Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Monday 7 September 2009


ပထမအကြိမ်၁၉၉၀ပြည့်ကာလ
မန္တလေးမှာ ဆွမ်းလောင်းလှူစဉ်ကပေါ့
န အ ဖစစ်တပ် ပစ်သတ်လို့ဇီဝိန်ကြွေ
သံဃာတွေသေကြေကြ
ရိုင်းစိုင်းယုတ်မာစဉ်ကပေါ့
ဒို့တတွေခေါင်းငုံ့မခံ
တွန်းလှန်မယ်ဆိုပြီး
ဘုရားပေးတဲ့ကမ္မဝါ
ပတ္တနိက္ကုဇ္ဇနာကို
စုပေါင်းကာရွတ်ဆိုကြ
သပိတ်မှောက်ခဲ့ကြပေါ့
ဒါပေမယ့်မျိုးယုတ်န အ ဖ
သံဃာကိုပစ်ကာသတ်
တိပိဋကပါမကျန်လပ်ခံရ
ဆရာတော်တွေထောင်ထဲစံရပေါ့
ဒုတိယအကြိမ်

၂၀၀၇ စက်တင်ဘာကာလ
သူတို့ ရက်စက်ယုတ်မာစဉ်ကပေါ့
တို့တတွေလုံးဝလက်မခံ တွန်းလှန်မယ်ဆိုပြီး
သပိတ်မှောက်ကမ္မဝါ ပတ္တနိက္ကုဇ္ဇနာကို
စုပေါင်းကာရွတ်ဖတ်ကြ
မေတ္တာပို့ချီတက်ဆန္ဒပြကြပေါ့
ဒါပေမယ့် န အ ဖ ဘယ်သူ့ကိုမှမခ
မာန်မာနတွေထောင်ကာကြွပြီး
သေနတ်နဲ့ပစ်သတ် ရက်ရက်စက်စက်
ညှင်းပမ်းနှိပ်စက် ယုတ်မာနေကြ
သံဃာသွေးတွေ ကျောင်းသားပြည်သူသွေးတွေ
မြေမှာခကြရပေါ့
ဒီလိုသာတသက်လုံး ခံခဲ့ကြရင်
ဒို့သာသနာ ဒို့ပြည်ရွာကို
မိစ္ဆာတွေလက် ဝကွက်အပ်ရတော့မယ်
လာမည့်စက်တင်ဘာ ဆယ့်ခုနှစ်ရက်နေ့
ဒါဟာ န အ ဖ ကိုပေးခဲ့မန့်ဒိတ်
ဖမ်းဆီးထားသံဃာများကို ချွင်းချက်မရှိ
ချက်ချင်းလွှတ်
မိမိမှားယွင်းကြောင်းပြန်တောင်းပန်
ဒီနှစ်တန်ဒင်းတို့ လက်မခံက
လာမည့်စက်တင်ဘာ ၁၈.၉.၂၀၀၉ ရက်နေ့

တတိယအကြိမ်သပိတ်

အဆုံးသတ်တိုက်ပွဲ
ဒို့ဆင်နွှဲကြမယ်
ရဟန်းသံဃာ ကျောင်းသားပြည်သူ
အားလုံးအသင့်ပြင်ထားကြ။ ။

ရေးသားသူ။ ။ မင်းသုည (ကွန်းခြံကွန်း)


စစ်ခွေးတွေရဲ့ သေနတ်ပြောင်း
ကိုမကြောက်ဘဲ ပြည်သူတစ်ရပ်လုံး
ကသာ ပါဝင်ဆင်နွဲမယ်ဆိုရင်
ဒီစစ်အာဏာရှင်အစိုးရ ခွေး
ပြေးဝက်ပြေး ပြေးရမှာပါ။
အခုစက်တင်ဘာမှာ တိုက်မယ့်
သပိတ်တိုက်ပွဲမှာ တိုင်းရင်း
သားပြည်သူတစ်ရပ်လုံး ပါဝင်ဆင်
နွဲကြဖို့ နှိုးဆော်အပ်ပါသည်။
ကိုယ်နဲ့မဆိုင်သလိုမနေကြပါနှင့်။
မြန်မာနိုင်ငံသူ/သား အားလုံးမှာ
တာဝန်ရှိပါသည်။




Respectfully
Si Thu Aung
Health Coordinator
Burma- Workers' Rights Protection Committee
Email:
http://www.malaysiaburma.blogspot.com
Mobile: +6012 347 0026

No comments: