Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Thursday, 4 November 2010

မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာသာ ရောက်မလာခဲ့ရင်။

တစ်ခါက အလွန့်အလွန် နာမည်ကြီးတဲ့ ကျမ်းပြု ဆရာတော် တစ်ပါးက တရားဟောရင်း
စကားတစ်ခွန်း ထည့်ပြော သွားပါတယ်။
“မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာသာ ရောက်မလာခဲ့ရင် အာဖရိကနိုင်ငံတွေနဲ့ သူမသာ ကိုယ်မသာဖြစ်မှာပဲ” ဆိုတဲ့ စကားလေ။

ဒါကိုတော့ ခင်ဗျားတို့ သေချာပေါက်ကြားဖူးတယ်။
ရဲလေးနဲ့ ကြက်ဖတို့ဆိုထားတဲ့သီချင်းကို တရားလုပ်ဆိုထားတာ။
စကြားစတုန်းကတည်းက ကျွန်တော် ဒီပိုစ့်ကို ရေးမလို့ပါ။ ဒါပေမယ့်
ဒီတစ်ပုဒ်တည်းနဲ့ ပြီးမယ်လို့ ထင်ခဲ့လို့ပါ။ သိပ်မကြာပါဘူး။
ဂန္ထ၀င်ရည်းစာစာ ဆိုပြီး ထွက်လာပြန်ပါရော။ ဆိုတဲ့သူကလည်း မကြောက်။
နားထောင်တဲ့သူကလည်း မကြောက်။ ကျွန်တော်တို့ ဘုရားရှင်က သိက္ခာပုဒ်တွေကို
ပညတ်ခဲ့ရာမှာ လောကအပြစ်နဲ့ မလွတ်တဲ့ အပြစ်တွေကိုလည်း သိက္ခာပုဒ်အနေနဲ့
သတ်မှတ်ခဲ့ ပါတယ်။ ဒါတွေဟာ ဒီလိုလုပ်တာဟာ လောကအပြစ်ပါ။ ဘာသာခြားတွေ
ဟားတိုက်စရာ။ လှောင်ပြောင်စရာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာတွေ ကိုယ့်ဘာသာတရားကို
ကပျက်ကချော်လုပ်ရဲတယ်။ ဒီဘာသာဟာ နဂိုရ်ကတည်းက ဘာမှအဓိပ္ပါယ်မရှိ
ဖွဲ့စည်းထားတဲ့ ဘာသာဖြစ်မှာပါပဲလို့ ထင်မြင်သွားစရာဖြစ်ပါတယ်။

အဲဒီသီချင်းတွေက တရားဝင်ဖြန့်တာ မဟုတ်ဘူးလို့ ကျွန်တော် ယူဆမိပါတယ်။
ဒါပေမယ် တရားဝင်ထွက်လာတဲ့ ခွေက မေတ္တာပို့ ကိုဒီဂျေပွတ်တာပါ။
ရင်နာစရာကောင်းပါတယ်။ ဗုဒ္ဓဘာသာကသာ ဗုဒ္ဓဘာသာကို ပြန်ဖျက်ဆီး လိုက်ကြပါပြီ။
မာတာပိတု အာစရိယ
ဉာတိမိတ္တသမူဟာ အဝေရာဟောန္တု အဗျာပဇ္ဇာဟောန္တု အနီဃာဟောန္တု စတာတွကို
ဒီဂျေပွတ်ပစ်တာပါ။ အမိသည်လည်းကောင်း၊ အဖသည်လည်းကောင်း။ ဆရာသည်လည်းကောင်း၊
ဆွေမျိုးသည်လည်းကောင်း၊ မိတ်ဆွေသည်လည်းကောင်း ကျန်းမာပါစေ၊ ချမ်းသာပါစေ။
ဘေးရန်ကင်းပါစေ ဆိုတာကို ခင်ဗျားတို့ ကလို့ရတယ်ပေါ့။
ခပ်မှိန်မှိန်အပြာရောင်မီးအောက်မှာူးမူးရူးရူးတစ်ယောက်ကို တစ်ယောက် လူမှန်းမသိအောင်မူးရင်း ဖက်နမ်းပြီး ကရဲကြတယ်ပေါ့။ အဲဒီသီချင်းကို အနုပညာ
လို့ ခေါ်ရဲတယ်ပေါ့။ အဲဒီပညာတွေကို။ ခေတ်မီတယ်ပေါ့။ ဗုဒ္ဓဘာသာကို
ပြန်ဖျက်ဆီးကြတာ ပျော်စရာကောင်းတယ်ပေါ့။ မစိုးရိမ်ဆရာတော်ဘုရားကြီး
ပြောလေ့ရှိတဲ့ စကားက “မင်းတို့က မတောက်တခေါက် အတွေးအခေါ်တွေနဲ့ ဖင်ခေါင်းက
သိပ်ကျယ်ချင်ကြတာ” လို့ ကျွန်တော် ပြန်ပြောရင်တောင် ကျွန်တော်က
ယဉ်ကျေးပါသေးတယ်။ ခင်ဗျားတို့က မအေကိုင်တုတ်မှ ရိုင်းတယ်လို့
ထင်နေကြတာပေါ့။ မြန်မာနိုင်ငံက အနုပညာရှင်တွေ သူတို့ကိုသူတို့
အနုပညာရှင်လို့ ပြန်ခေါ်ရဲတာ အံ့တယ်။

သီချင်းတစ်ပုဒ်က “ဘုန်းကြီးဝတ်သွား” တဲ့။ ဟုတ်လား။ ဆိုစရာ ရှားနေရင်
သူတောင်းစားလုပ်စားလို့ ရတယ်။ မြန်မာတွေ ထွင်ထားတဲ့ စကားပုံတစ်ပုံရှိတယ်။
“ထမင်းငတ်လို့ မသေပါဘူး” တဲ့။ အရေးထဲ မန္တလေးသင်္ကြန်မှာ ချစ်သုဝေက
ပြောသွားသေးတယ်။ “ကိုယ်တော်တွေ ရရင် လိုက်ဆိုလို့ရတယ်” တဲ့။
စန္ဒီမြင့်လွင်က “အများကြီးပဲ ကိုယ်တော်တွေ” တဲ့။ အများကြီးပဲ အဆိုတော်တွေ
ပြောသွားတဲ့ စကားတွေ။ မြန်မာနိုင်ငံမှာ ရဟန်းပေါင်း ငါးသိန်းကျော်တယ်။
မဟုတ်တာလုပ်နေတဲ့ ကိုယ်တော်တွေ တစ်သောင်း မပြည့်ပါဘူး။ စာသင်နေတဲ့
စာချနေတဲ့ တရားထိုင်နေတဲ့ ကိုယ်တော်တွေကို လိုက်မကြည့်ဘဲ ပုထုဇန်သဘာဝအရ
မရင့်ကျက်သေးတဲ့ ကိုယ်တော်တွေကို လိုက်ကြည့်ပြီး အပြစ်ပြောချင်နေတယ်။
ဆိုစရာသီချင်းမရှိရင် ကျွန်တော့်ဆီလာခဲ့ပါ။ ကျွန်တော်ရေးပေးမယ်။
ဘုန်းကြီးဝတ်သွားဆိုတဲ့ စာသားကို မြန်မာ့ဂီတအစည်းအရုံးကလည်း
ထုတ်ခွင့်ပေးတာ အံ့ပါတယ်။ ဆင်ပေါက်ထက် ဂျောက်ဂျက်ကမှ ယဉ်ကျေးပါသေးတယ်။

ဒီသီချင်းတွေကို ကျွန်တော့်ထက် မိတ်ဆွေတို့ ပိုကြားဖူးမှာပါ။

အထက်ပါ ကျမ်းပြုဆရာတော်ဟာ အထက်ပါစကားကို ပြောသွားခဲ့တာ နှစ်ပေါင်း
ငါးဆယ်ကျော်သွားပါပြီ။ ဆရာတော်ဘုရား သိပ်မှန်တယ်။ “မြန်မာနိုင်ငံကို
ဗုဒ္ဓဘာသာသာ ရောက်မလာခဲ့ရင် အာဖရိကနိုင်ငံနဲ့ သူမသာကိုယ်မသာဖြစ်နေမှာပဲ”

ကျွန်တော်ဒီပိုစ့်ကို ဆွမ်းဆန်ထဲ ကြက်ချေးရောသည်ဟု သတ်မှတ်သော်လည်း
အကြာကြီးထိုင်ပြီး အစော်ကား မခံနိုင်တော့သဖြင့် တင်လိုက်ခြင်းဖြစ်ပါသည်။

No comments: