လာရောက် ပြောဆို ဆွေးနွေး အကြံပြုတင်ပြ နိုင်ပါတယ်ခင်ဗျာ.

နေပြည်တော် လေဆိပ် စီမံကိန်း တရုတ်လည်း ဝင်ရောက်လုပ်ကိုင်

နေပြည်တော် လေဆိပ် စီမံကိန်း တရုတ်လည်း ဝင်ရောက်လုပ်ကိုင်
ရန်ပိုင် Wednesday, 05 January 2011 18:40
E-mail Print
နေပြည်တော်ရှိ အေလာ၌ နိုင်ငံတကာ အဆင့်မီဖြစ်အောင် တိုးချဲ့တည်ဆောက်နေသော လေဆိပ် စီမံကိန်းတွင် တရုတ်ကုမ္ပဏီ တခုက အမေရိကန် ဒေါ်လာ သန်း ၁၀၀ ဖြင့် ဝင်ရောက် လုပ်ကိုင်မည် ဟု သိရသည်။

Naypyidaw_Air_Port2

နေပြည်တော် နိုင်ငံတကာ လေဆိပ် နမူနာ ပုံစံ။ (ဓာတ်ပုံ - Great Myanmar)
ယမန်နှစ် နိုဝင်ဘာလအတွင်းက ဝန်ကြီးချုပ် ဦးသိန်းစိန်သည် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့တွင် ပြုလုပ်သည့် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ တရုတ်နိုင်ငံတို့ တက်ရောက်သည့် စီအယ်လ်အမ်ဗီနှင့် အက်မက်စ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ကြောင်း၊ ထို့နောက် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် တရုတ် ဆက်သွယ်ရေးဆိုင်ရာ ဆောက်လုပ်ရေးကုမ္ပဏီ (CCC) နှင့် စစ်အစိုးရတို့ နေပြည်တော် လေဆိပ်တိုးချဲ့ရေး စီမံကိန်းအတွက် လက်မှတ်ရေးထိုးခဲ့ကြကြောင်း ဇန်နဝါရီလ ၃ ရက်နေ့ထုတ် ဟောင်ကောင်အခြေစိုက် South China Morning Post သတင်းစာတွင် ရေးသားထားသည်။

နေပြည်တော် လေဆိပ် တိုးချဲ့တည်ဆောက်ရေးအတွက် အေးရှားဝေါလ် ကုမ္ပဏီကိုလည်း ဒေါ်လာ သန်း ၂၅၀ ဖြင့် တည်ဆောက်ခွင့် ပေးထားသေးကြောင်း ပြည်တွင်း စီးပွားရေးသမားတဦးက ပြောသည်။
စင်ကာပူအခြေစိုက် အရှေ့တောင်အာရှ လေ့လာရေးဌာနမှ သုတေသီ မစ္စတာ ပါဗင် ချာချာဗယ်ပုံပွန်က တရုတ်နှင့် မြန်မာ စီးပွားရေး ဆက်ဆံမှု တိုးမြင့်လာသော်လည်း သံသယနှင့် မယုံကြည်မှုများ ရှိနေခြင်းနှင့် ပတ်သက်၍ “တရုတ်ကနေပြီး အကြီးအကျယ် လာရောက် ရင်းနှီးမြှုပ်နှံနေတာကို မြန်မာ အစိုးရက အမြဲ ကြိုဆိုနေသည့်တိုင် ဒီ ရင်းနှီးမြှုပ်နှံမှုတွေကို တခါတလေမှာ သံသယတွေနဲ့ လက်ခံရတာ ဖြစ်ပါတယ်” ဟု အဆိုပါ South China Morning Post သတင်းစာသို့ ပြောထားသည်။

လေဆိပ်အသစ် တည်ဆောက်ရေးအပြင် တရုတ် ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေး ကုမ္ပဏီ Sinohydro ကလည်း မြန်မာနိုင်ငံတွင် တရုတ်ယွမ်ငွေ သန်း ၉၀.၈ တန်ဖိုးရှိသည့် ကီလိုဝပ် ၁၂၀,၀၀၀ ထုတ်လုပ်နိုင်မည့် ရေအားလျှပ်စစ် စီမံကိန်းတခု တည်ဆောက်မည်ဟု သိရသည်။

၂၀၁၀ ခုနှစ် ဇန်န၀ါရီလမှ မေလအထိ မြန်မာနိုင်ငံတွင် တရုတ်၏ ရင်းနှီးမြုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၈.၂ ဘီလီယံ ရှိပြီး ၅ ဘီလီယံမှာ ရေအားလျှပ်စစ် စီမံကိန်းများ၌ မြုပ်နှံထားသည်ဟု သိရှိရသည်။
အခွန်စနစ်သစ်တရပ် စတင်
ဧရာဝတီ Wednesday, 05 January 2011 14:50
E-mail Print
မြန်မာနိုင်ငံတွင် အခွန်တိမ်းရှောင်မှု လျော့နည်း စေရန်အတွက် ပင်ရင်းမှ နုတ်ယူပေးသွင်းသည့် အခွန် (Withholding Tax) စနစ်သစ်ကို ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ စတင်ကျင့်သုံးပြီ ဖြစ်ကြောင်း သိရသည်။
ပင်ရင်းမှ နုတ်ယူပေးသွင်းသည့် အခွန်ဆိုသည်မှာ ၀င်ငွေတရပ်ရပ် ရရှိချိန်တွင် ငွေထုတ်ပေးရန် တာဝန်ရှိသူက ထိုဝင်ငွေအပေါ် ကျသင့်သော အခွန်ကို နုတ်ယူ၍ သက်ဆိုင်ရာ ပြည်တွင်း အခွန်များရုံးသို့ လွှဲပြောင်း ပေးသွင်းသည့် အခွန်ဖြစ်သည်။ သွင်းကုန်သမားများက သက်ဆိုင်ရာ အခွန်ကို ကြိုတင် ဖြတ်တောက် ပေးဆောင်ရမည့် စနစ်မျိုးဖြစ်သည်။ ပြည်ပမှဆိုလျှင် သွင်းကုန်ပေါ်တွင် ၃.၅ ရာခိုင်နှုန်း၊ ပြည်တွင်းဆိုလျှင် ၃ ရာခိုင်နှုန်း ကောက်ခံမည်ဟု သိရသည်။
ရန်ကုန်မြို့အခြေစိုက် စီးပွားရေးသမားကြီးတဦးက အခွန်ဆောင်ခြင်း၏ နောက်ကွယ်တွင် လုံခြုံမှုနှင့် တန်းတူအခွင့်အရေး ရရှမှု၊ နိုင်ငံသားများ၏ ပညာရေး၊ ကျန်းမာရေးနှင့် ဘ၀လုံ ခြုံရေးအာမခံချက်များ ပါဝင်ကြောင်း ရှင်းပြသည်။

အဆိုပါစီးပွားရေးသမားကြီးက “နိုင်ငံတော်ကို အခွန်ဆောင်မယ်ဆိုရင် နိုင်ငံတော်ကလည်း အခွန်ဆောင်တဲ့သူ၊ နိုင်ငံသား တွေအပေါ်မှာ တန်းတူ အခွင့်အလမ်းတွေ ပေးရမယ်။ ဘ၀အာမခံချက်ပေးရမယ်။ အခွန်ဆောင်တော့ ကိုယ်၊ အခွင့်အရေးရတော့ ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးအောင်ကိုဝင်း၊ အဲဒီလို ဗိုလ်ချုပ်တွေနဲ့ နီးစပ်တဲ့ စီးပွားရေးသမားတွေက ရတယ်။ Monopoly စီးပွားရေးပုံစံနဲ့တော့ ဘယ်သူမှ အခွန်မဆောင်ဘူး” ဟု ပြောသည်။

ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးအောင်ကိုဝင်း၊ ဦးဝင်းမြင့်တို့ကဲ့သို့သော စစ်ဗိုလ်ချုပ်များနှင့်နီးစပ်သည့် စီးပွားရေးသမားကြီးများသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဗိုလ်ချုပ်များကို လက်ဆောင်ပဏ္ဍာ ဆက်သခြင်း၊ ဆေးရုံဆောက်ခြင်း၊ ကျောင်းဆောက်ခြင်း၊ လမ်း တံတား တည်ဆောက်ပေးခြင်း အပါအ၀င် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် အခွန်ကင်းလွတ်ခွင့်များ ရရှိကြောင်း သိရှိရသည်။
ကြံ့ဖွံ့လူငယ် ဝက်ဘ်ဆိုဒ်ကို ဟက်ကာများ ထိန်းချုပ်
ဧရာဝတီ Wednesday, 05 January 2011 12:13 သတင်းတိုများ
E-mail Print
ကြံ့ဖွံ့လက်အောက်ခံ လူငယ်များ ဦးစီးလုပ်ကိုင်သည်ဟု လူသိများသော ဝါဒဖြန့်ချိရေး ခေတ်လူငယ် ဝက်ဘ်ဆိုဒ် (www.khitlunge.net.mm) ကို မြန်မာ လူငယ်များ ဖြစ်သည့် ဘလင့်ခ် ဟက်ကာ အဖွဲ့က ဟက်ထားကြောင်း တွေ့ရသည်။ ဒီဇင်ဘာ ၂၅ ရက်နေ့မှစ၍ DDoS ဖြင့် စတင် တိုက်ခိုက်ခဲ့ပြီး ယခုရက်များတွင် ယင်းဝက်ဘ်ဆိုဒ်ကို ထိန်းချုပ် ထားနိုင်ပြီ ဖြစ်ကြောင့် ဘလင့်ခ် အဖွဲ့က ကြေညာထားသည်။

http://www.bur.irrawaddy.org/

2011-01-05
ကရင်နှစ်သစ်ကူးနေ့ ပြည်တွင်းပြည်ပမှာ ကျင်းပ
2011-01-05

ဇန်နဝါရီလ ၅ ရက်နေ့မှာ ကျရောက်တဲ့ ကရင် နှစ်သစ်ကူးနေ့ကို ပြည်တွင်းပြည်ပမှာ အသွင်အမျိုးမျိုးနဲ့ ကျင်းပရာမှာ ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်မှာ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆုတောင်းပွဲ တခုပါ ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
2011-01-05
ပြည်ထောင်စုစိတ်ဓာတ် ပိုအရေးကြီးကြောင်း CRPP အတွင်းရေးမှူးပြောကြား

ကိုလိုနီလက်အောက်က လွတ်မြောက်ဖို့ အမျိုးသားရေး-အမျိုးသားစိတ်ဓာတ်ကို မွေးခဲ့ရပေမဲ့ လွတ်လပ်ရေးရဖို့ ပြည်ထောင်စုရေး-ပြည်ထောင်စုစိတ်ဓာတ်ကို ပျိုးထောင်ခဲ့ရတယ်လို့ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောပါတယ်။
2011-01-05
ILO ကို တိုင်ကြားသဖြင့် အာဏာပိုင်များက သီးနှံရိတ်သိမ်းခွင့်ပိတ်

မကွေးတိုင်း၊ အောင်လံမြို့နယ်အတွင်း ကာကွယ်ရေးပစ္စည်း စက်ရုံ (ကပစ) အမှတ် ၁၅ ကနေ လယ်ယာမြေတွေ သိမ်းယူထားတာကို အိုင်အယ်အိုကို တိုင်တန်းခဲ့တာကြောင့် လက်တုံ့ပြန် အရေး ယူတဲ့ အနေနဲ လယ်မြေတွေပေါ်က သီးနှံတွေကို စစ်တပ်က ရိတ်သိမ်းခွင့် မပြုဘူးလို့သတင်း ရရှိပါတယ်။
2011-01-05
စစ်အစိုးရတပ်သားတဦး ဒီကေဘီအေထံ လက်နက်ချ

တနင်္သာရီတိုင်း ရေးမြို့အခြေစိုက် ခမရ (၅၈၆) က တပ်သား ဝင်းရန်နိုင်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက ဗိုလ်မှူးချုပ် စောလားပွယ် ဦးစီးတဲ့ ဒီကေဘီအေ တပ်မဟာ ၅ ထံ လက်နက်ချ ခဲ့တယ်လို့ သိရပါတယ်။

http://www.rfa.org/burmese/
မြန်မာစစ်တပ်နဲ့ DKBA အကြား တိုက်ပွဲတွေ ထပ်ဖြစ်

By မအေးအေးမာ ဗုဒ္ဓဟူး, 05 ဇန်နဝါရီ 2011


ကရင်နှစ်သစ်ကူးနေ့ ညမှာပဲ ထိုင်း၊ မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီခရိုင် ဖလူးကြီး၊ ဖလူးလေး ရွာအနီးမှာ ကရင်လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့အကြား ၃ နာရီကျော်ကြာ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး ဒီမနက်မှာလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေဟာ အလုပ်အကိုင်တွေ ရပ်နားခဲ့ကြရပါတယ်။ ညဘက်မှာ ဖြစ်တာကြောင့် ပြေးလွှားချိန် မရဘဲ အိမ်အောက်က ဗုံးခိုကျင်းတွေမှာ နေထိုင်နေခဲ့ကြရပြီး တိုက်ပွဲတွေအတွင်း မြန်မာစစ်တပ်ဘက်က ရာနဲ့ချီရှိတဲ့ အပြာရောင် ၀တ်ထားတဲ့ အရပ်သား ပေါ်တာတွေကို ၅ ယောက်စီ ကြိုးနဲ့ချည်ပြီး လက်နက်ခဲယမ်း အပါအ၀င် စစ်ပစ္စည်းတွေကို ထမ်းခိုင်းနေတာ မြင်ရတယ်လို့ DKBA နဲ့ ဒေသခံတွေက ပြောပြပါတယ်။
ပင်လုံစိတ်ဓာတ် ကင်းမဲ့မှု တိုင်းရင်းသား ခေါင်းဆောင်တွေ ဝေဖန်

By မသင်းသီရိ အင်္ဂါ, 04 ဇန်နဝါရီ 2011


လွန်ခဲ့တဲ့ ၆၃ နှစ် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးကတည်းက အခုချိန်ထိ နှစ်တွေ ကြာလာခဲ့ပေမဲ့ စစ်မှန်တဲ့ ပြည်ထောင်စုနိုင်ငံကို မတည်ထောင်နိုင်ခဲ့ဘူးလို့ ပြည်တွင်းက နိုင်ငံရေးသမား တချို့က သုံးသပ်ကြပါတယ်။ လွတ်လပ်ရေး ရပြီးကတည်းက အဆင့်ဆင့် ပြောင်းလဲလာတဲ့ အစိုးရလက်ထက် တလျှောက်လုံးမှာ ပင်လုံစိတ်ဓာတ်ကို အပြည့်အ၀ အကောင်အထည် ဖော်နိုင်တာ မရှိသေးသလို တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဆိုတာကလည်း အပြောသာရှိခဲ့ပြီး လက်တွေ့လုပ်ဆောင်ခြင်း မရှိဘူးလို့ တိုင်းရင်းသား ခေါင်းဆောင်တွေက သုံးသပ်ကြပါတယ်။

တကယ်တော့ မြန်မာနိုင်ငံမှာ တိုင်းရင်းသား ပဋိပက္ခတွေ ချုပ်ငြိမ်းပြီးတော့ စစ်မှန်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စုတခု ဖြစ်လာဖို့အတွက် ဒုတိယ ပင်လုံညီလာခံ ခေါ်ယူနိုင်ဖို့ ကိစ္စကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စီစဉ်နေတာဖြစ်ပြီး ဒါကိုလည်း တိုင်းရင်းသား အဖွဲ့တွေက ကြိုဆို ထောက်ခံထားပါတယ်။
ဖြိုးဝေအောင်အတွက် ကြားဝင်ဆောင်ရွက်ပေးဖို့ ALRC ကုလကို တိုက်တွန်း

By ဦးသားညွန့်ဦး ဗုဒ္ဓဟူး, 05 ဇန်နဝါရီ 2011


ပြီးခဲ့တဲ့နှစ် သင်္ကြန်ပွဲတော်အတွင်း ဗုံးကွဲမှုနဲ့ ဆက်စပ်လို့ သံသယနဲ့ ဖမ်းဆီးခံထားရတဲ့ ကိုဖြိုးဝေအောင်ကို အာဏာပိုင်တွေဘက်က နှိပ်စက်ညှဉ်းပန်းပြီး ဖြောင့်ချက် အတင်းပေးခိုင်းခဲ့တာကြောင့် အခုလို ဖမ်းဆီးခံရသူတွေအပေါ် ညှဉ်းပန်း နှိပ်စက်မှုတွေ ကိစ္စ ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းပေးဖို့ အာရှဒေသ ဥပဒေရေးရာ အဖွဲ့တဖွဲ့ကနေ ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိတွေကို တိုက်တွန်းလိုက်ပါတယ်။

“မြန်မာနိုင်ငံတွင်းမှာ လက်ရှိ ဒီအကျဉ်းထောင်တွေ အတွင်းမှာ ရဲအရာရှိတွေက သော်လည်းကောင်း၊ သတင်းတပ်ဖွဲ့က သော်လည်းကောင်း၊ အကျဉ်းဌာန ဦးစီးအရာရှိတွေက သော်လည်းကောင်း၊ နှိပ်စက်ညှဉ်းပန်းတဲ့ ကိစ္စရပ်တွေက အတော်အသင့် ရပ်ဆိုင်းသွားလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်တယ်။ နောက်ပြီးတော့ ဒီလိုမျိုး ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က နေပြီးတော့ ၀င်ရောက်ပြီး စုံစမ်းစစ်ဆေးတဲ့ ကိစ္စရပ်တွေ၊ မေးမြန်းတဲ့ ကိစ္စရပ်တွေ ပေါ်လာလို့ရှိရင် ကျနော်တို့ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ အကျဉ်းထောင်တွင်း အခြေအနေတွေကလည်း တစုံတရာ ပြောင်းလဲလာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်တဲ့အတွက် ကျနော်တို့ အခုလို ပေးပို့ရခြင်း ဖြစ်ပါတယ်။”
သုံးရောင်ခြယ် အလံသစ်အပေါ် ပြည်သူတွေ စိတ်ဝင်စားမှု နည်းပါး

By ဦးမိုးဇော် ဗုဒ္ဓဟူး, 05 ဇန်နဝါရီ 2011


၂၀၀၈ ဖွဲ့စည်းပုံဥပဒေအရ အသစ်ပြဋ္ဌာန်းလိုက်တဲ့ သုံးရောင်ခြယ် အလံတော်သစ်ကို ပြည်သူအများစုက စိတ်မ၀င်စားတာကြောင့် မနေ့က ဇန်န၀ါရီလ ၄ ရက်နေ့မှာ ကျရောက်တဲ့ လွတ်လပ်ရေးနေ့မှာ နေအိမ်တွေမှာ လွှင့်ထူတာ အတော်ကို နည်းပါးနေပါတယ်။ ရန်ကုန်နဲ့ မန္တလေး မြို့ကြီးတွေမှာ အစိုးရရုံး၊ စီးပွားရေး လုပ်ငန်းဆိုင်ရာ ရုံးနဲ့ ဘတ်စ်ကားတွေမှာသာ အနည်းအကျဉ်း လွှင့်ထူထားတာ တွေ့ရပေမဲ့ အိမ်ခြေ ၁၀၀ မှာ ၈၀ လောက်က မလွှင့်ကြဘူးလို့ ဒေသခံတွေက ခန့်မှန်း ပြောဆိုကြပါတယ်။

နိုင်ငံရေးပါတီ တချို့ကတော့ စစ်အစိုးရက ဦးဆောင် ရေးဆွဲခဲ့တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံတာကြောင့် အသစ်ပြောင်းလဲလိုက်တဲ့ အလံကိုလည်း အသိအမှတ် မပြုကြဘူးလို့ သိရပါတယ်။

http://www.voanews.com/burmese/news/

http://burmese.dvb.no/
ပြည်သူ့လွှတ်တော်ကို ယခုလလယ်တွင် ခေါ်မည်ဟု ဦးခင်ရွှေ ပြော
ကိုဝိုင်း | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၀၅ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၅၆ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ၁၉၈၈ ခုနှစ်နောက်ပိုင်း ပထမဆုံး ပြည်သူ့လွှတ်တော်ကို ယခုလလယ်တွင် ခေါ်ယူရန်ရှိသည်ဟု အမတ်နေရာ အများဆုံးရသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမျိုးသားလွှတ်တော်အမတ် ဦးခင်ရွှေက ခန့်မှန်းပြောဆိုသည်။

“ဒီလ ၁၄ ရက်နေ့လောက် ပြည်သူ့လွှတ်တော် စမှာပါ။ တရားဝင်စာတော့ မထွက်သေးဘူး။ စပြီးရင် ၇ ရက်ဆိုရင် အမျိုးသားလွှတ်တော်။ ပြီးရင် ပြည်ထောင်စုလွှတ်တော်” ဟု ဇေကမ္ဘာကုမ္ပဏီ ပိုင်ရှင်လည်းဖြစ်သူ ဦးခင်ရွှေက မဇ္ဈိမကို ပြောသည်။

၂ဝဝ၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေထဲတွင် ပြည်သူ့လွှတ်တော် စတင်ပြီး တပတ်အတွင်း အမျိုးသား လွှတ်တော်ကို ခေါ်ယူရမည်ဟု ပြဋ္ဌာန်းထားသည်။ ထို့နောက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း၍ ၁၅ ရက်အတွင်း ပြည်ထောင်စု လွှတ်တော်ကို ကျင်းပရမည်ဟုလည်း ပါရှိသည်။

ကြံဖွံ့ပါတီက တနိုင်ငံလုံးတွင် ၇၄ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရပြီး အစိုးရဖွဲ့မည်ဟု ဦးခင်ရွှေက ပြောဆိုနေသော်လည်း ရွေးကောက်ပွဲ၌ မဲမသာမှုများ ရှိနေကြောင်း လတ်တလော ကြံ့ဖွံ့ပါတီနှင့် ပြိုင်ဘက် အမတ်များအကြား အပြန်အလှန် တရားစွဲဆိုမှုများက သက်သေပြနေသည်။
ဘွဲ့တံဆိပ်ဖြင့် နအဖ ဘာသာရေး သြဇာယူ
မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၀၅ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၂၀ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ(မဇ္ဈိမ) ။ ။ စစ်အစိုးရက သံဃာတော်များနှင့် လူပုဂ္ဂိုလ်များကို ဘွဲ့တံဆိပ်များ ချီးမြှင့်နေခြင်းမှာ နိုင်ငံရေးအရ အကျိုးအမြတ် ရှာနေခြင်းဖြစ်ကြောင်း အိန္ဒိယနိုင်ငံ နယူးဒေလီရှိ ရွှေဝါရောင်ကျောင်းတိုက် ဆရာတော် ဦးပညာဇောတက မိန့်ကြားလိုက်သည်။

အထူးသဖြင့် သံဃာ့အသိုင်းအဝိုင်းတွင် သြဇာကြီးသည့် ဆရာတော်များကို ယင်းသို့ ဘွဲ့တံဆိပ်ချီးမြင့်ခြင်းသည် ၂ဝဝ၇ ခုနှစ် သံဃာ့အရေးအခင်းတွင် ကျရှုံးခဲ့သည့် ဘာသာရေးသြဇာကို ပြန်လည် အဖတ်ဆည်ရန် ကြိုးစားခြင်းဖြစ်ကြောင်း ဆရာတော်က မိန့်ကြားခြင်း ဖြစ်သည်။
ညီညွတ်ရေး လိုအပ်ဟု ဒဂုန်တာရာ နှစ်သစ်ကူးစကား ပြော
မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၀၅ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၃၆ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။ ။ “နိုင်ငံငြိမ်းချမ်းရေးအတွက် ညီညွတ်ရေး တည်ဆောက်ရန် လိုသည်” ဟု စာရေးဆရာကြီး ဒဂုန်တာရာက ရန်ကုန်တွင် ယမန်နေ့ ပြုလုပ်ခဲ့သည့် နှစ်သစ်ကူးနှင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စာရေးဆရာများနှင့် မိတ်ဆုံစားပွဲ၌ ပြောဆိုခဲ့ကြောင်း သတင်းစာဆရာကြီး ဦးဝင်းတင် (ဟံသာဝတီ) က ပြောပြသည်။

ပန်းဆိုးတန်းလမ်းရှိ နန်းယု စားသောက်ဆိုင်၌ ညနေပိုင်းတွင် ၂ဝ၁၁ နှစ်သစ်ကူးပွဲနှင့် လွတ်လပ်ရေး မိတ်ဆုံစားပွဲအဖြစ် စာရေးဆရာများ စီစဉ်ပြုလုပ်သည့် ယင်းပွဲသို့ ဒဂုန်တာရာ၊ ပါရဂူ၊ ဦးဝင်းတင်၊ မောင်မိုးသူ၊ အံ့မောင် စသည့် စာရေးဆရာကြီးများအပါအဝင် ကဗျာဆရာနှင့် စာရေးဆရာ ၄ဝ ခန့် တက်ရောက်စဉ် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

http://mizzimaburmese.com/
“၂၀၁၁ က ညစ်ပတ်စွာ ကြိုဆိုပါ၏” (ကာတွန်း ဘီရုမာ - ဧရာဝတီဝက်ဘ်ဆိုက်)

Myo Thein's Burma Democratisation Strategy

BBC TV: Myo Thein on Burma's Future

BBC TV: Myo Thein on BBC Burmese Service's Impact on Burma

Burma Democratic Concern (BDC) Director Myo Thein's Perspective on Burma by Radio Free Asia (RFA)

Wednesday, 5 January 2011

Calendar 2011 Burmese 2011

Calendar 2011 Burmese 20110101

WORDPRESS CODE

[scribd id=46144511 key=key-29h45v476ttqgpqjqri8 mode=list]

Burma's new future bright stars

Attn;

All commarades & friends;
Excellence sir;
I would like to present the article"- Burma's New Future Bright Stars" as the memo of 63rd,Anniversity of Burma's independence Day under the following;


" BURMA'S NEW FUTURE BRIGHT STARS"
Our national people's leaders-General Aung Sann and mysters could get our Burma's independence on Jan,4th,1948 on our national people's treatty of Pinlone Conference on Feb,12th,1947 and they are Thakhin Aung Sann(Ko Aung Sann),Thakhin Mya,U Ba Win(the eldest brother of General Aung Sann),Dedoke-U Ba Cho,MarnBa Khine(Karen),U Razatt( Indian-Burman head master of National school,Mandalay,upper Bur),U Ohn Mg,Mineporn Saw Bwa-Sa san Htun(Shan) & Ko Htwae who were from our Burma's new bright generations of All Burma's national peoples.
They tried to get our Burma's Independence with leading of BIA,BDA,BDF,AFPLL,Pyithu Ayaetawpone organization,Communist Party(CPB),Socialist Party,Trade Unions, All Burma's Students' Union,University Students' Union,Doe Bama Asiayone and GCBA(Pe-Pu-Shein-Hlaing).
Our student's leaders were Ko Nu,Ko Aung Sann,Ko Raship(Indian-Burman),Ko Ba Hein,Ko Hla Pe(Bo Let Yar,a member of 30.commarades),Ko Hla Mg(Bo Zay Ya, a member of 30-commarades),Arnarshin-Ko Hla Shwe,Ko Ba Swe,Ko Aung Kyaw,Ko Thet,Ko Hla,Ko Ba Swe Lay and others and then,Ko Tin Mg Oo(Chin national university Student's leader,hanged at Insein-prison),Ko Tin Aye Kyu(a)Ko Mhile(RIT-University student's leader in 1976),Khin Ma Ma(University student's leader in 1974),Min Ko Naing(University student's leader on 8/8/88),Ko Ko Gyi(88),Min Zay Yar(88),Tin Aye(88),Htay Kywe(88),Jimmy(a) Myo Min Yu(88),NiLar Thein(88),Mya Aye(88),Myo Yan Naung Thein(88) and extra and 90-generations,96-generations,9999-generations,07-generations, 08-generations and eatra & extra.
Especially! Daw Aung Sann Su Kyi with 8888-democratic movement became All Burma's national people's leader & Burma's global democratic leader too with global democratic leaders and she is trying to construct the real democratic union of Burma on second pinlone conference,related by first pinlone conference of her Pa Pa- national people's leader-General Aung Sann & others and so, her second pinlone conference will be sympathied by all Burma's national peoples( All Nationalities,Ethinics,classes & stratas).
Other woman's generations-Ni Lar Thein,Su Su Nawe,Zorapham,Wae Hnin Pwint Thone & others became the brave & bright woman-leaders on the historical steps of Daw Su and so,we shall have to acknowledge of her democratic endeavors and she were socalled by our democratic acivities as New Aung Sann Su Kyi.
But some personally attacked Wae Hnin Pwint Thone, daughter of Mya Aye,88-student's leader together with us at Insein-prison for many years as the supporter on Musilim gangs and we are very sorry on their wicket personal attacking and we could get our independence on All Burma's national people's solidarity on Jan,4th,1948 and now,we shall have to get our second Burma's independence on second pinlone conference(21st,pinlone conference) on All Burma's national people's democratic solidarity(All Burma's nations-Ethinics,classes & stratas) and so,we shall have to avoid the un-necessity- group-struggles, All Burma's national people's conflicts & religional conflicts.
In this way,we should welcome our Burma's new future bright stars on Democracy,Human rights,National reconcilation & modern developments for our mother country together with global democratic forces.
thanking you in anticipation;
best regards;

yours'

(U Thi Ha Tint Swe)
Patron for B.D.C,U.S.A.
P.P for 14.yrs(89 to 02).
G.S-1 for N.P.F(Reg No;120(88 to 89).
Vice chairman-2 for G.S.C(Rgn)(8888).
Ph;(509)582-3261.





--
Myo Thein
Director
Burma Democratic Concern (BDC)
myothein19@gmail.com
myothein@bdcburma.org
+44 208 493 9137
+44 787 788 2386
Skype: myo.thein19
Gtalk: myothein19

http://bdcburma.org/
http://bdcburma.wordpress.com/
http://bdc-burma.blogspot.com/
http://twitter.com/bdcburma

http://www.youtube.com/watch?v=O1H0P3CoDJE
http://www.youtube.com/watch?v=3Ty7rOu6PQo
http://www.youtube.com/watch?v=gJ27znMuLiE&feature=related
http://www.youtube.com/watch?v=oflgocF-JSU

Please sign the petition, "Implement Burma's 1990 election results in which Aung San Suu Kyi led NLD won landslide victory", http://www.gopetition.com/petitions/implement-1990-elections-result-in-burma.html

Burma Democratic Concern (BDC) is the global campaigning and lobbying organisation to restore democracy, human rights and rule of law in Burma where everyone can enjoy the freedom of speech, press, beliefs, assembly and rule of law that emphasizes the protection of individual rights. Burma Democratic Concern (BDC) is the registered company in UK, and register number is 6496926. Register address: 2nd Floor, 145-157, St John Street, London, United Kingdom, EC1V 4PY.

63rd anniversary of Burma’s Independence Day on 4th January 2011 (Tue) in front of the Burmese Embassy in UK.

Independence

Burma Democratic Concern (BDCs): Let’s work together bringing the meaning of true independence
realities in Burma

04 January 2011

Burma Democratic Concern (BDC) will hold the demonstration to commemorate the 63rd anniversary
of Burma’s Independence Day on 4th January 2011 (Tue) in front of the Burmese Embassy in UK in
order to call for the Burmese military regime to enter the genuine time-bound dialogue with Daw
Aung San Suu Kyi led Democratic and ethnics leaders so as to find the solution peacefully in Burma
and to call for to release all the political prisoners immediately and unconditionally.

Burma Democratic Concern (BDC) believe that it will be the best solution for Burma so as to have
WIN / WIN solutions for all the parties concerned in order to have genuine national reconciliation in
Burma.

Even though Burma gained independence on 4th January 1948, Burmese people cannot enjoys the
true meaning of independence yet due to the oppression of the successive military dictatorships, due
to the civil wars and due to the corruptions and mismanagements of the successive ruling military
dictators.

Burma Democratic Concern (BDC) welcomes the release of the Burma’s democratically elected
legitimate leader Daw Aung San Suu Kyi. Burma Democratic Concern (BDC) earnestly calls for the
military regime to release thousands of political prisoners languish in the Burma’s notorious prisons
immediately and unconditionally and to do genuine time-bound dialogue with Daw Aung San Suu Kyi
in order to achieve genuine national reconciliation in Burma.”

Burma gained independence under the leadership of Bogyoke Aung San and we are looking forward
to the days when Burmese people will be able to enjoy true independence under the leadership of Daw
Aung San Suu Kyi.

Burma Democratic Concern (BDC) earnestly believes that the best days will come soon when Burmese
people will be able to enjoy the fruits of democracy, human rights and rule of law in Burma.

Burma Democratic Concern (BDCs) is destined to democratise Burma so as to establish a progressive
peaceful prosperous nation where everyone can enjoy the freedom of speech, press, beliefs, assembly
and rule of law that emphasizes the protection of individual rights.

Together we can bring the national reconciliation realities in Burma.

YES WE CAN BRING THE BEST DAYS IN BURMA !

For more information please contact

Myo Thein [United Kingdom]

Phone: 00-44-78 7788 2386, 00-44-208 4939 137

U Khin Maung Win [United States]

Phone: 001-941-961-2622

Daw Khin Aye Aye Mar [United States]

Phone: 001 509 586 8309

U Tint Swe Thiha [United States]

Phone: 001-509-582-3261, 001-509-591-8459

Program Details:

Date: 04 January 2011 (Tue)

Time: 13:00-14:00 PM

Place: In front of the Burmese Embassy in London, UK

Address: 19A Charles St, London W1J 5DX

Map: http://maps.google.co.uk/maps/place?rlz=1C1RNNN_enGB360GB360&um=1&ie=UTF-
8&q=burmese+embassy+in+london&fb=1&gl=uk&hq=burmese+embassy&hnear=Westminster%2C+
London&cid=3073808709272550182

Tuesday, 4 January 2011

ချီဖွေ ရေကာတာ စီမံကိန်း စတင်

ချီဖွေ ရေကာတာ စီမံကိန်း စတင်
ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၂၂ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၁၇ မိနစ်

ချင်းမိုင်(မဇ္စျိမ)။ ။ ကချင်ပြည်နယ် ရေအားလျှပ်စစ်စီမံကိန်း ၇ ခုမှ ဒုတိယအကြီးဆုံး ချီဖွေရေကာတာ စီမံကိန်း ဖွင့်ပွဲ ယနေ့ကျင်းပသည်။ချီဖွေမြို့မြောက်ဘက် ၁ဝ မိုင်ကွာ မန်ဒုံကျေးရွာအနီး မေခမြစ်တွင် တည်ဆောက်နေသော ချီဖွေရေကာတာ စီမံကိန်း လုပ်ငန်းစတင်သည့် အခမ်းအနားသို့ အမှတ် (၁) လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇေယျာအောင်တို့ တက်ရောက်ခဲ့သည်ဟု ကေအိုင်အို အသိုင်းအဝိုင်းမှ သိရသည်။

တရုတ်နိုင်ငံ စွမ်းအင်ရင်းနှီးမြုပ်နှံ့မှု ကော်ပိုရေးရှင်းနှင့်
asiaworlddam1

ချီဖွေရေကာတာ စီမံကိန်း မြေပုံ
အေးရှားဝေါ ကုမ္ပဏီတို့ ပူးပေါင်း အကောင်အထည် ဖော်နေသော စီမံကိန်းအတွင်း မေခမြစ်ပေါ်တွင် တံတားဆောက်ရန် ရှိသဖြင့် စစ်အစိုးရနှင့် ကချင်လွတ် မြောက် ရေး အဖွဲ့တို့ ညှိနှိုင်းဆွေးနွေးကာ လက်ရှိ ချီဖွေလုံခြုံရေးကို ပူးတွဲ တာဝန်ယူထားသည်ဟု ကချင်အဖွဲ့ သတင်းရင်းမြစ်တခုက ပြောသည်။မေခမြစ် အနောက်ဘက်ခြမ်းသည် ကေအိုင်အို၏ တပ်မဟာ ၁ လက်အောက် တပ်ရင်း ၁ဝ အုပ်ချုပ်သည့် နယ်မြေဖြစ်ပြီး မေခမြစ် အရှေ့ဘက်ခြမ်းသည် နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲလိုက်ပြီ ဖြစ်သော ယခင် ကချင်ဒီမိုကရေစီသစ် တပ်မတော် ထိန်းချုပ်နယ်မြေ ဖြစ်သည်။

ချီဖွေရေကာတာ စီမံကိန်းကြောင့် လယ်ဧကပေါင်း ၁ဝဝ ကျော် ဖျက်ဆီးခံခဲ့ရသည်ဟု ယမန်နှစ် အောက်တိုဘာလက ကချင်လူမှုဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်အဖွဲ့ KDND ၏ “ရေဖုံးလွှမ်းမှုကို ခုခံ တွန်းလှန်ခြင်း” အစီရင်ခံစာတွင် ဖော်ပြထားသည်။ကေအိုင်အို အုပ်ချုပ်သည့် နယ်မြေမှ ညော်မောပါ၊ ကျန်နောင်ရွာကြီးများ အပါအဝင် ရွာငယ် အနည်းဆုံး ၃ဝ ကျော် ယင်းစီမံကိန်းကြောင့် ရွှေ့ရမည် ဖြစ်သော်လည်း ယနေ့ထိ ပြောင်းရွှေ့ရန် မပြောသေးကြောင်း သိရသည်။

asiaworlddam

ချီဖွေ ရေအားလျှပ်စစ် စီမံကိန်း စတင်ခြင်းအခမ်းအနား ဖိတ်ကြားလွှာ
ဧရာဝတီ၊ မေခ၊ မလိခမြစ်ကြောင်းတလျှောက်ရှိ မြစ်ဆုံ၊ ချီဖွေ၊ ခေါင်လံဖူး၊ ပရှီး၊ ဖီဇော၊ လဇာ၊ လကင် စသည့် ဒေသများ၌ အများဆုံး ၃,၆ဝဝ မဂ္ဂါဝပ်မှ အနည်းဆုံး ၁,၄ဝဝ မဂ္ဂါဝပ် စုစုပေါင်း ၁၃,၃၆ဝ မဂ္ဂါဝပ် ထုတ်လုပ်မည်ဟု စစ်အစိုးရက ၂ဝဝ၇ မေ ၆ ရက်က ထုတ်ပြန်ထားသည်။

ကျေးရွာ ၆ဝ ခန့်က လူပေါင်း ၁၅,ဝဝဝ ခန့် ပြောင်းရွှေ့ခံရမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အားကို တရုတ်နိုင်ငံသို့ ရောင်းချရန် ဖြစ်သည်ဟု ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ KDNG မှ ဆိုသည်။

ဒုတိယ အကြီးဆုံး ချီဖွေ ရေကာတာ စီမံကိန်းမှ မဂ္ဂါဝပ် ၂ဝဝဝ ထုတ်လုပ်မည်ဖြစ်ပြီး ဧရာဝတီမြစ်ပေါ်မှ မြစ်ဆုံရေကာတာ စီမံကိန်းက ၃၆ဝဝ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည် ဖြစ်သည်။ ထိုရေကာတာ စီမံကိန်း နှစ်ခုကို ပထမဆုံး အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။

မြစ်ဆုံအောက်ဘက် မြစ်ကြီးနားမြို့မှ မိုင် ၂ဝ အကွာ ကျိန်ခရန်နှင့် လုံကာဇွပ်ရွာကြားတွင် အောင်မြင်သာ စံပြကျေးရွာဟု အမည်ပေးကာ မနေ့ကအပ်နှင်းပွဲ ကျင်းပခဲ့သည်။ ၁၆ ဦးဆံ့ တိုက်နယ်ဆေးရုံ၊ ကွန်ကရစ်လမ်းနှင့် တံတား ဖွင့်ပွဲ အခမ်းအနားပါ ပြုလုပ်ခဲ့သည်။
မန္တလေး စိမ်းရောင်စို ဟောပြောပွဲ လူ ၃၀၀ တက်
အောင်မြတ်စိုး | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၂၂ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၃၀ မိနစ်
ဘန်ကောက် (မဇ္ဈိမ) ။ ။ မန္တလေးဆင်ခြေဖုံးတွင် စိမ်းရောင်စိုအဖွဲ့က ယမန်နေ့က ပထမဆုံးကျင်းပသော ပတ်ဝန်းကျင် ဟောပြောပွဲသို့ လူ ၃ဝဝ ခန့် တက်ပြီး ပရိသတ်များကို ထမင်းကျွေး ဧည့်ခံခဲ့သည်ဟု သိရသည်။ မဟာအောင်မြေမြို့နယ်ရှိ မစိုးရိမ်ကျောင်းတိုက်တွင် ကျင်းပသော “ရာသီဥတုပြောင်းလဲခြင်း၊ သဘာဝ ဝန်းကျင်နှင့် ကျွန်ုပ်တို့၏တာဝန်” ဆိုသောခေါင်းစဉ်ဖြင့် ပတ်ဝန်းကျင်ဆိုင်ရာ ဟောပြောပွဲကို မန္တလေး စာရေးဆရာများ ဦးဆောင်သော စိမ်းရောင်စိုအဖွဲ့က ကျင်းပသည်။

မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ရာသီဥတု
utunlwin

မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်
အပြာင်းအလဲကို အဓိကထားဟောကာ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင် ဦးဝင်းမျိုးသူက ကမ္ဘာကြီး၏ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုနှင့် အိုဇုန်းလွှာ အကြောင်းများ ဟောသည်ဟု တက်ရောက်ခဲ့သူတဦးက ဆိုသည်။“အကျိုးအမြတ်ကတော့ အများကြီး ရလိုက်ပါတယ်။ ဟောပြောပွဲ တက်လာကြသူတွေမှာ စာရေးဆရာ တော်တော်များများ ပါဝင်ပါတယ်။ သူတို့ တတွေရော တက်ရောက်လာကြတဲ့သူတွေရော ရာသီဥတုဆိုင်ရာ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အသိတွေ သိကြရပါတယ်” ဟု အခမ်းအနား တက်ရောက်သူ တဦးက မဇ္ဈိမသို့ ပောသည်။

စိမ်းရောင်စိုအဖွဲ့ကို ယခုနှစ်မေလ(၂၁)ရက်တွင် စာရေးဆရာများ၊ သစ်ပင်ချစ်သူများဖြင့် စတင် တည်ထောင်ခဲ့ပြီး သစ်ပင်စိုက်ပျိုးခဲ့သည်မှာ (၁၈)ကြိမ်ရှိခဲ့ကာ အပင်ရေအားဖြင့် (၅,ဝဝဝ) ကျော်ကို မန္တလေးနှင့် အနီိးတဝိုက်ရှိ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများတွင် စိုက်ပျိုးပေးခဲ့သည်ဟု အဖွဲ့ဦးဆောင်သူတဦးက ပြောကြားသည်။
greentree

စိမ်းရောင်စို အဖွဲ့သားများ
ထို့ပြင် မန္တလေးရေဘေး၊ ရခိုင်ပြည်နယ်လေဘေး ကူညီရေးနှင့် စာသင်ကျောင်းဆောင်များ ဆောက်လုပ်မှုတို့ကိုလည်း အဖွဲ့က ပြုလုပ်နေသည်။

မန္တလေးတွင် ယခုနှစ်မေလက အပူလှိုင်း ဖြတ်ခဲ့၍ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များ သေဆုံးခဲ့ကြရသည်။ သို့အတွက် စိမ်းရောင်စို ပေါ်ပေါက်လာရသည်ဟု သူကဆိုသည်။“လူတွေကို ပတ်ဝန်းကျင်ရာသီဥတု ပြောင်းလဲ လာ တာနဲ့အမျှ ဖြစ်လာမယ့် သဘာဝ အသိပညာ ပေးချင်တာရယ် သိပြီးတော့ လိုက်ပါ ဆောင်ရွက်ချင်စိတ် ရှိလာအောင်ရယ် ရည်ရွယ်ပါတယ်” ဟု စိမ်းရောင်စိုအဖွဲ့မှ ကိုမောင်မောင်ဦးက မဇ္ဈိမသို့ပြောသည်။
နောက်ထပ်လည်း ဟောပြောပွဲများ ဆက်လုပ်သွားမည်ဟု ကိုမောင်မောင်ဦးက ဆိုသည်။ ကုန်ကျစရိတ် အစုစုအတွက် မြို့ခံ ရပ်မိရပ်ဖများနှင့် စေတနာရှင် အလှူရှင်များက လှူဒါန်းသည်။
ကျောင်းက ကောက်ခံသည့် ငွေမထည့်နိုင်သူများကို ဆရာမက ရိုက်နှက်

အတန်းပိုင်ဆရာမက ကျောင်းသားများထံ ငွေကြေးကောက်ခံရာတွင် မထည့်နိုင်သည့် ကျောင်းသားများအား ရိုက်နှက်မှုကို ပြုလုပ်နေသည့်အတွက် ကျောင်းသားမိဘများ မကျေမနပ်ဖြစ်နေကြသည်။ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် အထက (၂) ပဉ္စမတန်း (F)မှ အတန်းပိုင်းဆရာမ ဒေါ်စန်းစန်းဝင်းက ငွေကြေးမထည့်နိုင်သည့် ကျောင်းသားများကို ရိုက်နှက်ခြင်းဖြစ်ကြောင်း ကျောင်းသားမိဘတဦးက ပြောသည်။“ကျောင်းမှာ ခေါင်းစဉ်အမျိုးမျိုးနဲ့ ကလေးတယောက်ကို ၁၅၀၀ ကျပ် ကောက်ပါတယ်။ အဲဒါကို (၅) တန်း (F) အခန်းက အတန်းပိုင် ဆရာမက အတင်းကောက်ခံပြီး ပိုက်ဆံမပေးနိုင်တဲ့ ကလေးတွေအားလုံးကို ရိုက်တာ၊ အဲဒီအတွက် မိဘတွေက မကျေနပ်ကြဘူး” ဟု ပြောသည်/ ကျောင်းသားများထံမှ ကျောင်းသားစုံညီပွဲတော်အတွက် (၅၀၀) ကျပ်၊ ပြက္ခဒိန်ကြေး (၅၀၀) ကျပ်၊ ကျောင်းဆရာမတစ်ယောက် ပင်စင်ယူသွားသည့်အတွက် ကျောင်းသားတဦးလျှင် (၃၀၀) ကျပ်၊ စာမေးပွဲကြေး (၂၀၀) ကျပ် အသီးသီးကောက်ခံနေခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ပိုက်ဆံကောက်တာက သဒ္ဒါကြေးအနေနဲ့ မကောက်ခံဘဲ အတင်းဓါးမြတိုက်သလို ကောက်ခံနေတာ၊ ကျောင်းစတက်ကတည်းက ကောက်ခံနေတဲ့ အခွန်ခတွေက အရမ်းများလွန်တဲ့အပြင် ဘာကြေးကို ဘယ်လိုပေးနေရမှန်း မသိအောင် ခဏခဏပေးနေရတယ်” ဟု ကျောင်းသားမိဘတဦးက ဆက်ပြောသည် ကျောင်းသားမိဘများ အနေဖြင့် ယင်းကဲ့သို့ ကျောင်းဆရာ၊ ဆရာမများ၏ လုပ်ရပ်ကို အထက်ပညာရေး အာဏာပိုင်များထံ တိုင်တန်းလိုသော်လည်း သက်ဆိုင်ရာအာဏာပိုင်များက လာရောက်စစ်ဆေးမှုသာရှိပြီး အရေးယူဆောင်ရွက်ခြင်း မရှိကြောင်း၎င်းက ဆက်ပြောသည်။“တိုင်ရင်လည်း သူတို့လူနဲ့ သူတို့ဆိုတော့ အချည်းနှီးဖြစ်မှာဆိုတာကြောင့် မတိုင်ဖြစ်တာ၊ တိုင်လည်း အထက်ကလာစစ်တာဘဲရှိတယ် အရေးယူတာ တခါမှမတွေ့ဘူးသေးဘူး” ဟု ပြောသည်။မြန်မာနိုင်ငံ၏ ပညာရေးစနစ်တွင် အကျင့်ပျက်ခြစားမှုများစွာရှိပြီး ပညာရေးကို ငွေဖြင့်ပေးဝယ်နေရကာ ငွေကြေးမတတ်နိုင်သည့်အတွက် ကျောင်းထွက်ရသည့် ကျောင်းသားပေါင်းများစွာရှိကြောင်း ကျောင်းသားမိဘတဦးက ပြောသည်။












more



more



more



more



more



more



more



more



more



more



more



more



more



more



more



more



more



more



more



more
ဒီကေဘီအေနှင့် ၄ ရက်မြောက် တိုက်ပွဲ
ကျော်ခ | အင်္ဂါနေ့၊ ဒီဇင်ဘာလ ၂၁ ရက် ၂၀၁၀ ခုနှစ် ၁၆ နာရီ ၂၉ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ ကရင်ပြည်နယ်တွင် နယ်ခြားစောင့်တပ်ပြောင်းရေး လက်မခံသော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် ဒီကေဘီအေ နှင့် စစ်အစိုးရတပ်များ ၄ ရက်မြောက် တိုက်ပွဲ ဆက်ဖြစ်ပွားနေကြောင်း ဒီကေဘီအေ ဗဟို ဌာနချုပ်က ယနေ့မနက်ကပြောသည်။ယနေ့မနက်ပိုင်း မြဝတီမြို့နယ် ဖလူးလေး ဘုရားကုန်းတွင် ဗိုလ်မှူးကြီးကျော်သက် ဦးစီးသည့် ဒီကေဘီအေ ကလို့ထူးဖော အမှတ် ၂ ဗျူဟာ တပ်ရင်းများနှင့် စစ်ဆင်ရေးနှင့် ကွပ်ကဲရေးဌာနချုပ် ၁၂ လက်အောက်ခံ ခမရ ၅၄၇၊ ၃၅၆၊ ခလရ ၂၃ဝ တို့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားနေသည်ဟု ဆိုသည်။“ကျနော်တို့ ဘက်က ဗျူဟာမှူး ဗိုလ်ကျော်သက် လက်အောက်ခံ တပ်ရင်းတွေနဲ့ စစ်တပ်နဲ့ ဒီနေ့မနက်ပိုင်း ဘုရားကုန်း မှာ ပစ်နေကြပြီ။ အခုအချိန်ထိ တိုက်နေတုန်းပဲ ထိခိုက်၊ အသေအပျောက်ကတော့ ဘာစာရင်းမှ မရသေးဘူး” ဟု ဒီကေဘီအေ ဗဟိုဆက်သွယ်ရေးဌာနချုပ်မှ ဗိုလ်မှူး ချစ်စရာက မဇ္ဈိမကို ပြောသည်။

ယနေ့မနက် ၁၁ နာရီ ၂၅ မိနစ်က စတင်ပစ်ခတ်ခဲ့ပြီး မဇ္ဈိမက ဒီကေဘီအေ ဗဟို ဌာနချုပ်သို့ ဆက်သွယ်မေးမြန်းချိန် ထိုင်းစံတော်ချိန် ၁ နာရီ ခွဲထိ တိုက်ခိုက်နေသေး ကြောင်း သိရသည်။မြဝတီမြို့နယ်တွင် တိုက်ပွဲဖြစ်နေချိန် ကော့ကရိတ်မြို့နယ်ေ ဝါလေဒေသ ကနဲလေးတွင်လည်း ၉ဝ၉ တပ်ရင်းနှင့် ကလို့ထူးဘော ဗဟို လုံခြုံရေး တပ်ခွဲတို့ ပူးပေါင်း၍ ဗိုလ်မှူး ဗညားဝင်း ဦးစီးသည့် ခလရ ၄ဝ၉ စစ်ကြောင်း ၂ နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒီကေဘီအေဘက်က ပြောသည်။“ဒီနေ့မနက် ၇ နာရီလောက်က ကနဲလေးဂွင်မှာ နှစ်ဖက်ပစ်ခတ်တုန်း ပြေးလွှားရင်းနဲ့ ကျနော်တို့ ထောင်ထားတဲ့ မိုင်းနင်းမိပြီး ဒဏ်ရာရသွားတာ။ မနေ့ကလဲ အဲဒီမိုင်းဂွင်ထဲမှာပဲ ဗိုလ်မှူးဗညားဝင်းတပ်ကပဲ ၂ ယောက် မိုင်းနင်းမိပြီး ခြေထောက်တွေ ပြတ်ကုန်တယ်” ဟု ဗိုလ်မှူး ချစ်စရာက ပြောသည်။စစ်အစိုးရက နယ်စပ်တွင် ပြန်လည်ပေါ်ပေါက်နေသောတိုက်ပွဲများနှင့် ပတ်သက်၍ ရေငုံနှုတ်ပိတ်နေဆဲ ဖြစ်သည်။

အဆိုပါ ကရင်ပြည်နယ် မြဝတီမြို့နယ် ဖလူးကြီး၊ ဖလူးလေးနှင့် ကော့ကရိတ် ဝေါလေဒေသတွင် ယခုလ ၁၈ ရက်ကစ၍ဖြစ်ပွားသော တိုက်ပွဲများကြောင့် လူ ၅ဝဝ ကျော် စစ်ဘေးတိမ်းရှောင်ကာ ထိုင်းနိုင်ငံဘက် ရောက်ရှိလာကြောင်း ထိုင်းနယ်စပ်မြို့ မဲဆောက်အခြစိုက် မယ်တော်ဆေးခန်း ကျန်းမာရေးမှူး ဦးသာဝင်းက ပြောသည်။
ဒုက္ခသည်များ ထိုင်းအာဏာပိုင်များထံ တရားဝင်ခိုလှုံခွင့် တောင်းဆိုပါက သေနတ်သံများ ငြိမ်သွားလျှင် ချက်ချင်းပြန်ပို့မည်ကို စိုးရိမ်ကြသဖြင့် မဲဆောက်မြို့၊ ဖုတ်ဖရာ့၊ မဲ့ကိုကင်းရွာရှိ အသိအိမ်များနှင့် လယ်တဲများ၊ စိုက်ပျိုးရေးခြံများ၊ သစ်ပင်များနှင့် သောင်ရင်း ချောင်းဘေးများတွင် မိုးကာစများခင်း၍ ပုန်းအောင်း ခိုလှုံနေကြသည်ဟု ဦးသာဝင်းက ပြောသည်။အကယ်၍ နအဖ စစ်တပ်က အလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခဲ့ပါက အင်အား ၁ဝဝဝ ကျော်သာရှိသည့် ဒီကေဘီအေ အနေဖြင့် ပြန်လည် ခုခံနိုင်စွမ်းမရှိပေမည့် နိုင်ငံရေးအရ မဖြေရှင်းမချင်း ပြောက်ကျားစနစ်ဖြင့် စစ်အစိုးရကို လက်နက်ကိုင်တိုက်သွားမည်ဟု ဗိုလ်မှူးစောအေဝမ်းက ပြောသည်။

1. ချီဖွေ ရေကာတာ စီမံကိန်း စတင်
2. မန္တလေး စိမ်းရောင်စို ဟောပြောပွဲ လူ ၃၀၀ တက်
3. သီရိမင်္ဂလာဈေး ပြောင်းရမည်
4. မြန်မာသင်္ဘောသား ၂၃ ဦး မိသားစုနှင့် အဆက်အသွယ်ရ
5. ဂီရိအကူ ၄၅ ရာနှုန်းသာ ပေးနိုင်သေးကြောင်း ကုလပူးပေါင်းအဖွဲ့ ပြော
6. အသင်းအဖွဲ့ ဥပဒေပြင်ရန်နှင့် တွေ့ဆုံဆွေးနွေးရန် ဗိုလ်ချုပ်မှူးကြီးထံ တောင်းဆို
7. ဒီကေဘီအေနှင့် ၄ ရက်မြောက် တိုက်ပွဲ
8. ကရင်ပြည်နယ်တွင်း တိုက်ပွဲများ ဆက်ဖြစ်
9. မြဝတီနှင့် ကော့ကရိတ်တွင် တိုက်ပွဲများ ဆက်ဖြစ်
10. ဘုရားသုံးဆူတွင် ဒီကေဘီအေနှင့် တိုက်ပွဲဖြစ်
11. မဲဆောက် မီးပန်းဖောက်မှု မြဝတီလန့်
12. DKBA တချို့ KNU နဲ့ပေါင်းဟုဆို
13. ငွေညှစ်ဂိုဏ်းပုံစံ မြန်မာ့အခွန်စနစ်
14. ဗိုလ်နှုတ်ခမ်းမွှေးမှာ အင်အား တထောင်ရှိပါသည်


မြန်မာနိုင်ငံက အာဏာရူးတွေကတော့ သဘာဝ ပတ်ဝန်းကျင်ကို အမြဲထိမ်းသိမ်း နေပါတယ် တဲ့ ... ဖတ်ရှု့ လိုက်ကြပါဦး။
တရုတ်နိုင်ငံသို့ ဖမ်းဆီးသတ်ဖြတ် ပို့ဆောင်ခြင်းခံနေရတဲ့ မြန်မာ့ရှားပါး တိရိစ္ဆာန် ကျားသတ္တဝါများ..
ဟူးကောင်းတောင်ကြား ဒေသမှ မြန်မာကျားတစ်ကောင်.. ယခုအချိန်မှာတော့ ကျားကောင်ရေ ၈၀ကျော်သာ ကျန်ရှိပါတော့တယ်..
တရုတ်နိုင်ငံမှာ ဈေးကောင်းရတဲ့ အတွက် အသတ်ဖြတ်ခံရပြီး ရောင်းစားခံနေရတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံက ကျားသတ္တဝါတွေပါ..

ပြီးခဲ့တဲ့ ၃ပတ်ခန့်က AFP သတင်းမှာ မြန်မာနိုင်ငံက ကျားရေခွံရောင်းဝယ်တဲ့ ဈေးကွက် အခြေအနေကို ဓာတ်ပုံတွေနဲ့ဖော်ပြထားပါတယ်...။ မြန်မာနိုင်ငံက ကျားရေခွံတွေကို တရုတ်နိုင်ငံက ဝယ်ယူတာဖြစ်ပြီး အရေခွံမပျက် ဦးခေါင်းပါ အပျက်အဆီးမရှိတဲ့ ကျားရေခွံတစ်ခုရဲ့ ရောင်းဈေးဟာ မြန်မာငွေ သိန်းတစ်ရာမှ ၁၅၀ထိ ဈေးရှိကြောင်း ပြည်တွင်းမှ ပေးပို့လာတဲ့ မြန်မာပြည်ကလာတဲ့စာ သတင်းတစ်ပုဒ်မှာ ဖော်ပြဘူးပါတယ်..။ ဒီကျားရေခွံတွေကို တရုတ်နိုင်ငံထဲ အထိသယ်ဆောင်ရာမှာ အကျင့်ပျက် ဝန်ထမ်းအဆင့်ဆင့် ကိုလာဘ်ပေး လ်ာယူ ပြုလုပ်ပြီး ဖမ်းဆီးသယ်ဆောင် ရတာဖြစ်ပါတယ်..။ ကျွန်တော်တို့ နိုင်ငံမှာ သယံဇာတတွေ ပေါများကြွယ်ဝတာတင် မကပဲ သဘာဝကပေးထားတဲ့ ရေမြေတောတောင် သဘာဝအလှတွေ၊ တောရိုင်းတိရိစ္ဆာန်တွေနဲ့ ပြည့်စုံတဲ့ တိုင်းပြည်တစ်ခုပါ..။

တိုင်းပြည်ကို မတရားတဲ့ အမိန့်အာဏာတွေနဲ့ အုပ်ချုပ်မင်းလုပ်နေသူတွေရဲ့ လွဲမှားချွတ်ချော်တဲ့ အုပ်ချုပ်ရေး ယန္တရားအောက်မှာ တိုင်းပြည်ဟာ တစတစ လုံးပါးပါးလာနေခဲ့ပါပြီ..။ ဆင်းရဲမွဲတေမှုရဲ့ အကျိုးဆက်.. အသိပညာချို့တဲ့မှုရဲ့ အကျိုးဆက်အဖြင့် လတ်တလော စားဝတ်နေရေး တစ်ခုတည်းကိုပဲ ဖြည့်ဆည်းဆောင်ရွက်နေရတဲ့ အခြေအနေအောက်မှာ တိုင်းပြည်ရဲ့ သဘာဝအမွေအနှစ် သယံဇာတတွေကို တန်ဘိုးထားရကောင်းမှန်း မသိတော့ပါဘူး..။
ဆိုင်းဘုတ်သာရှိပြီး အနှစ်သာရ လုပ်ဆောင်ချက် မရှိတဲ့ အခြေအနေတွေပါ..
တရုတ်နိုင်ငံဘက်မှ မြန်မာ့တောရိုင်း တိရိစ္ဆာန် ရောင်းချရာ ဈေးကွက်..
၉ရက် ၉လ ၂၀၁၀ခုနှစ်က France 24 မှာ ရေးသားထားတဲ့ Is the Burmese junta really saving tigers? မြန်မာစစ်အစိုးရ အမှန်တကယ် ကျားသတ္တဝါတွေကို ကယ်တင်ပေးနေလား? ဆိုတဲ့ဆောင်းပါး ပြန်ဖတ်ချင်ရင်နှိပ်ပါ
ယုဇနဦးဋ္ဌေးမြင့်ရဲ့ ဟူးကောင်းတောင်ကြားဒေသမှ သဘာဝပတ်ဝန်းကျင် ဖျက်ဆီးနေမှုများ..
စစ်အစိုးရရဲ့အကာအကွယ် ရရှိထားတဲ့ စစ်အာဏာရှင်တွေနဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင် ယုဇနဦးဋ္ဌေးမြင့် (ကြံ့ဖွံ့ မြိတ်မြို့နယ်အမတ်)ရဲ့ ဟူးကောင်းတောင်ကြားဒေသမှာ အရုပ်ဆိုးအကျည်းတန်တဲ့ ရွာတွေပြောင်းရွှေ့ တောတောင်တွေဖျက်ဆီးပြီး စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေတာဟာ ထိုဒေသမှာ နေထိုင်ကျက်စားကြတဲ့ သဘာဝ တောရိုင်းတိရိစ္ဆာန်တွေ လျော့ပါးနည်းပါးလာရတဲ့ အကြောင်းရင်း အချက်တစ်ခုပါပဲ..။

အထက်ပါ အကြောင်းအရာတွေနဲ့ ပတ်သတ်ပြီး စစ်အစိုးရဟာ ရှားပါး ကျားဘေးမဲ့တောအဖြစ် သတ်မှတ်လိုက်တဲ့ စတုရန်း မိုင်ပေါင်း ၈၄၀၀ ခန့်ကျယ်ဝန်းပြီး ကမ္ဘာ့အကြီးဆုံး ဆိုပြီး သတ်မှတ်လိုက်တာဟာ အမှန်တကယ် တောရိုင်းတိရိစ္ဆာန် ကျားသတ္တဝါတွေကို ကာကွယ်ပေးချင်လို့ သတ်မှတ်လိုက်တာလား ဒါမှမဟုတ် ကမ္ဘာ့အကြီးဆုံးဆိုတဲ့ နာမည်တစ်ခုကို လိုချင်လို့ သတ်မှတ်လိုက်တာလား ဆိုတာ စဉ်းစားချင့်ချိန်စရာ ဖြစ်နေပါတယ်..။

ယခု လောလောလတ်လတ်မှာတော့ မြန်မာနိုင်ငံက ရှားပါးသတ္တဝါ ကျားသတ္တဝါတွေဟာ တရုတ်ပြည်က လူကုံထုံ အသိုင်းအဝိုင်းတွေရဲ့ အလှဆင်စရာ အဆောင်အယောင် တစ်ခုဖြစ်နေရပါတယ်..။ အားလုံးရဲ့ အခြေခံ အကြောင်းတရားတွေကတော့ စစ်အာဏာရှင်စံနစ်အောက် ဆင်းရဲမွဲတေမှုရဲ့ ရလာဒ်အဖြစ် ကျွန်တော်တို့ မြန်မာနိုင်ငံက ပြည်သူလူထုသာမက သယံဇာတ၊ တောရိုင်းတိရိစ္ဆာန်တွေပါ.. တိုင်းတပါးမှာ ပေးဆပ်နေရပါကြောင်း တင်ပြလိုက်ရပါတယ်။
KACHIN NEWS GROUP မှရိုက်ကူး ဖော်ထုတ် တင်ပြထားတဲ့ ယုဇနကုပ္မဏီမှ ဟူးကောင်းချိုင့်ဝှမ်းဒေသ ဘေးမဲ့တော မြေနေရာ လုယူမှုရုပ်သံ

http://www.youtube.com/watch?v=FFaqXQLoOSw&feature=player_embedded
ရတနာပုံတယ်လီပို့ အကြောင်း ဖွင့်ဟဝန်ခံချက် (မြန်မာပြည်ကလာတဲ့စာ)
ဓာတ်ပုံ ဒီမိုဝေယံ (ပြည်တွင်း)

မြန်မာပြည်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲ မတိုင်ရက်များမှ စတင်ပြီး ယခင်ကကတည်းက မမြန်တဲ့ အင်တာနက် ကွန်နက်ရှင်တွေဟာ ကောက်ခါငင်ခါနဲ့ သုံးမရအောင် နှေးကွေးသွားခဲ့ပါတယ်..။ စစ်အစိုးရရဲ့ သတင်း ထုတ်ပြန်ချက်မှာတော့ ပြည်ပမှ Distributed Denial of Service (DDoS) ဖြင့် တိုက်ခိုက်ခြင်းခံရတယ်လို့ သတင်းလွှင့်ခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သတ်ပြီး မြန်မာပြည်တွင်းမှ ပေးပို့လာတဲ့ ရတနာပုံတယ်လီပို့အကြောင်း စာနဲ့ ဓာတ်ပုံ အချို့ကို ဖော်ပြလိုက်ပါတယ်...။

ကိုဒီမိုရေ.. စစ်အစိုးရက ပြည်ပကနေ (DDoS)နဲ့ တိုက်ခိုက်ခံရတယ် ဆိုပြီးလိမ်ညာ သတင်းလွှင့်နေတာပါ.. ။ တကယ်တမ်း အင်တာနက်တွေကို နှေးအောင် ကြည့်မရအောင် လုပ်နေတာ သူတို့ကိုယ်တိုင်ပါပဲ..။ ဒီအကြောင်းနဲ့ ပတ်သတ်ပြီး ကျွန်တော်သိတဲ့ ရတနာပုံတယ်လီပို့က သတင်းတွေအကြောင်း ရေးသား ပေးပို့လိုက်ပါတယ်..။

ရတနာပုံတယ်လီပို့ကို ၂၀၀၇ခုနှစ်ကတည်းက မန္တလေးနဲ့ ၂၄မိုင်ဝေးတဲ့ မန္တလေး မေမြို့သွားတဲ့ လမ်းမှာ ပြင်စာရွာမှာ ဆောက်လုပ်ခဲ့တာပါ...။ ဒီအဆောက်အဦး ပြီးစီးတဲ့အချိန်မှာ ကွန်ပြူတာတက္ကသိုလ်ဆင်း ကျောင်းသား/ကျောင်းသူ အိမ်ထောင် မရှိသူ အပျိုလူပျို၂၀ကျော်ကို ITနဲ့ ပတ်သက်တဲ့ အလုပ်တွေ လုပ်ရမယ်ဆိုပြီး တေဇရဲ့ ထူးဒရေးဒင်းကုမ္ပဏီက အလုပ်ခေါ်ပါတယ်.. တလ ကျပ်(၁)သိန်းနဲ့ပါ...။ မြန်မာပြည်လို ပညာတတ်တွေ အတွက် အလုပ်အကိုင် ရှားပါးတဲ့ နိုင်ငံမှာ တစ်လ တစ်သိန်းဆိုတော့လည်း လုပ်ကြတာပေါ့...။ ဘာမှန်းညာမှန်းမသိပဲ ၂နှစ်စာချုပ်နဲ့ ဘွန်းထိုးပြီးတဲ့ အချိန်မှာတော့ ၂၀၀၉ခုနှစ် ကုန်ပိုင်းက စတင်ပြီး မန္တလေးနဲ့ ပြင်ဦးလွင်ကြားက ရတနာပုံတယ်လီပို့ ကိုပို့ခံရပါတော့တယ်...၂၀၁၀ခုနှစ် ၄လပိုင်းမှာ စတင်အလုပ်စဝင်ရပါတယ်.. ထမင်းကျွေးတယ်.. အဆောင်ပေးထားတယ်..။ တကယ်တန်းလုပ်ရတဲ့ အလုပ်ကတော့ နိုင်ငံတကာမှာ ရှိတဲ့ နိုင်ငံရေး Websiteတွေ၊ သတင်းမီဒီယာတွေ၊ နိုင်ငံရေးဘလော့(ခ်)တွေကို ၂၄နာရီ အချိန်အဆိုင်းအလိုက် အချိန်ပြည့် စောင့်ကြည့်ရပါတော့တယ်.. အခုလက်ရှိ အဆိုပါဋ္ဌာနရဲ့ အကြီးအကဲကတော့ဗိုလ်မှူးကြီးတင်မောင်ဝင်းပါ..။

လုပ်ရတာကတော့ DVB,မဇ္ဈိမတို့,ဧရာဝတီတို့ စတဲ့ သတင်းဋ္ဌာနတွေကို တချိန်လုံး စောင့်ကြည့်ရပါတယ်..။ ပြီးတော့ မြန်မာတွေ အရှိများတဲ့ Facebook တို့ Twitterတို့ စတဲ့နေရာတွေကို နေ့ရောညပါ တစ်ချိန်လုံး စောင့်ကြည့်ရပါတော့တယ်.။ အဲ့ဒီသတင်းတွေထဲမှာ ထူးခြားတဲ့ သတင်းတို့ ဘလော့(ဂ်) နာမည်တို့ဘာတို့ပါရင်.. ချက်ချင်းလိုက်တော့တာပဲ ပြီးရင် အစီရင်ခံစာတင်ရတယ်..။ သူတို့ရဲ့ Background မှာ Counter Check လုပ်တာကတော့... ကာကွယ်ရေးဝန်ကြီးဋ္ဌာန ဆက်သွယ်ရေးညွှန်ကြားရေးမှူး ရုံးဆိုတာ သီးသန့်ရှိတယ်.. သူတို့က အဲ့ဒီ အဖွဲ့ကလည်း ဒီနိုင်ငံရေး Website တွေ သတင်းဋ္ဌာနတွေ ဘလော့(ဂ်)တွေကို တောက်လျှောက် စောင့်ကြည့်နေတာပါပဲ.။ သူတို့လုပ်ရတာ ဒါပဲရှိတယ် ကျန်တာဘာမှာ မလုပ်ရပါဘူး..။ ဒီလို စောင့်ကြည့်နေတဲ့ ကြားထဲကမှ သတင်းတွေ မဘန်းမိတဲ့ ဘလော့(ဂ်)တွေ ကျန်ခဲ့ပြီ ဆိုရင်သူတို့ ပြသနာရှာခံရတော့တာပါပဲ..။ လစာဖြတ်ခံရတာတို့ နောက်ဆုံး စိတ်မထင်ရင် မထင်သလို ဆူပူကြိမ်းမောင်း ခံရတာတို့ ခံရပါတော့တယ်...။ ပြည်တွင်းကနေ ဆိုဒ်တွေကို ဝင်ကြည့်မယ်ဆိုရင် နိုဝင်ဘာ(၇) ရက်နေ့မတိုင်ခင်ထိ Ultra Subနဲ့ ကျော်ကြည့်လို့ ရတယ် ခုနောက်ပိုင်းလုံးဝကို Ban လိုက်ပါပြီ.. ခုတစ်ချို့တွေ Proxy ၂ဆင့် ကျော်ပြီးကြည့်ကြတယ်..။ နောက်ပိုင်း အဲ့လို ကျော်ကြည့်လို့ရတဲ့ ဆိုဒ်တွေကို Virus လွှတ်ဖို့အထိ လုပ်နေပါပြီ...။

နိုဝင်ဘာ(၇)ရက်နေ့ မတိုင်ခင် လုံးဝကို တမင်နှေးအောင်လုပ်လိုက်တာပါ.. တမင်ဖြတ်ချလိုက်တာပါ။ ဒီလိုလုပ်တဲ့ဟာ အားလုံးကို တရုတ်က ကွန်ထရိုး ပေးထားတာပါ..။ ခုတရုတ်က ပညာရှင်တွေ ရတနာပုံတယ်လီပို့ကို ရောက်နေပါတယ်..။ ဒီလိုအခြေအနေတွေ အောက်မှာပဲ အလုပ်ကနေ ထွက်ခွာချင်နေတဲ့ လူငယ်တွေက အများကြီးပါပဲ သို့ပေမယ့် မြန်မာပြည်မှာ လက်ရှိခေတ်စားနေတဲ့ ဘယ်အလုပ်ပဲဖြစ်ဖြစ် အလုပ်ရှင်တွေက စာချုပ်နဲ့ ထိန်းချုပ်ထားတဲ့ အကျင့်အတိုင်း အခု လက်ရှိလုပ်နေသူတွေ (၂)နှစ်ပြည့်အောင် လုပ်ရပါမယ်။ မလုပ်ချင်လို့ ထွက်ချင်ရင်တော့ အနည်းဆုံး အောက်ထစ် (၁၅)သိန်းပေးမှ ထွက်လို့ရပါတော့မယ်..။

အဲ့ဒီတော့ ပြည်ပက တိုက်ခိုက်တယ်.. ဆိုတာလုံးဝ မဟုတ်ပါဘူး.. တမင်သတင်းလွှင့်တာပါ.. ဘာ (DDoS) နဲ့မှ တိုက်ခံရတာမဟုတ်ပါဘူး..။ ရတနာပုံ တယ်လီပို့ကသူတွေ အသိဆုံးပါ..။ နောက်ပိုင်းဒီမှာ အင်တာနက် ထိန်းချုပ်ဖို့ အများကြီး ပြင်ဆင်လုပ်ကိုင်နေတဲ့ အကြောင်း ပေးပို့လိုက်ရပါတယ်..။

ရတနာပုံ Virus

ရေးသားပေးပို့ လာတဲ့ စာထဲက ကာယကံရှင် ထိခိုက်စေမယ့် အကြောင်းအရာတစ်ချို့ကို ပယ်ဖျက်ပြီး ပြန်တင်ပေးလိုက်ပါတယ်..။ မြန်မာပြည်ကို ဒီမိုကရေစီနိုင်ငံ တည်ထောင်ဖို့ လုပ်ကိုင်နေတယ်ဆိုတဲ့ နအဖစစ်အာဏာရှင်တွေရဲ့ မလိုအပ်တဲ့နေရာတွေမှာ တိုင်းပြည် ဘဏ္ဍာငွေတွေ သုံးပြီး မီဒီယာကို မသမာတဲ့နည်းနဲ့ တိုက်နေတာတွေပါ...။ မြန်မာပြည်မှာ အင်တာနက် သုံးတာ နိုင်ငံရေးဆိုဒ်တွေ တခုတည်းကြည့်ဖို့ အတွက်မဟုတ်ပါဘူး ... တခြားစီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ကဏ္ဍများစွာ ရှိပါသေးတယ်။ ဒီလိုကျဉ်းမြောင်းတဲ့ အမြင်တစ်ခုတည်းအတွက် အင်တာနက်ကို နှေးကွေးအောင် လုပ်ဆောင်နေတာဟာ တခြားသော ကဏ္ဍတွေ အသုံးပြုနေသူတွေ အတွက် အင်မတန်မှ နစ်နာလှပါတယ်..။ သို့ပေမယ့် မတရားအုပ်ချုပ်သူ အခွင့်ထူးခံ စစ်အာဏာရှင်များနှင့် ပတ်သတ်သူ လက်တစ်ဆုပ်စာ အတွက်တော့ မြန်နှုန်းမြင့်ပြီး သာမာန်ပြည်သူ လူထုတွေ ကြည့်ခွင့်မရတဲ့ Youtube,Yahoo စတာတွေ ကြည့်လို့ရတဲ့ VIP လိုင်းသီးသန့် လုပ်ပေးထားရကြောင်း အဆိုပါ ပေးပို့လာသူမှ ဆိုပါတယ်..။ ပေါ်ပေါက်လာမည့် ရုပ်သေးအစိုးရအတွင်း လွှတ်တော်တွင် အော်ကြမည်ဆိုသည့် အတိုက်အခံ ဆိုသူများမှ လွှတ်တော်အတွင်း တခြားကိစ္စများ အသာထား အနိမ့်ဆုံးအဆင့် သတင်းလွတ်လပ်ခွင့်၊ အင်တာနက် မြန်နှုန်းမြင့်မြင့်နှင့် သုံးစွဲပိုင်ခွင့် ရမရဆိုတာ တောင်းဆိုနိုင်ကြမလား ဆိုတာကို စောင့်ကြည့်ချင်ပါကြောင်း တင်ပြလိုက်ရပါတယ်...။

မြန်မာစစ်အစိုးရရဲ့ လျှို့ဝှက်စီမံကိန်းများ အကြောင်း.....
မြန်မာစစ်အာဏာရှင်တွေရဲ့ လျှို့ဝှက်စီမံကိန်းတစ်ခု တည်ဆောက်ရေး လုပ်ငန်းခွင်တစ်ခုပုံပါ...။ ပြည်တွင်းမှ မျိုးချစ် စစ်သည်တစ်ဦး ပေးပို့လာတဲ့ ဓာတ်ပုံ၊ သတင်းအချက်အလက် များထဲမှ သတင်းဓာတ်ပုံ တစ်ပုံကို တင်ပြပေးလိုက်ပါတယ်...။
ဒီမိုဝေယံ....
အာဏာကို ဘယ်သူပိုင်သလဲ.....?
တပ်မတော်အတွင်းက အလယ်အလတ်တန်းစား အရာရှိများရဲ့ လက်ရှိ စစ်ခေါင်းဆောင်ကြီးများ အပေါ်မှာထားတဲ့ သဘောထားအမြင်များနဲ့ ရပ်တည်ချက်တွေအကြောင်း ကျနော်ရေးသားဖော်ပြခဲ့တဲ့ “မဇ္ဈိမလှိုင်းခတ်သံ” ဆောင်းပါးနဲ့ပတ်သက်ပြီး စာဖတ်သူ အချို့ထံမှ သဘောထား ထင်မြင်ချက်များကို လက်ခံရရှိပါတယ်။ သဘောထားထင်မြင် ချက် ပေးပို့သူများကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုအပ်ပါတယ်။ တပ်မတော်ထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာအဖြစ်သနစ်တွေ၊ တပ်မတော်သား တွေရဲ့ ခံစားချက် ရပ်တည်ချက်တွေကို ကျနော်ရေးသားဖော်ပြနေတာဟာ တပ်မတော် နဲ့ပြည်သူလူထုအကြား အမှန်တရားဆိုတာကို နားလည်မှုရှိရှိ ပုံဖော်သွားနိုင်ဖို့ ရည်ရွယ် ချက်နဲ့ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော့်ရဲ့ ရေးသားချက်တွေဟာ ကျနော် နေ့စဉ်ဖြတ်သန်း ကြုံတွေ့နေရတဲ့ တပ်ထဲကအဖြစ်အပျက်တွေ၊ ခံစားချက် အမြင်တွေသာ ဖြစ်ပြီး ကျနော် ကိုယ်တိုင်ကလည်း စစ်မှုထမ်းတစ်ဦး ဖြစ်နေတာကြောင့် ပြည်သူလူထု ဘက်က အမြင် မဟုတ်တာ သေချာပါတယ်။

ကျနော်ရေးတဲ့စာတွေကို ဖတ်ပြီး တုန့်ပြန်ရေးသားလာတဲ့ ရှုထောင့်အမြင်တွေကသာလျှင် ပြည်သူလူထုရဲ့ သဘောထားကို သေသေချာချာ ထင်ဟပ်ဖော်ပြနိုင်ပါတယ်။ ဒီအတွက် တုန့်ပြန်လာတဲ့ သဘောထားအမြင်များကို လိုလိုလားလား လက်ခံကြိုဆိုပါ.. တယ်လို့ ပြောလိုက်ရတာပါ။ အမှန်ဆိုရင်တော့ တပ်မတော်နဲ့ ပြည်သူကြားမှာ ရှိနေတဲ့ သံသယတွေကို တပ်မတော်သားတွေနဲ့ ပြည်သူလူထုမျက်နှာချင်းဆိုင်ပြီး ပွင့်ပွင့်လင်း လင်း ဆွေးနွေးပစ်ဖို့ကောင်းတာ။ ကျနော်တို့ မြန်မာနိုင်ငံမှာ ရှိတဲ့ ပြည်သူလူထုတရပ်လုံးဟာ စစ်တပ်ရဲ့ အုပ်ချုပ်မှုအောက် မှာ ရာစုနှစ် တ၀က်လောက် နေထိုင်လာရတာဆိုတော့ စစ်တပ်နဲ့ပတ်သက်ရင် ခံစား ချက်မကောင်းတာ၊ ယုံကြည်မှုမရှိတာ သဘာဝကျပါတယ်။ ကျနော်ကိုယ်တိုင်လည်း ဒီလိုပဲခံစားခဲ့ရပါတယ်။ စစ်တပ်ထဲရောက်ပြီးနောက်ပိုင်း စရိုက်အမျိုးမျိုး စိတ်ဓာတ်အမျိုးမျိုး ရှိသူတွေနဲ့ ထိတွေ့ဆက်ဆံလာရတဲ့ အခါ လူနဲ့လူချင်း ခွဲခြား သိမြင်မှုတွေ ရှိလာတယ်။

အရင်တုန်းကတော့ စစ်ယူနီဖောင်းမြင်ရင်ပဲ စိတ်ထဲမှာ အလိုလိုဒေါသဖြစ်နေမိ တာ။ ဒါပေမယ့် ကျနော့် စိတ်ထဲမှာ ဒီနေ့အထိ စွဲမြဲနေတဲ့ အချက်ကတော့ စစ်အုပ်ချုပ် ရေး မကောင်းဘူးဆိုတာပါပဲ။ တသွေးတသံတမိန့် အုပ်ချုပ်ရေးအောက်မှာ ပြည်သူလူထု ဘယ်လို လွတ်လပ်မှုရှိပါ့မလဲ။ မြန်မာပြည်သူလူထုအဖို့ ပြောပြစရာမလိုလောက်အောင် ခါးသီးမှုတွေ ခံစားနေရတာ အထင်အရှားပါပဲ။ ဒါကြောင့်မို့ စစ်အုပ်ချုပ်ရေး ချုပ်ငြိမ်း ပျောက်ကွယ်သွားဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတရပ် တော့ မဟုတ်ပါဘူး။ သို့သော်လည်း မဖြစ်နိုင်တဲ့ အရာလည်းမဟုတ်ပါဘူး။ ပြည်သူလူ ထုရော စစ်တပ်ထဲက ပုဂ္ဂိုလ်တွေပါ အတူတကွ ပူးပေါင်းဆောင်ရွက်မှ ဖြစ်မှာပါ။ ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းကိုလည်း နိုင်ငံရေးခေါင်းဆောင်တွေ ကြံဆလာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။

ယနေ့တိုင် အောင်မြင်မှု မရသေးတာလည်း အထင်အရှား ပါပဲ။ ဒီလိုဖြစ်နေရတာဟာ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှု အခိုင်အမာ မတည်ဆောက် နိုင်သေးလို့ပါပဲ။ စစ်တပ်အောက်ခြေပိုင်းနဲ့ ပြည်သူလူထု ပေါင်းစည်းမိသွားမှာကို စစ် ခေါင်းဆောင်ကြီးတွေ အစိုးရိမ်ဆုံးပါ။ ၁၉၈၈ ဒီမိုကရေစီ အရးတော်ပုံကြီးမှာ လက်နက်ကိုစီနဲ့ ဆန္ဒပြဖို့ ထွက်လာတဲ့ စစ်သည် တွေကို ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးက ဖျောင်းဖြပြောဆိုပြီး တပ်မှာသေနတ်တွေ ပြန်အပ်ခိုင်းတာကို မှတ်မိကြမှာပါ။ စစ်တပ်ထဲမှာ အကြပ်အတည်းတွေ့ချိန်၊ ထိန်းသိမ်းရ ခက်ခဲချိန်မှာ ဒီမိုကရေစီရေး ခေါင်းဆောင်တွေက ထွက်ပေါက် ပေးသလိုဖြစ်သွားပါ တယ်။ ၁၉၄၉ ခဝဲခြံ တိုက်ပွဲဖြစ်ပွားစဉ်ကလည်း ဒီအခြေအနေမျိုးဖြစ်ခဲ့ပုံရပါတယ်။ လူထုခေါင်းဆောင်တွေကသာ စစ်ခေါင်းဆောင်တွေအပေါ် မပြတ်သားတာပါ။ စစ်ခေါင်းဆောင်တွေကတော့ ပြတ်သားလွန်းလို့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှု နာလန်မထူနိုင် အောင် ဖြစ်နေရပါတယ်။ တကယ်တမ်းမှာလည်း လူထုအုံကြွမှု အထွတ်အထိပ်ကို ရောက်လာလို့ စစ်တပ်ထဲက မကြေနပ်မှုတွေ လမ်းပေါ်ရောက်လာတာပါ။ ပုံမှန်အခြေအ နေမှာဆိုရင် ကြိတ်မှိတ်ခံစားနေကြတာများပါတယ်။

နောက်တခုကလည်း စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်ကြီးတွေဟာ ယူနီဖောင်းဝတ်အချင်း ချင်းထက် လူထုခေါင်းဆောင်တွေပေါ်မှာ ပိုပြီးစိုးရိမ်ထိတ်လန့်တတ်ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ စစ်ဗိုလ်တစ်ဦးရဲ့ အာဏာစက်က အကန့်အသတ်ရှိပြီး လူထုခေါင်းဆောင် တဦးရဲ့ အရှိန်သြဇာကတော့ အတိုင်းအဆမရှိ လွှမ်းမိုးနိုင်ပါတယ်။ ဒါကြောင့်မို့ စစ်တပ်နဲ့ ပြည်သူလူထု နီးစပ်မှုမရှိအောင် “တပ်မတော်သာ အမိ တပ်မတော်သာ အဖ”ဆိုပြီး အတင်းဝါဒဖြန့် ရိုက်သွင်းနေတာပါ။ စစ်တပ်အောက်ခြေပိုင်းနဲ့ ပြည်သူလူထု အ နေစိမ်းလေ မသင့်မမြတ်ဖြစ်လေ သူတို့ရဲ့အာဏာ ကုလားထိုင် တည်မြဲလေပဲပေါ့။ ဥပမာ-အဓမ္မလုပ်အားပေး ခိုင်းစေတဲ့ ကိစ္စကိုကြည့်ပါ။ ယနေ့ထက်တိုင် ပြည်တွင်းပြည် ပမှာ သောသောညံအောင် ပြောဆိုနေကြတာက ပြည်သူလူထု အဓမ္မလုပ်အားပေး စေခိုင်းခံရတဲ့ ကိစ္စပါ။ စစ်တပ်တွင်းမှာလည်း အဓမ္မလုပ်အားပေး ကိစ္စရှိတယ်လို့ပြောရင် ယုံ ကြမှာတောင် မဟုတ်ပါဘူး။ တပ်တည်ဆောက်ရေး လုပ်ငန်းကြီး (၃) ရပ် ဆိုတာရှိပါ တယ်။ (၁) စစ်တိုက်ရန် (၂) စစ်တိုက်ရန်မရှိက လေ့ကျင့်ရေး ပြုလုပ်ရန် (၃) လေ့ကျင့် ရန်မရှိက ပြည်သူ့အကျိုးပြု လုပ်ငန်းလုပ်ရန်- စတာတွေဖြစ်ပါတယ်။ လမ်းဖောက်၊ ဆည်ဆောက်လုပ်ငန်းတွေမှာ စစ်သည်တွေ ပါဝင်လုပ်အားပေးနေတာ တွေ့ဖူးကြမယ် ထင်ပါတယ်။ အဲဒီအတွက် လုပ်အားခ တပြားတချပ်မှ မရပါ။

ကျနော်တို့နဲ့ သင်တန်းမှာ ဆုံကြတဲ့ အာမီ (ကြည်းတပ်) စစ်သားတွေက “ရှေ့တန်းထွက် နေရတာ၊ သင်တန်းတက်ရတာ ပျော်တယ်။ နောက်တန်းမှာဆိုရင် လုပ်အားပေးသွားရ တာနဲ့ နားရတယ်လို့ မရှိဘူး။” လို့ပြောကြတယ်။ ကျနော်တို့ရေတပ်မှာလည်း ဒီအတိုင်း ပါပဲ။ တပ်သစ်တွေမှာဆိုရင် ပိုဆိုးတယ်။ လမ်းဖောက် မြေညှိတဲ့အလုပ်တွေကို ရဲဘော် လုပ်အားနဲ့ တည်ဆောက်ကြတာ။ တချို့ရဲဘော်တွေဆိုရင် ပင်ပမ်းဒဏ်ပိတာက တမျိုး ငှက်ဖျားကြောင့် တစ်မျိုး သေကြရတယ်။ ကိုယ်တိုင် ပင်ပင်ပမ်းပမ်းလုပ်ထားဖူးတဲ့ စစ်သားက လူထုလုပ်အားပေးကို ဦးစီးကွပ်ကဲရတဲ့အခါ “ငါတောင်လုပ်ခဲ့သေးတာ သူတို့လဲ လုပ်ရမှာပေါ့” ဆိုတဲ့ စိတ်မျိုး ၀င်လာတတ်ပါတယ်။ ကိုယ်ချင်းစာစိတ်ရှိတယ်ဆိုတာက တဦးချင်းအသိနဲ့ ဆိုင်ပါတယ်။ တိုင်းပြည်အတွက် လုပ်ရတာဆိုပြီးတော့ လူထုနဲ့ တပ်မတော်အကြား စိတ်ဝမ်းကွဲသွားတယ်။ တကယ်ကျတော့ သူအကျိုးလည်းမဟုတ်၊ ကိုယ့်အကျိုးလည်းမဟုတ် အားလုံးရဲ့ ဂုတ်ပေါ်မှာ ခွစီးထားတဲ့ ဗိုလ်ချုပ်ကြီးတွေကတော့ တုပ်တုပ်မှမလှုပ်။ သူတို့မဟုတ်သလို။ သူတို့မလုပ်သလို။ စစ်တပ်အောက်ခြေပိုင်း အရာရှိ/ စစ်သည်တွေကသာ ပြည်သူလူထုနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံနေရတာပါ။ ကျောက်ဖြူမှာ ဓည၀တီ ရေတပ်စခန်း ဌာနချုပ် တည်ဆောက်ခါစတုန်းကဆိုရင် ဒုဗိုလ်မှူးကြီးတွေက သစ်တုံးမ,ပေးရတယ်။ ဗိုလ်ကြီးတွေက ကျောက်ထမ်းရတယ်။ ရဲဘော် တွေဆိုတာ မပြောပါနဲ့တော့။ ကျွန်တော့်သူငယ်ချင်းတယောက်ဟာ အလုပ်ကပင်ပမ်း၊ အစားအသောက်ညံ့လွန်းတော့ အားနည်းပြီး အဖျားဝင်သွားတာ ရောဂါအတော်ကျွမ်းမှ ကျောက်ဖြူဆေးရုံကတဆင့် မင်္ဂလာဒုံ စစ်ဆေးရုံကို ပို့ပေးရတယ်။ ဆေးရုံကဆင်းတော့ သူ့အိမ်မှာ တလလောက်ပြန်နားပြီး အားမွေးယူရတယ်။ အခုတော့ အဲဒီသူငယ်ချင်း တပ်က ထွက်ပြေးသွားပါပြီ။

ဟိုင်းကြီးရေတပ်စခန်းမှာလည်း ရဲဘော်တွေလုပ်အားနဲ့ ပုဇွန်မွေးမြူရေးကန်တွေတူးပြီး ဌာနချုပ်မှူးက ပုဂ္ဂလိက လုပ်ငန်းရှင်ကို ရောင်းစားတာရှိခဲ့ဖူးပါတယ်။ ကျနော်ပြောချင်တာက စစ်တပ်အပေါ် ကောင်းမြင်သက်သက်မဟုတ်သလို အဆိုးမြင် ချည်းလည်း မမြင်မိဖို့ပါပဲ။ စစ်တပ်ထဲမှာ အတန်းအစားအမျိုးမျိုး၊ စရိုက်အမျိုးမျိုး ရှိပါ တယ်။ သေချာတာက တပ်မတော်သား အများစုဟာ ဒီိမိုကရေစီဆိုတဲ့ စကားလုံးနဲ့ အလှမ်းဝေးနေပေမယ့် လွတ်လပ်မှုကိုတော့ နှစ်သက်မြတ်နိုးကြပါတယ်။ ဒီတော့ စစ်တပ်ကိုချဉ်းကပ်တဲ့နေရာမှာ တဦးချင်းဖြစ်ဖြစ်၊ အစုလိုက်ဖြစ်ဖြစ် ကိုယ်နဲ့ နီး စပ်ရာကနေ အစပြုသင့်ပါတယ်။ NLD လူငယ်တွေ အမှတ်(၂) စစ်ဆေးရုံမှာ သွေးလှူ ဒါန်းတာကောင်းပါတယ်။ အဲဒီမှာ စစ်သည်တွေနဲ့ တပ်မိသားစုဝင်တွေ တက်ရောက် ကုသတာ မဟုတ်လား။ အပြောင်းအလဲဖြစ်ဖို့အတွက် စစ်တပ်တခုလုံးက ထောက်ခံလာ ဖို့တော့ မျှော်လင့်လို့မရပါဘူး။ သို့သော် စစ်တပ်အတွင်းက အစိတ်အပိုင်း တခုနဲ့ ယုံကြည်မှုတည်ဆောက်ထားနိုင်ရင် ရှေ့ခရီးဆက်လို့ရပါပြီ။ အထူးသဖြင့် အင်အားထု ထည်ကြီးမားပြီး ပြည်သူလူထုနဲ့ နီးစပ်မှုရှိတဲ့ အောက်ခြေထုကို ဦးတည်ချက်ထားသင့် ပါတယ်။ အထက်အမိန့်ဆိုတာ နာခံမယ့်သူ ရှိမှ အကျိုးသက်ရောက်ပါတယ်။

ဆိုဗီယက် ပြည်ထောင်စု အာဏာပြိုကွဲသွားပုံကိုကြည့်ပါ။ ကျနော့်အတွေ့အကြုံကိုပြောရရင် စစ်တပ်ထဲမှာ အောက်ခြေထုညီညွှတ်တဲ့အခါ အထက်အရာရှိတွေ အလျှော့ပေးရပါတယ်။ တခါက စစ်ရေယာဉ်တစီးမှာ စစ်သည်တွေ အားလုံးညှိပြီး အိပ်နေကြလို့ ရေယာဉ် စက်နှိုးဖို့ အခက်အခဲရှိပြီး စစ်ရေယာဉ်မှူး အခက် ကြုံရဖူးပါတယ်။ ကိုယ့်ဖက်ကအားနည်းရင် အလျှော့ပေး စေ့စပ်မှုလုပ်တာဟာ စစ်ခေါင်းဆောင်တွေရဲ့ စရိုက်သဘာဝဖြစ်ပါတယ်။ပြည်သူလူထုရဲ့ ထောက်ခံမှုမရတဲ့ အစိုးရတစ်ရပ်ဟာ စစ်တပ်အောက်ခြေထုကပါ အမိန့်မနာခံတော့ဘူးဆိုရင် ဘယ်လို အာဏာရှိတော့မှာလဲ။ စစ်ဗိုလ်ချုပ်ကြီးတွေ တန်ခိုး ထွားနေတာဟာ အနုမြူလက်နက်ကြောင့် မဟုတ်ဘဲ သူတို့အမိန့်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးနေတဲ့ လက်အောက်ခံ အရာရှိ/စစ်သည်တွေကြောင့်သာ ဖြစ်ပါတယ်။ “ပြည်တင်းမင်းမခံနိုင်” ဆိုတဲ့ မြန်မာဆိုရိုးစကားပုံကိုလည်း ရှိတယ်မဟုတ်ပါလား။
တပ်ကြပ်ကြီး – နေမင်းသူ
၁၇-ဒီဇင်ဘာ-၂၀၁၀
ပေးပို့ပေးတဲ့ ကိုနေမင်းသူအား ကျေးဇူးတင်ပါသည်..။
ဗဒတတပ်ပေါင်းစုလှုပ်ရှားမှု.... (ပြည်တွင်း)

မြန်မာပြည်တွင်းဒီမိုကရေစီရေး လှုပ်ရှားနေသော သံဃာတော်များနှင့် ကျောင်းသားလူငယ်အဖွဲ့ ခုနှစ်ဖွဲ့ ပူးပေါင်းပါဝင်ဖွဲ့စည်းထားသော ဗမာနိုင်ငံဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများတပ်ပေါင်းစု(ဗဒတ)မှ တိုင်းရင်းသားဒေသများတွင် နအဖစစ်အစိုးရဆင်နွှဲနေသော ထိုးစစ်များကို ကန့်ကွက်သည့် စာရွက်ကြဲလှုပ်ရှားမှုကို ပြုလုပ် ခဲ့ကြသည်။ ဗဒတတပ်ပေါင်းစု အဖွဲ့ဝင်သံဃာတော်များနှင့် လူငယ်များက ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းအတွင်းရှိမြို့နယ် ပေါင်း(၂၀)တွင် အဆိုပါလှုပ်ရှားမှုကို (၂၀.၁၂.၂၀၁၀)နှင့် (၂၁.၁၂.၂၀၁၀) ရက်နေ့များတွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ဗဒတတပ်ပေါင်းစုမှ ဖြန့်ဝေခဲ့သည့်စာရွက်များတွင် တိုင်းရင်းသားတွေကို ထိုးစစ်ဆင်တာ ချက်ချင်းရပ်၊ ပြည်တွင်းစစ်ချက်ချင်းရပ်၊ စစ်ပွဲအလိုမရှိ၊ တွေ့ဆုံဆွေးနွေး အဖြေရှာရေး ချက်ချင်းဆောင်ရွက်ပေး စသည့်စစ်ဆန့်ကျင် ရေးသားစာများ ပါဝင်ပြီးငြိမ်းချမ်းရေး ဂျိုးဖြူငှက် မြန်မာပြည်မြေပုံဆီသို့ ပျံသန်းနေဟန် သရုပ်ဖော်ထားသောပုံများ ပါရှိသည်။ လှုပ်ရှားမှု၏ ရည်ရွယ်ချက်မှာ တိုင်းရင်းသားများ၏ အရေးကိုငြိမ်းချမ်းစွာ ဖြေရှင်းရန် စစ်အစိုးရအား တောင်းဆိုပြီး မြေပြန့်နေ ပြည်သူများက တောင်ပေါ်ဒေသရှိ တိုင်းရင်းသားများ တစိတ်တ၀မ်းထဲရှိကြောင်း ပြသခြင်းဖြစ်ကြောင်း သိရှိရသည်။ ဗဒတ၏စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ရန်ကုန်တိုင်းအတွင်းရှိ တောင်ဒဂုံမြို့နယ်၊ မြောက်ဥက္ကလာမြို့နယ်၊ အင်းစိန်မြို့နယ်၊ တွံ့တေးမြို့နယ်၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်၊ သုံးခွမြို့နယ်၊ သာကေတမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ ပန်းပဲတန်းမြို့နယ်၊ လသာမြို့နယ်၊ လမ်းမတော်မြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ ဗိုလ်တစ်ထောင်မြို.နယ်၊ ဒေါပုံမြို.နယ်၊ မင်္ဂတောင်ညွန့်ြ