Monday, 29 November 2010

စိတ်ချမ်းသာပျော်ရွှင်နိုင်မည့် အလွယ်နည်းငါးသွယ်

November 29, 2010 — bdcburma

* Posted by ကရင်လေး on November 27, 2010 at 10:01pm

စိတ်ဖိစီးပင်ပန်းမှုကနေ ရုန်းထွက်နိုင်ဖို့ အလွယ်ဆုံးနည်းက
စိတ်ပျော်ရွှင်ရာကို လုပ်ဆောင်လိုက်ဖို့ပါပဲ။ ဒါကြောင့် စိတ်ညစ်တဲ့အခါ
ကြိုးစားလုပ်ဆောင်ကြည့် သင့်တဲ့ နည်းလမ်းငါးသွယ်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ လေကောင်းလေသန့် ရှူရှိုက်ပါ
သင် ကြုံတွေ့နေရတဲ့ စိတ်ဖိစီးစရာကိစ္စက ဘာပဲဖြစ်ဖြစ် ခဏမေ့ထားပြီး သဘာဝ လောကကြီးနဲ့ ထိတွေ့ဆက်သွယ်လိုက်ပါ။ ပန်းခြံ ဒါမှမဟုတ် ဥယျာဉ်ထဲ
လည်ပတ်ပြီးလေကောင်းလေသန့် ရှူရှိုက်ခြင်း၊ တောင်တက်ခြင်း စတာတွေပြုလုပ်ပါ။


၂။ လက်ဖက်ရည်တစ်ခွက် သောက်ပါ
လက်ဖက်ရည်သောက်တာဟာ စိတ်အပန်းပြေစေတဲ့ ရိုးရာအိမ်သုံးနည်း ဖြစ်ပါတယ်။ အင်္ဂလန်သုတေသနအရ လက်ဖက်ရည်သောက်သူတွေဟာ စိတ်ဖိစီးမှုဟော်မုန်း ကော်တီဆောပမာဏ
လျော့ကျနေကြကြောင်း သိရပါတယ်။ ကော်တီဆောဟော်မုန်းဟာ အင်ဒရီနယ်ဂလင်းကနေ
ထွက်ရှိပြီး အထူးသဖြင့် ကြောက်ရွံ့မှုနဲ့ စိတ်ပူပင်သောကတို့ကို
တုံ့ပြန်တဲ့အခါ ပိုထွက်လာတတ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ထဲ
ကော်တီဆောဟော်မုန်း များတာဟာ ခုခံအားစနစ် အားနည်းခြင်းကနေ ဝမ်းဗိုက်အဆီ
ပိုများခြင်းအထိ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။


၃။ ဟာသကား ကြည့်ပါ
စိတ်ရွှင်ပျချင်ရင် သင့်ကို ပျော်ရွှင်အောင် လုပ်နိုင်တဲ့အရာတွေကို လုပ်လိုက်ပါ။ စိတ်ဓာတ်ကျနေရင် ဟာသကားကြည့်ပြီး ရယ်မောလိုက်ပါ။ မိသားစုတစ်ခုလုံး ကိုယ်ကျန်းမာ
စိတ်ချမ်းသာစေဖို့ အဆီပိုတွေလောင်ကျွမ်းအောင် အောက်ပါတို့ကို အတူတကွ
လုပ်ဆောင်ပေးပါ။ မိနစ် ၆၀ ကြာ ဥယျာဉ်စိုက်ပျိုးခြင်း – ကယ်လိုရီ ၃၀၀
လောင်ကျွမ်းစေတယ်။ မိနစ် ၆၀ ကြာ လမ်းလျှောက်ခြင်း – ကယ်လိုရီ ၂၀၀
လောင်ကျွမ်းစေတယ်။ ၄၅ မိနစ်ကြာ ကခုန်ခြင်း – ကယ်လိုရီ ၄၅၀
လောင်ကျွမ်းစေတယ်။


၎။ စာအုပ်ကောင်းတစ်အုပ် ဖတ်ပါ
သင့်စိတ်ကို ဖမ်းစားနိုင်မယ့် စာအုပ်ကောင်းတစ်အုပ် ဖတ်ပါ။ သင် မတွေးဖူးတဲ့ စိတ်ကူးကောင်းတွေ ထွက်လာပြီး လက်ရှိပြဿနာတွေကို ဖြေရှင်းနိုင်ပါလိမ့်မယ်။


၅။ ရယ်မောပါ
ရယ်မောလိုက်ရင် စိတ်ထဲက ပူပင်သောကတွေကို အဝေးကို ဖယ်ထုတ်နိုင်မှာပါ။ အင်တာနက်သုံးတဲ့အခါ You Tube.com ကိုကြည့်ပြီး သင်နှစ်သက်တဲ့ လူရွှင်တော်အမည်ကို ရိုက်ထည့်ကာ
ရယ်မောစရာဟာသတွေကို ကြည့်ရှုလိုက်ပါ။

No comments:

Post a Comment