Monday, 29 November 2010

သင် စိတ်ဓာတ်ကျနေလျှင်

November 29, 2010 — bdcburma

* Posted by ကရင်လေး on November 27, 2010 at 10:03pm

သင်စိတ်ဓာတ်ကျနေတဲ့အခါ တချို့ အစားအသောက်တွေကို စားချင်စိတ်ပြင်းပြ
နေတတ်ပါသည်။ ဆားများတဲ့ ပြောင်းဖူး ပေါက်ပေါက်ကို စားချင်စိတ်ပြင်းပြနေရင်
သင်ဟာ စိတ်ဖိစီးမှု ခံစားနေရတာ ဖြစ်နိုင်ပါတယ်။ အသားတွေကို
စားချင်စိတ်ပြင်းပြနေရင် သင်ဟာ ဒေါသထွက်နေတာ ဖြစ်နိုင်ပါတယ်။ ခေါက်ဆွဲ၊
ထမင်းစတာတွေကို အများကြီးစားချင်စိတ်ပြင်းပြနေရင် အထီးကျန်နေတာ
ဖြစ်နိုင်ပါတယ်။ ရေခဲမုန့်၊ ဒိန်ခဲ စတာတွေကို အလွန်အမင်းစားချင်နေရင်
ဝမ်းနည်းနေတာ ဖြစ်နိုင်ပါတယ်။ စိတ်ခံစားမှုကို အလိုလိုက်ပြီး စားချင်ရာကို
အလွန်အကျွံစားမိလိုက်ရင် ပိုမိုစိတ်ဓာတ် ကျသွားစေနိုင်ပါတယ်။ ဒါကြောင့်
စိတ်ဓာတ်ကျနေချိန်မှာ အောက်ပါအချက်အလက်တွေ ကို သတိထားပေးပါ။

အရက်ရှောင်ပါ
ဝိုင်၊ ဘီယာနဲ့ အရက်ပြင်းတွေဟာ စိတ်ခံစားချက်ကို မြှင့်တင်ပေးနိုင်တယ် ထင်ရပေမယ့် ခဏပါပဲ။ တကယ်တော့ အယ်ကိုဟောဟာ စိတ်ဓာတ်ကျခြင်းကို ဖြစ်စေနိုင်ပါတယ်။

ကာဗိုဟိုက်ဒရိတ် စားပါ
ကာဗိုဟိုက်ဒရိတ်ပါဝင်တဲ့ အစားအစာတွေဟာ ဦးနှောက်ထဲကို အမိုင်နိုအက်စစ် ထရစ်ပတိုဖန် ရောက်ရှိစေပြီး စိတ်ခံစားချက်ကောင်းစေတဲ့ ဆီရိုတိုနင်ဓာတ် ထွက်ရှိစေပါတယ်။ ဒါကြောင့်
ခေါက်ဆွဲ၊ ပေါင်မုန့်၊ ဆန်၊ ဂျုံ၊ ကွေကာ၊ အသီးအနှံနဲ့ သစ်သီးဖျော်ရည်တွေကို
စိတ်ရွှင်လန်းစေဖို့ စားပေးပါ။

ကဖင်းဓာတ် လျှော့ချပါ
စိတ်ဓာတ်ကျနေချိန်မှာတော့ ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊ ကိုလာစတာတွေကို တတ်နိုင်သမျှရှောင်ပါ။ သုတေသနတွေအရ ကဖင်းဓာတ်ဟာ ဆီရိုတိုနင်ထုတ်လုပ်မှုကို လျော့ကျစေတဲ့အတွက်
စိတ်ဓာတ်ကျခြင်းနဲ့ ဆက်နွှယ်နေကြောင်း သိရပါတယ်။

အစိမ်းရောင်ဟင်းသီးဟင်းရွက်စားပါ
စိတ်ဓာတ်ကျနေသူ အများစုဟာ ဖောလိတ်ဓာတ်ချို့တဲ့နေတတ်ပါတယ်။ ဖောလိတ်ဓာတ်ဟာ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေထဲမှာ အများအပြား ပါဝင်နေပါတယ်။ ဒါ့ပြင်
လိမ္မော်ရည်၊ ပဲနီလေး၊ ရေကညွတ်၊ ပဲသီး၊ အခွံမာသီးနဲ့ အစေ့အဆန်တွေထဲမှာလည်း
ဖောလိတ်ဓာတ်ပါဝင်ပါတယ်။

ငါးစားပါ
ငါးကိုတစ်ပတ်မှာ သုံးကြိမ်နဲ့ အထက်စားပါ။ သုတေသနတွေအရ တစ်ပတ်မှာ ငါးတစ်ကြိမ်ထက်နည်းပြီး စားသူတွေဟာ ငါးများများစားသူတွေထက် စိတ်ဓာတ်ကျခြင်းဖြစ်နိုင်ချေ ၃၁
ရာခိုင်နှုန်းပိုများကြောင်း သိရပါတယ်။ အိုမီဂါသရီးပါဝင်တဲ့ တူနာငါး၊
ဆယ်လမွန်ငါး၊ ဆာဒင်းငါးနဲ့ မက်ကရယ်ငါးတွေဟာ ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာ
အားကောင်းစေပြီး စိတ်ခံစားမှုကောင်းစေတဲ့ ဆီရိုတိုနင်ထုတ်လုပ်အား
ကောင်းစေပါတယ်။

သကြားရှောင်ပါ
သကြားနဲ့လုပ်ထားတဲ့ မုန့်အချိုတွေကို စားတာများရင် စိတ်ပင်ပန်းလွယ်ပါတယ်။

No comments:

Post a Comment