Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Wednesday 5 November 2008

ဘာရက် အိုဘားမား ကို ပြည်သူလူထု က သမ္မတ အဖြစ်ရွေးခြယ်လိုက်ပါပြီ

အမေရိကန်ပြည်သူများနှင့် အိုဘားမားအောင်ပွဲခံ

အမေရိကန် ပြည်ထောင်စုရဲ့ ပထမဆုံး လူမဲ သမ္မတ အဖြစ် ဘာရက် အိုဘားမား ကို ပြည်သူလူထု က သမ္မတ အဖြစ်ရွေးခြယ်လိုက်ပါပြီ။ သမ္မတလောင်းဖြစ်ဖို့ အတွက် လိုအပ်တဲ့ မဲ ၂၇၀ အနက် သူက ၃၃၃ မဲ အပြတ် အနိင်ရရှိလိုက်ပါတယ်။ ဒီလို အပြတ်အသတ်အနိင် ရရှိလိုက် ဟာဖြင့် အမေရိကန် ပြည်ထောင်စုသမိုင်းမှာ ပထမဦးဆုံး ဖြစ်ပါတယ်။ ပြိုင်ဖက် ဆီးနိတ်တာ မက်ကိန်းကတော့ ၁၄၆ မဲ ရရှိခဲ့ပါတယ်။

အိုဘားမား အောင်ပွဲခံကြောင်း မက်ကိန်းကြေညာ

ရိုက်တာ

အိုဘားမား အနိုင်ရကြောင်း ကြေညာနေသော မက်ကိန်းနှင့် ဘေးမှ ရပ်နေသော ဒုသမ္မတလောင်း ပြိုင်ပွဲဝင် ဆာရာပေါ်လင်း

ရီပတ်ဘလစ်ကန် သမ္မတလောင်း ဂျွန်မက်ကိန်းသည် ဒီမိုကရက် သမ္မတလောင်း ဘားရက် အိုဘားမားကို အနိုင်ပေးလိုက်ပြီး အိုဘားမားသည် သူကိုယ်တိုင်နှင့် သူ့တိုင်းပြည်အတွက် ကြီးမြတ်သော အရာတစ်ခုကို ရရှိလိုက်ကြောင်း ထောပနာပြုလိုက်သည်။

ဇနီးသည် စဲန်ဒီနှင့် ဒုသမ္မတလောင်းအဖြစ် တွဲဖက်ဲအရွေးခံသူ ဆာရာပေါ်လင်းတို့ ခြံရံလျက် အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့ ဘဲလ်တီမိုး ဟိုတယ်အပြင်မှနေ၍ မက်ကိန်းသည် ထောက်ခံသူများအား ည ၉ နာရီကျော်တွင် စကားပြောကြားသည်။ “အမေရိကန် ပြည်သူတွေက ပြောလိုက်ကြပါပြီ။ သူတို့ဟာ သဲသဲကွဲကွဲ ပြောလိုက်ကြပါပြီ”ဟု ဆိုသည်။

အနောက်ဘက်ကမ်းခြေဒေသများတွင် မဲဆန္ဒပေးခြင်း အပြီးသတ်ပြီးနောက် အီလီနွိုက်ပြည်နယ် အထက်လွှတ်တော် ကိုယ်စားလှယ် အိုဘားမား၏ မဲများ ရေတွက်ပြီးနောက် အောင်မြင်ကြောင်း ထင်ရှားပြီးနောက် ပြိုင်ပွဲကို မက်ကိန်းက အိုဘားမား အနိုင်ရကြောင်း ပြောကြားပြီး အဆုံးသတ်လိုက်ခြင်း ဖြစ်သည်။

မက်ကိန်းက သူ့အား ထောက်ခံသူများကို မကျေနပ်စရာတချို့ ခံစားရတာ သဘာဝပါ။ ကျွန်တော်တို့ ဒီလို ခံစားရပေမယ့် အရေးနိမ့်ခြင်းဟာ ကျွန်တော့် အရေးနိမ့်မှုသာ ဖြစ်ပါတယ်။ ခင်ဗျားတို့ အရေးနိမ့်တာ မဟုတ်ပါဘူး”ဟု နှစ်သိမ့်သည်။ ရွေးချယ်ခံ သမ္မတ အိုဘားမားကို ကူညီသွားမည် ဖြစ်ကြောင်းလည်း မက်ကိန်းက ကတိပြုသည်။

မဲဆွယ်ကာလအတွင်း မက်ကိန်းက အိုဘားမားအား သမ္မတဖြစ်ရန် အတွေ့အကြုံ နည်းပါးလွန်းသူအဖြစ် ဝေဖန်ခဲံသော်လည်း ယခု အရီဇိုးနား အထက်လွှတ်တော်အမတ် မက်ကိန်းသည် ရှည်လျားခက်ခဲလှတဲ့ ရှည်လျားခက်ခဲတဲ့ ဒီပြိုင်ပွဲမှာ သူ့ရဲ့ အောင်မြင်မှုဟာ ကျွန်တော့်အတွက် သူ့အစွမ်းသတ္တိနဲ့ ကြံ့ကြံ့ခံနိုင်ရည်ကို လေးစားမိစေပါတယ်”ဟု ပြောကြားသည်။

ဒီမိုကရက် ပါတီတွင်း ဆန်ခါတင် သမ္မတလောင်း ပြိုင်ပွဲတွင် အိုဘားမားသည် သမ္မတဟောင်း ဘီလ်ကလင်တန်၏ ဇနီးဖြစ်သူ အမျိုးသမီး ပရိသတ်၏ ထောက်ခံမဲများ ရရှိထားသော အထက်လွှတ်တော်အမတ် ဟီလာရီ ကလင်တန်ကို အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပြီးနောက် ဟီလာရီ နောက်ဆုတ်သွားပြီး ဒီမိုကရက် သမ္မတလောင်း ဖြစ်လာခဲ့သည်။ မဲဆွယ်ကာလအတွင်းတွင်လည်း အတွေ့အကြုံ နည်းပါးမှု၊ ဘာသာရေး စွပ်စွဲမှု စသော ဝေဖန်မှုများ ရင်ဆိုင်ခဲ့ရသည်။

No comments: