Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Wednesday 6 January 2010

၂၀၁၀ကိုရောက်လာပြီ။ န-အ-ဖ ကရွေးကောက်ပွဲတကယ်လုပ်တော့မှာလား။ ကျနော်တို့ လူငယ်တွေကတော့ န-အ-ဖရဲ့ အမည်ခံရွေးကောက်ပွဲကို အယုံအကြည်ရှိဖို့ နေနေသာသာ စကားထဲတောင်ထည့်မပြောပါ။ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားခေါင်းဆောင်များ နှင့် ကျောင်းသားခေါင်းဆောင်များ ပါဝင်သောစစ်မှန် သည့် တွေ့ ဆုံဆွေးနွေးရေးသည်သာ ကျနော်တို့ တိုင်းပြည်အတွက် အဖြေမှန်ဖြစ်သည်ဟု ခိုင်မြဲစွာယူဆထားသည်။ ဒီမိုက ရေစီအင်အားစုများကလဲ န-အ-ဖ က တရားမျှတမှု မရှိသည့် ၂၀၀၈ ဖွဲ့ စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို အတင်းအကြပ်အတည်ပြုမှု ကိုကာကွယ်ရန် လူထုအင်းအား ကိုအသုံးပြုရန် အစွမ်းကုန် ကြိုးပမ်းနေကြသည်။ ကျနော်တို့လည်း ပါမည်။ လောလောဆယ် ထိုသို့ ကြိုးစားနေသူများကို ကူနိုင်သလောက် ကူမည်စိတ်ကူးသည်။ ဒါကြောင့်သူတို့ အကျိုးရှိ မည်ထင်သော ကိစ္စတစ်ခုကိုကျနော်တို့ လုပ်ဆောင်ဖို့ ဆုံး ဖြတ်လိုက်သည်။ တခြားမဟုတ် လူတွေ ကြားထဲက လူတွေရဲ့ စကားကိုနားထောင်ပြီး နိုင်ငံရေးခေါင်းဆောင် များ၊ ပြည်ပရောက်ဒီမိုကရက်တစ်ဘက်တော်သားများ ကိုတင်ပြဖို့ ပဲဖြစ်သည်။ အောက်တွင် ဖော်ပြထားသော စကားပြောခန်းများကို ကြည့်ပြီး ကိုယ့်ဟာကို သင့်တော်သလိုဆုံးဖြတ်ကြပါ။ ကျနော်တို့ ကတော့တင်ပြရုံ သက် သက်ဖြစ်သည်။

ရန်ကုန်မြို့ နှင့်မနီးမဝေး မြို့ ကလေးတွင်ဖြစ်သည်။ မြို့ ကလေး အနီးဝန်းကျင်ရှိ ရွာများမှ ကျောင်းသား၊သူ များသည် မြို့ ကလေးသို့ လိုင်းကားများစီးပြီး ကျောင်းတက်ရသည်။ ကျောင်းမှ ရွာကိုအပြန်တွင်လဲ အဆိုပါ လိုင်းကားများစီးပြီး ပြန်ရသည်။ ကားဂိတ်တွင်ဆေးဆိုင်၊ဈေးဆိုင်များရှိသည်။ ဈေးဆိုင်တစ်ဆိုင်ဧ။် အရှေ့ တွင် ရွာများမှ ကျောင်းလာတက်သူ ကျောင်းသူသုံးဦး ကားစောင့်ရင်းစကားပြောနေကြသည်။ (အလယ်တန်း ကျောင်းသူများဟု ယူဆသည်။)
ပထမကျောင်းသူ။ ။ အလင်းဝင်တဲ့သူတွေ ကို အလင်းဝင်ရင် ဆန်ဆီဆား အလုပ်အကိုင်တွေပေးတယ်တဲ့။
ဒုတိယကျောင်းသူ။ ။ ဟုတ်လား တော်တော်ကောင်းတာပဲနော် အေးဆေးပဲ ဘာမှမပူရဘူး
တတိယကျောင်းသူ။ ။ အင်းသူတို့ က အဲလိုပေးမှဟ မပေးရင် ဒီလူတွေက သောင်းကျန်းမှာ ။။

ဧရာဝတီတိုင်းတွင်းမြို့ လေးတစ်ခုတွင်ဖြစ်သည်။ ရန်ကုန်မြို့ မှ အလည်လာသူ အသက် ၃၅နှစ်ရှိ အမျိုးသမီး တစ်ဦး နှင့် အိမ်သည် အသက် (၆၀)အရွယ် တို့ ဧ။် စကားဝိုင်းဖြစ်သည်။ရန်ကုန်မြို့ တွင်နေထိုင်သူ ၃၅နှစ် အ ရွယ်အမျိုးသမီးဧ။် ခင်ပွန်းမှာ နေပြည်တော်ရှိ ဦးသန်းရွှေ၊ ဦးမောင်အေးတို့ ဧ။် အိမ်များဆောက်ုလုပ်ရာတွင် ၀င်ရောက်လုပ်ကိုင်ပေးနေသော အခြေခံအလုပ်သမားတစ်ဦးဖြစ်သည်။
၃၅နှစ်အမျိုးသမီး။ ။ ကျမယောင်္ကျားက ဗိုလ်ချုပ်မောင်အေးအိမ်ကိုရောက်ခဲ့တယ်။ သူ့ မိန်းမနဲ့ တွေ့ ခဲ့ တယ်။
၆၀နှစ်အမျိုးသမီး။ ။ ဟုတ်လား ဘာတွေ များတွေ့ ခဲသတုန်း
၃၅နှစ်အမျိုးသမီး။ ။ အင်းသူ့ မိန်းမက ကျမယောင်္ကျားကို အစားအစာတွေကျွေးတယ်လေ ။ မထင်ရဘူး အဒေါ်ရေ သိပ်သဘောကောင်းတာ မာနကြီးမယ်ထင်တာ မကြီးဘူးတော့။
ပဲခူးတိုင်းအတွင်းမြို့ လေးတစ်မြို့ ရှိဆေးကုမဏီတစ်ခုတွင်ဖြစ်သည်။ ကုမဏီ ရုံးခမ်းအတွင်းအလုပ်လုပ်နေ ကြစဉ်ရုတ်တရက်မီးပျက်သွားသည်။ ထိုရုံးခမ်းအတွင်း အသက်(၅၀)အရွယ်ယောင်္ကျားတစ်ဦး နှင့် အသက် (၃၅) နှစ်အရွယ်ယောင်္ကျား နှစ်ဦးတို့ လဲ အလုပ်လုပ်နေသည်။
အသက်၅၀။ ။ဒီလိုလျှပ်စစ်မီးမျိုးနဲ့ များ ခတ်မှီဖွံ့ ဖြိုးတိုးတက်တဲ့နိုင်ငံထူထောင်အုံးမတဲ့။ အံ့ပါရဲ့  ။ ရွေးကောက်ပွဲပြီးလည်း ဒီအချိုးပဲဖြစ်မှာ။ ဘယ်တော့မှဆောက်သုံးကျမှာမဟုတ်ဘူး။
အသက်၃၅။ ။ ကျနော်ကတော့ရွေးကောက်ပွဲပြီးရင် တစ်မျိုးဖြစ်မယ်လို့ ထင်တယ်ဗျ ။ ဒါမှသူတို့ ဆက်အုပ်ချုပ်လို့ ရမှာလေ။
အသက်၅၀။ ။ မထင်ပါနဲ့ ကွာ ဒီကောင်တွေ လား မင်းတို့ ငါတို့ ကို စေတနာထားမှာ ဘာမှထူးမှာ မဟုတ်ဘူး။
စစ်ကိုင်းတိုင်းအတွင်းမြို့ ခလေးတစ်ခုတွင်နေထိုင်ပြိး စီးပွားရေးတက္ကသိုလ်တက်ရောက် နေသောကျောင်းသူ တစ်ဦးဖြစ်သည်။ သူမက အင်တာနက်အီးမေးလ်မှ တဆင့် ရရှိလာသော ဒေါ်အောင်ဆန်းစုကြည်ဧ။် မိန့် ခွန်းအား ဒေါင်းလုပ်ဆွဲ ပရင့်ုထုတ်ရ်ူ သူမဧ။် မိသားစုအပါအ၀င် သူငယ်ချင်း မောင်နှမများအားပေးဖတ်သသည်။ထိုမိန့် ခွန်းပေးဖတ်ပြီး နောက် အသက်(၄၀) အရွယ်ရှိသူမတို့ အိမ်တွင်အလုပ်လုပ်နေသောအမျိုးသမီးက မှတ်ချက်ပေးသည်။
တို့ ကတော့ဘာပဲဖြစ်ဖြစ် ဒေါ်စု မှ ဒေါ်စုပဲ။ ဘာမှလာပြောမနေနဲ့ ဒေါ်စုခိုင်းတာဆိုလုပ်ပြီးသား ဟုပြောသည်။
ထိုအဒေါ်ကြီးဧ။်သား ခုနှစ်တန်းအရွယ် ကျောင်းသားကမှု ဗိုလ်ချုပ်အောာင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကို သားသိတယ်။ ဒါပေမယ့် အိမ်အကျယ်ချုပ်ဆိုတာဘာ လဲ သားနားမလည်ဘူးဟု တက္ကသိုလ်ကျောင်းသူအား မေးခွန်းထုတ်ခဲ့သည်။
စေတနာဖြင့်
ရန်ငြိမ်းအောင်

No comments: