ဆွစ်ဇာလန်နိုင်ငံတွင် Alps တောင်တန်းများကိုဖြတ်ကာ ကမ္ဘာ့အရှည်ဆုံး မြေအောက်ရထားသွား ဥမင်လိုဏ်ခေါင်းကြီးကို ဖောက်လုပ်လာခဲ့သည်မှာ ၁၄ နှစ်ရှိခဲ့ပြီဖြစ်ပြီး ယခုအခါ ၃၅ ဒသမ ၄ မိုင်အထိ ဖောက်လုပ် ပြီးစီးသွားပြီဖြစ်သည်။ Gotthard Base လိုဏ်ခေါင်းကြီးသည် အီတလီနှင့် ဆွစ်ဇာလန်ကြား ခရီးသည်များနှင့် လေးလံလှသော ကုန်စည်များကို ရထားဖြင့် တစ်နာရီအတွင်း ခရီးနှင်စေနိုင်မည့် ဥမင် ဖြစ်သည်။ နှစ်ပေါင်း ၂၃ နှစ်ကြာမည့် ထိုစီမံကိန်းသည် ၂ဝ၁၇ ခုနှစ် တွင် အပြီးသတ်နိုင်ရန် မသေချာ သေးပေ။ ထိုမြေအောက်ရထားလမ်း ဥမင် ပြီးသွားပါက လက်ရှိအသုံးပြု နေသည့် ဂျပန်နိုင်ငံမှ ၃၃ ဒသမ ၅ မိုင်အရှည်ရှိ ဆဲအိခန်း ကမ္ဘာ့အရှည်ဆုံး မြေအောက်ဥမင်ထက် သာလွန်သော ကမ္ဘာ့အရှည်ဆုံးဥမင် ဖြစ်လာမည်ဖြစ်ပြီး အီတလီကို တစ်နာရီလျှင် ၁၅၅ မိုင်နှုန်းဖြင့် မြန်နှုန်းမြင့်ရထားများ ခရီးနှင်နိုင်မည် ဖြစ်သည်။ အီတလီကို ရထားဖြင့် နာရီပိုင်းအတွင်း ရောက်ရှိနိုင်မည်ဖြစ် သဖြင့်နှစ်ပေါင်း ၂ဝ ကျော်သုံးခဲ့ရ သည့်ငွေနှင့် လူအင်အားသည် တန်သည်ဟု ယူဆနိုင်သည်။ လတ်တလောတွင် နိုင်ငံခြားမှ ကုန်တင်ယာဉ်ကြီးပေါင်း ၁ ဒသမ ၂ သန်းခန့်ကို Alps တောင်တန်းမှ ဖြတ်သန်းခွင့်ပြုနေရခြင်းမှာ အပင်နှင့် တိရစ္ဆာန်များကို ထိခိုက်စေသဖြင့် ယင်းသို့ ဥမင်ဖောက်လုပ်ရန် စီစဉ်ခဲ့ ပြီးနောင်တွင် ထိုဥမင်မှ ဖြတ်သန်း စေမည်ဖြစ်သည်။ ဥမင်ဆက်လက် ဖောက်လုပ်ရန် ပေါင်ငွေ ၈ ဒသမ ၇ ဘီလျံကို ဆက်လက်သုံးစွဲနေရ သည်။
http://popularmyanmar.com/mpaper/wp-content/uploads/2010/10/world-longest-tunnel-2-300x243.jpg
No comments:
Post a Comment