Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Wednesday 18 November 2009

Burma News International (BNI)

၁၄ ကြိမ်မြှောက် ဘီအန်အိုင် အစည်းအဝေး သတင်းထုတ်ပြန်ချက်

၁၄ ကြိမ်မြှောက် ဘီအန်အိုင် အစည်းအဝေးကို ၂ဝဝ၉ ခုနှစ် နိုဝင်္ဘာလ ၁၅ ရက်နေ့မှ၁၇ ရက်နေ့ထိ ထိုင်းမြန်မာ နယ်စပ်တနေရာတွင် (၃) ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ သည်။ အဆိုပါ အစည်းအဝေးသို့ အဖွဲ့ဝင် သတင်းဌာန များဖြစ်သည့် ကချင်သတင်း ဌာန၊ ကရင်သတင်းဌာန၊ ကန္တာရဝတီတိုင်းမ် သတင်းဌာန၊ ကုလားတန် သတင်းဌာန၊ ကောင်းဝါသတင်းဌာန၊ မဇ္ဈိမသတင်းဌာန၊ နိရဉ္စရာသတင်းဌာန၊ သျှမ်းသံတော်ဆင့်၊ လွတ်လပ်သော မွန်သတင်း အေဂျင်စီ၊ သတင်းနှင့် မီဒီယာကွန်ယက်နှင့် ခွန်နထုမ် သတင်းဌာနမှ သတင်းထောက်များ တက်ရောက် ခဲ့ကြသည်။

အဆိုပါ အစည်းအဝေးတွင် တက်ရောက်လာသော သတင်းဌာန ကိုယ်စားလှယ်များက ဘီအန်အိုင် နှင့် ပတ်သက် ပြီး ဖြစ်ပေါ်တိုးတက်မူများကို အပြန်အလှန် လေ့လာဆန်း စစ်ခဲ့ကာ ဘီအန်အိုင်အတွက် ရှေ့လုပ်ငန်းစဉ် များကို ရေးဆွဲချမှတ်ခဲ့သည်။

ထိုသို့ ရေးဆွဲချမှတ်ရာတွင် နအဖ စစ်အစိုးရမှ ၂ဝ၁ဝ ခုနှစ်တွင် ပြုလုပ်မည့်ရွေးကောက် ပွဲနှင့် ပတ်သက်ပြီး ဘီအန်အိုင်မှ အများသဘောတူ ဆုံးဖြတ်ချက်တရပ်ကို ချမှတ်နိုင်ခဲ့ သည်။ အဆိုပါ ဆုံးဖြတ်ချက်အရအကယ်၍ နအဖစစ်အစိုးရမှ ၄င်းတို့ ကျေညာထား သည့်အတိုင်း ၂ဝ၁ဝ ခုနှစ် ရွှေးကောက်ပွဲကို ကျင်းပပြုလုပ်မည်ဆိုပါက လွတ်လပ်ပြီး တရားမျှတသော ရွှေးကောက်ပွဲ ပြုလုပ်ရန် လိုအပ်သည်။ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက် ပွဲဖြစ်ရန်အတွက် သတင်းလွတ်လပ်ခွင့်ရရှိရန် လိုအပ်ပြီး သတင်း သမားများကို လွတ်လပ်စွာ သတင်းရယူခွင့်ပြုရန် မှာလည်း အထူးအရေးကြီးသည်။ ထိုသို့ မဟုတ်ပါက ၂ဝ၁ဝ ခုနှစ် နအဖ ပြုလုပ်ရန်စီစဉ်နေသောရွေးကောက်ပွဲမှာ တရားမျှတသော ရွှေးကောက်ပွဲ ဖြစ်နိုင်မည် မဟုတ်သည့်အပြင် နိုင်ငံတကာမှလည်း အသိအမှတ်ပြုနိုင်လိမ့်မည် မဟုတ်ပေ။ သို့အတွက်ကြောင့် ကျွန်ုပ်တို့ ဘီအန်အိုင်မှ နအဖ စစ်အစိုးရအား အောက်ပါ အချက်များကို တောင်းဆို လိုက်သည်။

(၁) မြန်မာနိုင်ငံအတွင်း ဖမ်းဆီးခံထားရသော သတင်းထောက်အားလုံးကို ရွေး ကောက်ပွဲ မတိုင်မှီ ချွင်းချက်မရှိ အမြန်ဆုံးလွတ်ပေးရန်
(၂) ပြည်တွင်းပြည်ပ သတင်းထောက်များအား လွတ်လပ်စွာ သတင်းရယူခွင့်ပြုရန် နှင့် ပုံနှိပ် ဖေါ်ပြ ခွင့်ပြုရန်
(၃) သတင်းစာနယ်ဇင်းများအပေါ် တင်းကျပ်စွာ စာပေစီစစ်ရေးမှ ဆင်ဆာလုပ်မှုကို ရပ်ဆိုင်းရန်

၎င်းအပြင် ဘီအန်အိုင်အနေဖြင့် ၂ဝ၁ဝ ခုနှစ်ရွေးကောက်ပွဲ အပါအဝင် တိုင်းရင်းသား နယ်မြေအသီးသီးတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး၊ လူမူရေး၊ စီးပွားရေး နှင့် ပဋိပက္ခ များကို မြန်မာနှင့် နိုင်ငံတကာမှ သိရှိနိုင်ရန် ထုတ်ဖေါ် တင်ပြသွားမည် ဖြစ်သည်။



ဆက်သွယ်ရန်

၁။ ဦးခွန်ဆိုင်း- (ဝ) ၈၁ ၅၃၁ ၂၈၃၇
၂။ နိုင်ကဆော့မွန်- (ဝ) ၈၁ ၃၆၅ ၉၁၄ဝ
၃။ နန်းဖော့ဂေ- (ဝ) ၈၇ ၂ဝ၉ ၉၇၇၂

No comments: