တိယ အကြိမ်ပင်လုံ ညီလာခေါ်တဲ့ကိစ္စ ဟာ တိုင်းပြည်အတွက် အသင့်တော်ဆုံး နဲ့ အစားထိုးလို့  လဲမရနိုင်တဲ့ လုပ်ငန်းစဉ်ဖြစ်သလို လမ်းလွှဲကျော်လွှား..ချောင်ထိုး ခေါက်ထားလို့ လဲမရတဲ့ အဖြေ ဖြစ်ပါတယ် ။ အခုကလေးညီလာခံကနေ အသံထွက်လာပါတယ် ။ ဒေါ်အောင်ဆန်းစုကြည်လွတ်လာခါနိး
မှာ...ဒီလိုကလေးညီလာခံခေါ်ဖို့ တောင်းဆိုတာကို..န.အ.ဖ က လွှတ်ပေးထားတာ အသေအခြာ ပြန်သုံးသပ်ဖို့ လဲ့လိုပါတယ် ။
၂၀၀၅ ..ဖေဖေါ်ဝါရီလထဲမှာ တောင်ကြိးမှာ ဒီလို ပုံစံ အစည်းအဝေးလုပ်လိုက်တာ..အသံတောင် မထုတ်ဘူးနော်..ဥိးခွန်ထွန်းဥိးတို့ ..ဥိးဆေးထင်တို့ တပြုံကြိးအဖမ်းခံလိုက်ရတယ် ။ အဲဒီအစည်းအဝေး မတိုင်ခင်..ဥိးခွန်ထွန်းဥိးက ..ကျွန်တော်ကို တိုင်ပင်ပါသေးတယ် ။ ပြည်ထောင်စု စစ်စစ် ( ရှစ်ပြည်နယ်ကိုအခြေခံထားတဲ့ မူ ) ပေါ့..အဲဒီလိုင်းသွားရင် ဘယ်လိုပြသနာ ရှိနိုင်သလဲပေါ့ ။ ကျနော် ရှင်းပြပါတယ် ။ ဥိးနေ၀င်းအာဏာသိမ်းတုံးက ကန့် ကွက်သူ မရှိခဲ့တာ.အဲဒီရှစ်ပြည်နယ်မကြောင့်ဘဲ ။
ဗမာလူမျိုးအများစုက...ရှစ်ပြည်နယ်မူ ကို လက်မခံနိုင်ပါဘူး ။ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှ လူမျိုးစုနဲ့ခွဲခြားထားတဲ့..အခြေခံဥပဒေ မရှိပါဘူး ။ ( ကျနော်သိမိသလောက်ပေါ့ ) ။ အထူးသဖြင့် ကျနော်တို့  အတိုက်အခံ အများစုက...အမေရိကန်ဖွဲ့ စည်းပုံကို့  ကအခြေခံထားကြတာပါ ။ အမေရိကန် နိုင်ငံက...မေရီလင်းပြည်နယ်သေးသေးလေးက အထက်လွှတ်တော်မှာ..နစ်ဥိးရတယ်ပေါ့.ဒီဥပမာနဲ့ ကျနော်ကို ဆွေးနွေးလာတတ်ကြပါတယ် ။ ( အထက်လွှတ်တော်နဲ့ ..လူမျိုးစုလွှတ်တော် ) ဆိုတာ ဘယ်လိုမှ မစပ်ဟတ်တဲ့ အဓိပ်ါယ်ပါ ။ အဓိပါယ် လားလားမှမတူတာပါ ။
အခု နယ်စပ်မှာဆွဲထားတဲ့မူ ( ဆယ်ပြည်နယ် ) ရှိတယ် ။ ဗမာလူမျိုးတချို့ ပါဝင်ရေးဆွဲထားကြပါတယ် ။ အဲဒီဗမာတွေထဲ့ ပါဝင်ဘူးသူ တဥိး ( ယခုလဲ နိုင်ငံရေးတာဝန်ကြိးကြိး ) ( ဇနိးကလဲ တိုင်းရင်သူစစ်စစ်ပါ ) ထမ်းဆောင်နေဆဲပါ..ဆိုရင်..နယ်စပ်ကိုမကြာခဏသွားနေရတော့...ဒီပြည်နယ်မူကို ယောင်လို့တောင် လေသံ မထွက်ရဲပါဘူး ။ နယ်စပ်နေရသူ ဗမာတွေထဲက... ယောင်လို့  ဆန့် ကျင်စကားထွက်ကြည့်ပါလား.....ဘာဖြစ်သွားမလဲ ။ ဒီကိစ္စကို..တခြားနိုင်ငံက အစိုးရတွေတော့မသိဘူး...အော်စတေးလျ အစိုးရကတော့ သိနေတယ် ။ ဒီမူကို ဝေဖန်သူ အန္တရယ်ရှိတယ်ဆိုတာ ။
ဥိးခွန်ထွန်းဥိးကို..ကျနော်က..တိုင်းရင်သားတွေက ဗမာကို မဟာလူမျိုးကြိးဝါဒကျင့်သုံးတယ်.. လို့ တဖက်သတ်စွပ်စွဲပြိး...လူမျိုးရေးမုန်းတိးမှု မတရားကြိးနေကြပါတယ် ။
ဗမာက ဘယ်လူမျိုးဆိုပြိး..ကိုယ်မိသားစု ထဲက တဥိးဥိးနဲ့ အိမ်ထောင်ကျရင်..မယူရဘူး..ဆိုတာ မလုပ်ကြပါဘူး ။ ဗမာလူမျိုးကို ဘဲတိုင်းရင်းသားတွေက ပြန်လုပ်နေကြတယ်ဆိုတာပါထောက်ပြပါတယ် ။
ခုလဲ တချို့ တိုင်းရင်းသား မီဒီယာတွေမှာ..တိုင်းရင်းသား သတင်းကိုဘဲ ဖေါ်ပြတာအထိ..ရှိနေပါတယ် ။ ကိုယ့်တိုင်းရင်သားတဥိး..တိုင်းတပါးမှာ..အဖမ်းခံရင်သတင်း..တခြားတိုင်းရင်းသား တွေ အသတ်ခံရတာ သတင်းမဟုတ် လုပ်နေတဲ့အထီ..လူမျိုးရေးအစွဲပြင်းထန်နေကြပြိး...ကိုယ့်နိုင်ငံမဟုတ်တဲ့ တတိယ နိုင်ငံသွားဖို..ကျနော်ကျမ က ဘယ်လိုအထဲပြန်ရင်အဖမ်းခံရပါမယ်..( အများစုကြိးက ) လိမ်နေကြတာပါဘဲ ။ တတိယ နိုင်ငံတွေမှာမှ တကယ်လူမျိုးရေးခွဲခြားတာနဲ့တွေ့ တော့မှ..ကိုယ့်ကိုကိုယ်သတ်သေကြတဲ့အထိ ဖြစ်ပျက်နေကြတာပါ ။
ဖက်ဒရယ်မူ...ထက် ကို ရှစ်ပြည်နယ်မူ ( ဖက်ဒရယ်မူစစ်စစ် ) က ဗမာလူမျိုးတွေကို...လူမျိုးစုလွှတ်တော်မှာ..တိုင်းရင်းသားတွေက....၇း ၁ နဲ့ အကျပ်ကိုင်ထားပြိး....ဆုံးဖြတ်ချက်တခခုချတိုင်း..အပေး အယူ နဲ့  ချုပ်ကိုင်ထားဖို့ ရည်ရွယ်ချက်နဲ့ ရေးဆွဲ..ထားတဲ့..လူမျိုးကိုထိပ်ကနေခွဲခြားထားတဲ့မူ ဖြစ်နေပါတယ် ။ လူမျိုးရေးမုန်းတီးမှု ကို အခြေခံထားတဲ့မူ သက်သက်သာဖြစ်ပါတယ် ။
ဒီမိုကရေစီ စံထဲမှာ..ပထမဥိးဆုံး...အဆိုအမိန့် က..လူမျိုး..ဘာသာ( ယုံကြည်ချက် )..ကျား.မ..အသက်အရွယ်..ပညာအရည်အချင်း..နိုင်ငံရေးခံယူချက် ..အားဖြင့် ခွဲခြားခြင်းမပြုရဆိုထားပြိး...အထက်လွှတ်တော် ကြိးကျတော့..လူမျိုးစု..( လူမျိုးနဲ့ ထိပ်ဆုံးကနေခွဲခြားထားတာ.)..ဖြစ်နေတာထောက်ပြပါတယ် ။
ဥိးခွန်ထွန်းဥိးက သူ့ အဖွဲ့ တွေကို ဆွေးနွေးပါမယ်ပြောပြိး...ဒီဒုတိယပင်လုံ ဆိုတာမျိုး...အခုလောက်တောင် မပြင်းထန်တဲ့အစည်းအဝေး လုပ်လိုက်မိပုံရပါတယ် ။ ကျနော်လဲအတိအကျတော့မသိဘူး ။ အဖမ်းခံလိုက်ရတာပါဘဲ ။
ကောင်းပြိ အခုဘာလို့ န.အ.ဖ က ငြိမ်နေတာလဲ ။ ရှင်းပါတယ် ။ လူထုက တစတစ တောင်းဆိုလာမယ် ။ အသံတစထက်တစ ပိုကျယ်လောင်လာရင်..အဖွဲ့ ချုပ်နဲ့ ဒေါ်စု တို့ ..ဒါကို ပါဝင်လာရပါတော့မယ် ။ အဲဒီကျရင် န.အ.ဖ က အပိုင်..ပြည်ထောင်စုပြိုကွဲရေး အကြောင်းပြချက်နဲ့..ဒေါ်စုကို ပြန်ဖမ်းပါမယ် ။ ဒီအကြောင်းပြချက်နဲ့ ဖမ်းလိုက်ရရင်....ထောင်ဒါဏ်က...၁၀ နစ်အောက်မလျှော့ပါဘူး ။ ဒေါ်စုကို ဆယ်နစ်ပိတ်ထားနိုင်လိုက်ရင်...အသက်..၇၅ မှပြန်လွတ်ပါမယ် ။..ဖမ်းဖို့ များတာက..အနစ်..နစ်ဆယ်အောက်မယိုပါဘူး ။.. ပြည်ထောင်စု ပြိုကွဲမှာကို..အိမ်နီးချင်းတွေကလဲ မလိုလာကြပါဘူး ။ အာဆီယံဆောင်းပါးတွေမှာကို... အာရှဘော်ကန် လို့ပင် အကြိမ်ကြိမ် သတိပေးထားကြပါတယ် ။
ဒီအတွက် န.အ.ဖ က ကလေးညီလာခံကိစ္စကို ရေငုံနေတာပါ ။ သန်းရွှေပါတဲ့..ခင်ဗျားတို့ ကျနော်တို့ ထက် ပိုလျှင်တယ်ဆိုတာကိုတော့ လက်ခံထားဖို့ လိုပါတယ် ။
နောက်တခု..က ဒီလောက် ဖြစ်သင့်တဲ့ အလုပ်ကြိး..ဘယ်လို အကောင်အထည်ဖေါ်နိုင်မလဲ ။ အဲဒီအကြံအဥာဏ် ကို တင်ပြဖို့ လိုနေပါတယ် ။ တနည်း...ကြောင်ကိုဘယ်သူခြူဆွဲပေးမလဲ ???? ဘယ်လိုနည်းနဲ့ ဆွဲကြမလဲ...????
ဒီလိုဘဲ..အခုဒေါ်စု လွတ်နေပါပြီ....မေးကြည့် လိုရပါတယ် ။ ဒီပဲယင်း ခရိး မထွက်မှီလေးမှာတင်...ကျနော် ဒေါ်စုကို..ဒေါက်တာ ဥိးမျိုးအောင်.( တတန်းထဲ သူငယ်ချင်း ) နဲ့ သတိပေးပါသေးတယ် ။ ဒါ ဂွင်ဆင်နေတာနဲ့..ဘယ်လို ကြံ့ ဖွတ်တွေကို ဓါတ်ပုံရိုက်ထားဖို့ ..ကျနော် ဘယ်လိုကူညီနိုင်ပါတယ် ကမ်းလှမ်းပါတယ် ။ နစ်ကြိမ်ပါ ။ တွေ့ ဆုံဖို့ ပင်တောင်းဆိုပါသေးတယ် ။ အခြားသူ..လေးဥိးနဲ့..ငါးဥိးတပြိုင်ထဲ ဘဲတွေ့ ခွင့်ပေးလို့ ကျနော် ..မတွေ့ ခဲ့ပါဘူး..။ တခြားသူတွေက ဓါတ်ပုံရိုက်ဖို့ ..ဒီဓါတ်ပုံနဲ့ ..ဒုက္ခသယ်လျှောက်ဖို့ လုပ်နေကြသူတွေ အတော်လေးများပါတယ် ။ သိနေရပါတယ် ။
.နောက်ဆုံး ကျနော်က...၃-မိနစ်ဘဲပေးပါတောင်းဆိုပါသေးတယ် ။ ကျနော်က ဒေါ်စုကို ကွန်ပျူတာလှုတဲ့ကိစ္စ နဲ့..အတေးထား..ဒေါ်စုအခွေတွေ( မိန့်ခွန်းကက်ဆက်အခွေတွေ..ဗွီဒီယိုအခွေတွေ ) ( အေခွတွေ ထောင်နဲ့ချီဖြန့် ခဲ့တာပါ ..တပြားမှမမြတ်မယူခဲ့တဲ့အပြင်..အများစုကို..ဖရီး ) ဖြန့် မှုနဲ့ ထောင်ကျလာခဲ့သူပါ ။ ဒီပဲယင်း တကယ်လဲဖြစ်ကော..ဘယ်မလဲ ကျနော်တို့ ဘက်က ဓါတ်ပုံတပုံတောင်မပြနိုင်ခဲ့ဘူး ။
ကျနော်တို့ တတွေ ဖြစ်ချင်တာ..ကို တွန်းနေတာထက်..ဖြစ်နိုင်တာကို လုပ်ရအောင်. ခြေလှမ်းစတင်တာက...စဉ်းစားကြတာပို ပြိး အရာရောက်ပါမယ် ။
နောက်ဆုံး...ဘာလို့ ဥိးခွန်ထွန်းတို့ ကိုတော့ မတရာဖမ်း..နစ်ရှည်ထောင်ဒါဏ်တွေချမှတ်ပြိး..ကလေးညီလာခံကိုတော့ ..မသိသလိုလုပ်နေတာလေးကိုတော့..လေးလေးနက်နက် ပထမဥိးဆုံးစဉ်းစာစေချင်ပါတယ် ။ သန်းရွှေ ဟာ ကျနော်တို့ ထက်လျှင်တယ်ဆိုတာ ကို လဲ လက်ခံထားကြပါ ။
နောက် ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေ အချင်းချင်း တောင် မာန တွေနဲ့..တဥိးနဲ့ တဥိး..ဒီအကောင်က ဘာလုပ်ဖူးလို့ လဲ တိုင်းတာနေကြတာ..ဘာကိုပြနေသလဲဆိုရင်...ဥိးဏှောဏက် ရှိကြရင်..ဒါ နိုင်ငံဗရးလုပ်နေတာ...အကျိုးအမြတ် သိပ်မက်နေတယ်ဆိုတာ..ရောင်ပြန်ဟပ်နေတယ်ဆိုတာ..တဖက်လှဲ့ ပြနေတာပါဘဲ ။ အဲဒီလိုတိုင်းနေတဲ့သူဟာ..အတ္တ ကြိးမားနေတယ်ဆိုတာပြနေတာပါဘဲ ။ တိုင်းပြည်အတွက် တကယ် စွန့် လွှတ်မှု ခံယူချက်ရှိရင်..ဒါငါပေးဆပ်နေတာဘဲ ။
နိုင်ငံအရေးမှာ လူများများပါလာမှ အောင်မြင်မယ်ဆိုတာကိုပင် မမြင်နိုင်အောင် ( အတ္တ ) အမှောင် ပိတ်ဖုန်းနေကြတာပါဘဲ ။ ကျနော် လူကိုယ်တိုင် ပါဝင် လို့ မရတော့ ငွေ ဒေါ်လာထောင်.သောင်း ချိ ထဲ့ဝင်နေလျှက်ပါ ။ ထဲ့ဝင်နေဆဲပါ ။
လေးစားလျှက်
လှို်င်မြင့်
ဆစ်ဒနီ
Sunday, 21 November 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment