http://i.cdn.turner.com/cnn/2010/US/11/17/websites.chinese.servers/t1larg.jpg
အမေရိကန်အစိုးရ ၀ဘ်ဆိုဒ်များရဲ့ အင်တာနက် လမ်း ကြောင်းကို တရုတ်ဆာဗာများမှ ပြောင်းပစ်ခဲ့ကြောင်း အမေရိကန်ကွန်ဂရက်ဆိုင်ရာ စုံစမ်းထောက်လှမ်းရေးမှ တွေ့ရှိကြောင်း ကြေငြာလိုက်သည်။
အမေရိကန် ကြီးတပ်၊ လေတပ်၊ ရေတပ်၊ မရိန်းတပ်၊ လေတပ်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဆီးနိတ်နှင့် နာဆာ တို့အပါအ၀င် အမေရိကန် အရေးကြီးဆုံးဝဘ်ဆိုဒ် ၁၅ ရာခိုင်နှုန်းကို ၁၈ မိနစ်တာ လမ်းကြောင်းသွေဖီသွားအောင် လုပ်ပစ်ခဲ့ ကြောင်း ပြီးခဲ့သောရက်ပိုင်း ကွန်ဂရက် အစီရင်ခံစာတွင် ဖော်ပြထားသည်။
စုံစမ်းစစ်ဆေးမှုများအရ တရုတ်အစိုးရပိုင် China Telecom မှ ၀ဘ်လမ်းကြောင်းများပြောင်းပစ်ကြောင်း တွေ့ရှိခဲ့သည်။ ပင်တဂွန်မှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး လက်တနင်ကာနယ် ဧပရယ်ကန်နင်ဂန်မ် ကတော့ အမေရိကန် ကာကွယ်ရေးဌာနအနေဖြင့် စိုးရိမ်မှုများ အထူးရှိခဲ့ကြောင်း၊ သို့သော် ၁၈ မိနစ်တာ အင်တာနက် လမ်းကြောင်းပြောင်းမှုကနေ ဆိုးရွားသော မည်သည့်အကျိုးသက်ရောက်မှုမျှ မတွေ့ခဲ့ရကြောင်း၊ ပင်တဂွန်အနေဖြင့် အနာဂတ် အင်တာနက် တိုက်ခိုက်ခံရမှုများအတွက် မိမိဖာသာ အလိုလို ပြုပြင်သွားရေး အစီအစဉ်များ ပြုလုပ်ထားကြောင်း ပြောကြးခဲ့သည်။
စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင် Larry Wortzel ကတော့ ကွန်ပျုတာဆိုင်ရာ နည်းပညာကောင်းများဖြင့် ၁၈ မိနစ်အတွင်း အင်ဖော်မေးရှင်း အချို့ရရှိသွားနိုင်ကြောင်း တင်ပြခဲ့သည်။ တရုတ်အစိုးရသည် စပိုင်ဆော့ဝဲလ် နည်းပညာများ အကြီးအကျယ်သုံးနေကြောင်း ကွန်ဂရက်ကို သတိပေးခဲ့သည်။
သတင်း CNN
No comments:
Post a Comment