Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Monday 18 May 2009

တိုက်ပွဲ စနေပြီ


အခြေအနေ တစတစ တင်းမာလာနေပြီ ဖြစ်ပါတယ်။ လှည်းတန်းတွင် ကျောင်းသားများ စတင် စုရုံး ရောက်ရှိလာ သဖြင့် ရဲ များချလာကြောင်း သိရပါတယ်။


မီးပွိုင့်ကနေ ပိတ်ထားပါတယ်။

ယခုအခါမှာ အင်းစိန်ထောင်အတွင်းသို့  ရှေ့ နေ (၄) ဦးနဲ့  အမေရိကန်သံရုံးမှသူများ ၀င်ရောက်သွားပါပြီ။ စောင့်ကြည့်နေကြသူများ ဆက်လက်ရှိနေကြပါတယ်။
ပြည်သူလူထုအပြင် ကျောင်းသားများနဲ့  သံဃာတော်များပါ အင်းစိန်ထောင်ဈေးဘက်နေရာတွေမှာ ရောက်ရှိနေကြပါတယ်။
ဒီ့အတွက် ကျန်သော ပြည်သူလူထုကြီးတစ်ရပ်လုံးမှ ၀ိုင်းဝန်းအင်အားဖြည့်ပေးကြဖို့  အနူးအညွတ် မေတ္တာရပ်ခံကြောင်း အင်းစိန်ထောင်ရှေ့ ရောက်နေသူများမှ တောင်းပန်မေတ္တာရပ်ခံနေပါတယ်

အဖမ်းအဆီးစနေပြီ။
အဖမ်းအဆီးစနေပြီ။ အနဲဆုံး ငါးယောက်လောက်ပါသွားတယ်လို့ပြောတယ်။ ရွေပြည်သာက လူငယ် ကိုထွေးသိန်း တစ်ယောက်ပဲ နာမည်သိရသေးတယ်။

သံရုံကားများ ၀င်လာခြင်း

ဒေါ်အောင်ဆန်းစုကြည် ရုံထုတ်သည်ကို လာရောက်ကြည့်ရှု့ ရန် အမေရိကန် ၊ သြစတေးလျ အပါဝင် သံရုံး ၈ ခုမှ ကားများ အင်စိန်ထောင် ဖက်သို့ ဝင်ရန် ရောက်လာနေပါပြီ။ ကားများကို အ၀င်မခံပဲ ပိတ်ထားသဖြင့် အချင်းများ လျက်ရှိနေကြောင်းသတင်း ပို့ လိုက်ပါတယ်။


ဒေါ်စုတိုက်ပွဲ ၀င်နေပြီ
ဝန်ထမ်းတွေက ဒေါ်စုကြည် လို လာခေါ်ပါတယ်။ ဒေါ်စုကြည် ရုံးထုတ်ရင် ထွက်ခဲ့ပါလို့ ဆိုပါတယ်။
ဒေါ်စု က ပြန်ပြင်ခေါ်ပါ။ ဒေါ်အောင်ဆန်းစုကြည်လို ခေါ်မှာ ထွက်နိင်မယ်လို့ ဆိုတဲ့အတွက်
အခြေအတင်ဖြစ်နေကြောင်းသိရပါတယ်။ ဒေါ်စု ကိုအတင်းအကြပ်ရုံထုတ်ရန် ကြိုးပန်းနေကြောင်း သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် သတ္တိရှိစွာဖြင့် ကုလားထိုင်ပေါ်တွင်ထိုင်နေပြီး လာခေါ်သော ထောင်ဝင်ထမ်းများကို
မလိုက် ဟု ရာ ဇသံပေးလိုက်ကြောင်းသိရပါတယ်။ ဒီသတင်းကို တပြည်လုံးကိုဖြန့် ပေးပါ။
ဒေါ်အောင်ဆန်းစုကြည် တိုက်ပွဲကို စတင်လိုက်ပါပြီ။ အားလုံး လက်ပိုက်ကြည် မနေကြပါနဲ့  ။

ထောင် အာဏာ ပိုင်များက အင်စိန်ထောင် ထဲ မှာထောင်ထဲမှာ ထောင်သားတွေအားလုံး ကို အလုပ်မချပဲ ပုံစံထိုင်ခိုင်းထားတယ်။ ထောင်ထဲမှာ ဆူမဲ့ နေအထား ကိုရောက်နေပြီ။

သတင်းများကိုဆက်လက်တင်ပြပေးနေပါမယ်။

သတင်းထုတ် ပြန်ချက် အမှတ်- ၃
နအဖ လူတစုသည် အကြောက်လွန်က အင်စိန် ဖော့ကန် အောင်ဆန်းဘက်ကပိတ်ထားတယ်အင်းစိန်ဂုံးတံတားကနေ စပြီး ထောင်ထိပိတ်တယ်လိုင်းကားလည်းသွားမရဆိုက်ကားလည်းမရသံဆူးကြိုးတုန်းတွေပိတ်ထားတယ်လို့ သိရပါတယ်။ လမ်းသွားလမ်းလာလူအများမှာ အလွန် ဒေါသထွက်လျက်ရှိနေကြတယ်။

ဒေါ်စုသတင်း
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲသို့ သွင်းစဉ်က လက်ပွေပုံစံယူကာ ရာဇ၀တ်သားတဦးကဲ့သို့ ပြုမူဆက်ဆံလိုက်ကြသည်ဟု သတင်းရရှိပါသည်။

တိုက်ပွဲ သတင်း ထုတ် ပြန် ချက် - အမှတ် ၁

သန်းရွှေ နောက်လိုက်တွေကအင်စိန် - ပေါက်တောဝ က စပိတ်ထားတယ်လမ်းကြိုလမ်းကြားတွေလည်း ပိတ်ထားတယ်အရပ်ဝတ်ရဲတွေနဲ့ စွမ်းအားရှင်တွေရှိနေတယ်။ ဒါပေဲ့  လာကြည့် တဲ့လူတွေ တဖြေးဖြေးများလာပြီ။ ဒေါ်စုရုံထုတ်လာမှာကို မြင်လို မြင်ငြား သူတို့ လာကြည့်ကြတာဖြစ်တယ်။ သူတို့ မျက်နာမှာ ခံပြင်းမှု ဒေါသ ထွက်မှုတွေကိုတွေ့ နေရတယ်။ လူတွေက အရွယ်စုံပဲဖြစ်တယ်။ လူငယ်တွေနည်းပြီး လူလတ်ပိုင်းတွေများတယ်။ လူကြီးတွေလည်းတွေ့ နေရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုလက်ထိပ်ခတ်ပြီးထုတ်လာ တယ်လို့ လည်း အနားကလူတချို့ ကပြောနေတာကို ကြားနေရပါတယ်။

ပိတ်ထားတဲ့နေရာကနေ လှမ်းကြည့်နေကြရတယ်လူတွေက မီးပွိုင့်နေရာ ကနေပဲ ကြည့်နေရတာကိုတွေ့ တယ်။ ဈေးအထိကိုဝင်လို့မရတာအောင်ဇေယျတံတားအဆင်း မီးပွိုင့်ကနေ ပိတ်ထားတာတာကိုတွေ့ ရတယ်။ ရဲ စုစုပေါင်း ၁ရာကျော်လောက်တော့တွေ့ နေရတယ်။ အခြေအနေက တော့ အတော်ကောင်းမဲ့သဘောရှိတယ်။ လူတွေသတ္တိရှိနေတာကိုတွေ့ ရတယ်။

No comments: