Thursday, 26 February 2009

စတုတ္ထအကြိမ်မြောက် ဒေါ်စု နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှု

The best manure

လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့မှ တက်ကြွလူငယ်များသည် ယခုရက်ပိုင်းအတွင်း လုံခြုံရေး ထူထပ်စွာ ချထားသည့်ကြားမှ ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးသမားများ လွတ်မြောက်ရေးအတွက် လူထုတရပ်လုံးမှ ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုသဖြင့် လူထုတရပ်လုံးသိရှိနိုင်မည့် နေရာ များစွာတွင် လိုက်လံ လှုံဆော်လျှက်ရှိနေပါသည်။

ယခု ၂၄ ရက်နေ့ ညဘက်တွင်လည်း ဒဂုံမြို့နယ် ကျောင်းတော်တော်များများတွင် နိုင်ငံရေး အကျဉ်းသားများစွာ ပါဝင်သော ပို့စကဒ်နှင့် F B F (Free Burma Federation) ၊ B D C(Burma Democratic Concern) ၊ လူထု တရပ်လုံးအတွက် စတေးခံ (The best Manure)အကောင်းဆုံးမြေသြဇာ အဖွဲ့များ၏ ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေး အကျဉ်းသား အားလုံး ချွင်းချက်မရှိ ပြန်လည် လွတ်ပေးရန် တောင်းဆိုမှူ့များအပေါ် လူထုတရပ်လုံးမှ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် နိုးဆော်စာများကိုလည်း လိုက်လံ ကပ်ခဲ့ပါတယ်။

ထို့သို့ကပ်ခဲ့ ခြင်းအားဖြင့် မနက်ပိုင်း ကျောင်းရှေ့များတွင် စာမေးပွဲဖြေဆိုရန် ရောက်ရှိနေသော ကျောင်းသား/ကျောင်းသူများ၊ ကျောင်းသားမိဘများမှ တွေ့ရှိကြရပြီး တချို့မိဘများမှ အဲဒါ နင်တို့ ရောက်မဲ့ တက္ကသိုလ်ကျောင်းတွေမှာ ကျောင်းသားသမဂ္ဂ ခေါင်းဆောင် ကိုမင်းကိုနိုင်ပေါ့ ခုတော့ ဟိုကောင်တွေ ယုတ်မာလို့ ထောင်ထဲ ပြန်ရောက်နေပြန်ပြီလေ ဆိုတာမျိုး တွေ ပြောနေကြပါတယ်။

ကျနော်တို့ နအဖ စစ်အစိုးရကို အလိုမရှိတဲ့ တက်ကြွ လူငယ်တွေဟာ ဘယ်လောက်ပဲ ဖမ်းနေပါစေ၊ ဘယ်လောက်ပဲနှိပ်စက်နေပါစေ ၊ ကျနော်တို့ရဲ့ မွေးရာပါ အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ဆန္ဒဖေါ်ထုတ်ခြင်းကို ဆက်လက် လုပ်ဆောင်သွားမှာပါခင်ဗျာ-

မည်သည့် စစ်အာဏာရှင်မှ လူထုကို မအုပ်ချုပ်စေရ။

လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ

No comments:

Post a Comment