Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Wednesday 26 August 2009

G20 Summit Pittsburgh U.S.A နှင့် Union Square NY ဥသျှောင်အဖွဲ့ကြီးက ဦးဆောင်ပြီး မြန်မာပြည်သူများအတွက်
ရွေဝါရောင်နှစ်ပတ်လည် မေတ္တာပို့ ဆုတောင်းပွဲ



သြဂုတ်လ(၂၄) ၂၀၀၉



၂၀၀၇-ခုနှစ်၊စက်တင်ဘာ(၂၆)နေ့သည် ငြိမ်းချမ်းစွာမေတ္တာသုတ်
လမ်းလျှောက်ရွတ်ဆိုသော ဘုရားသားတော် ရဟန်းတော်များနှင့်
သမီးတော်သီလရှင်များကို စစ်တပ်ကအကြမ်းဖက်သတ်ဖြတ်ခဲ့သောနေ့ဖြစ်ပါသည်၊
ပတ္တနိကုဇ္ဇနကံဖြင့် နှစ်ကြိမ်တိုင်တိုင် သပိတ်မှောက်ခံထားရသော စစ်အုပ်စုက
ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်မြတ်ထားရာ ရွှေတိဂုံဘုရား ခြေတော်ရင်း၌ပင် စတင်ကာ
ရက်စက်ယုတ်မာစွာ အကြမ်းဖက်၊ နှိမ်နှင်း၊သတ်ဖြတ်၊ ဖမ်းဆီး ထောင်ချ
ခဲ့သဖြင့် ကမ္ဘာသူကမ္ဘာသားတို့က စက်ဆုပ်ရွံရှာအံသြတုန်လှုပ်ခဲ့သည့်နေ့အဖြစ်
အမှတ်တရရှိနေမည်ဖြစ်သည်၊၊ ထိုနေ့တွင် ကျဆုံးသွားသော ဘုရားသားတော်
သမီးတော်များနှင့် ကျောင်းသားပြည်သူများအား အောက်မေ့ဖွယ်အဖြစ် ဆုတောင်း
မေတ္တာပို့ပွဲ ပြုလုပ်ပါမည်၊၊



သာသနာ့သမိုင်းမှာမမေ့နိုင်စရာ သံဃာ့သွေးရွှေတိဂုံမှာ ကြာခဲ့ရသည့်
စက်တင်ဘာ(၂၆)ရက်နေ့ကို ရွှေဝါရောင် တော်လှန်ရေး နေ့ဟု
သာသနာ့ဥသျှောင်အဖွဲ့ကြီးက သတ်မှတ်ခဲ့သည့်အတိုင်း ယင်းကာလတွင်
အသက်သွေးတို့ဖြင့် ပေးဆပ်ခဲ့ကြရသည့် သာသနာ့အာဇာနည်တို့၏
ဂုဏ်သတ္တိနှင့်ကျေးဇူးအပေါင်းကို ကမ္ဘာ့ခေါင်းဆောင်ကြီးများ၊ကမ္ဘာသူ
ကမ္ဘာသားများ အမှတ်တရရှိလာစေရန်လည်းကောင်း၊လက်ရှိ
သာသနာတော်နှင့်တိုင်းပြည်အတွက် မိမိတို့၏ ဘ၀ကို စတေးပြီး
အကျဉ်းကျခံနေရသည့် သံဃတပ်ပေါင်းစု ခေါင်းဆောင်ဦးဂမ္ဘီရအား
အကျဉ်းထောင်မှအမြန်ဆုံး လွတ်မြောက် ရန်နှင့် လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်စေရန်
အတွက် ဆုတောင်း မေတ္တာပို့ပွဲကို ကမ္ဘာ့ခေါင်းဆောင်များရှိရာ G20 Summit
Pittsburgh နှင့် နယူးယောက်မြို့ Union Square တွင် အောက်ပါ
အစီအစဉ်အတိုင်း ပြုလုပ်ပါမည်၊၊

ပြည်တွင်းပြည်ပရှိ ဆရာတော်သံဃာတော်များ၊ နိုင်ငံတကာတွင်ရှိနေကြသော
သာသနာ့ဥသျှောင်ဆရာတော်များ၊ အဖွဲ့အစည်းအသီးသီးရှိ
ဒကာဒကာမများအားလုံးအနေဖြင့်လည်း သံဃာတော်များကို သတ်ဖြတ်ခဲ့သော
စစ်အာဏာရှင်အား ရွေဝါရောင်နှစ်ပတ်လည်နေ့တွင် တွန်းလှန် ကန့်ကွက်ကြရန်
သာသနာ့ဥသျှောင်အဖွဲ့ကြီးက နှိုးဆော် လိုက်သည်၊၊



ပထမနေ့ --- စက်တင်ဘာ ၊ ၂၄ -၂၅ ၊ ၂၀၀၉ သောကြာနေ့ ( 9 – 24 -25 – 2009 ) Friday

နေရာ-------David L. Lawrence Convention Center Downtown Pittsburgh PA U.S.A



ဒုတိယနေ့-- စက်တင်ဘာ ၂၆၊ ၂၀၀၉ စနေနေ့ ( 9 – 26 –
2009 ) Saturday

နေရာ --- Union Square ပန်းခြံ နယူးယောက် အချိန် ( 3 :00 pm
– 6 :30 pm )



ဆုတောင်းမေတ္တာပို့ပွဲ နှစ်ရက်စလုံး၏ အသေးစိတ်ကို ထမ်မံ ကြေညာပါမည်၊
အောက်ပါ ဖုံးများကို မေးမြန်းနိုင်ပါသည်၊





မှတ်ချက်၊



အမေရိကန်နိုင်ငံတွင်းရှိ သံဃာတော်များအနေဖြင့် မိမိတို့ကိုယ်တိုင်
လေယဉ်လက်မှတ်ဖြတ်ပြီး နယူးယောက်ကို ကြွလာပါရန်၊
ကုန်ကျသောခရီးစရိတ်တ၀က်ကိုသာသနာ့ဥသျှောင်အဖွဲ့ကပြန်လည်လှူဒါန်းပါမည်၊
စက်တင်ဘာ(၇)ရက်နောက်ဆုံးထား၍ဆက်သွယ်ပါရန်နှင့်

သံဃာတော်များ စက်တင်ဘာ ၂၃ ရက် နယူးယောက်သို့ အရောက်ကြွရောက်ပါရန်
လျှောက်ထားပါသည်ဘုရား၊၊



ဆက်သွယ်ရန်



ဦးနာယက (347) 665-5323

ဦးစန္ဒောဘာသာစာရ (502) 749- 8066

ဦးဣန္ဒာစာရ (718) 426-3959 (ရုံး)



zawgyi မရှိသော ဆရာတော်များနှင့် ဒကာ ဒကာမများ အားလုံးအတွက် PDF ဖိုင်ကို
ဖတ်ရှူနိုင်ပါသည်၊ အားလုံးကို ဆက်ဖြန့်ပေးပါရန်







မေတ္တာဖြင့်
အရှင်စန္ဒောဘာသာစာရ
အတွင်းရေးမှူး
သာသနာ့ဥသျှေင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့
နယူးယောက် အမေရိကန်ပြည်ထောင်စု


--- On Mon, 8/24/09, Sasana Moli wrote:


Dear all
Please find the announcement of International Burmese Monks
Organization on Aug 24, 2009.

--
Help Us Change Burma
International Burmese Monks Organization
www.burmesemonks.org

No comments: