Monday, 2 May 2011

နာဂစ် မင်းကိုငါမေးမယ်

ဒီကျွန်းစုငယ်နဲ့ ဟိုဘက်ရွာအိမ်စုကလူတွေ

ဘယ်သူ မျှော်လင့်ထားကြမှာလဲ

လူတွေအိပ့်ချိန်မှာ တရွာလုံးကိုဝင်ရောက်မွှေနှောက်

မင်းရက်စက်ရာမရောက်ဘူးလား....နာဂစ်။

ငါတုန်လှုပ် ခြောက်ခြားသွားခဲ့တယ်

မိုးလင်းတော့ တရွာလုံးဟာတိတ်ဆိတ်

ငါ့ရွာကိုတောင် ငါမမှတ်မိတော့ဘူး...နာဂစ်။

ပုံပြင်င်မဆန်တဲ့ အဲဒီနေ့ အဲဒီညမှာ

ငါ့...သူငယ်ချင်းတွေ မင်းခေါ်သွားတယ်၊

ငါ့...အမေ ငါ့အဖေ ငါ့ အဒေါ် ငါ့ ဦးလေး

ငါ့ တူ- ငါ့သား- ငါ့ နွား- ငါ့ ခွေး- ငါ့ ဝက်- ငါ့ ကြက်

ငါ့ ဆိတ်- ငါ့ ဘဲ-

ငါ့ ညီ- ငါ့ အကို- ငါ့ မောင်နှမတွေအကုန်လုံးနဲ့

မိခင်ဝမ်းဗိုက်ထဲကခလေး အူဝဲလို့မအော်ခင်မှာ

မပြန်လမ်းကို မင်းခေါ်သွားခဲ့တယ်...နာဂစ်။

ငါ တို့ရွာငယ် ကျွန်းစုကလူတွေဟာ

တပါးသူအပေါ်

မလိုတမာစိတ်နဲ့ ရန်မလိုတတ်ဘူး၊

တစ်ဝမ်းတခါးလှရင် ကျေနပ်နေသူတွေပါ...နာဂစ်၊

လောဘနဲ့ မောဟ ဒေါသတရားတွေပါကင်းစင်ပြီး

အရိုးခံစိတ်နဲ့ မေတ္တာတရားတွေရောယှက်ကာ

ပေါင်းစည်းတည်ဆောက်ထားတဲ့ ရွာငယ်ကျွန်းစုတွေပါ...နာဂစ်။

ကံကြမ္မာကို ရိုးမယ်မဖွဲ့တတ်တဲ့ ငါတို့ရွာ

ဖြူစင်စိတ်ထားရှိတဲ့ အဲဒီ ငါတို့တရွာလုံးကို

ဘယ်အငြိုးနဲ့များ ရက်ရက်စက်စက်

မင်း...အလဲထိုးသွားခဲ့သလဲ...နာဂစ်။



By KO Baloi

No comments:

Post a Comment