Monday, 6 December 2010

၂၆ ကြိမ်မြောက် ရွှေတိဂုံစေတီတော် မသိုးသင်္ကန်းပြိုင်ပွဲ စည်စည်ကားကား ကျင်းပ

http://popularmyanmar.com/mpaper/wp-content/uploads/2010/11/Shwe-Dagon-300x199.jpg



ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့မှ ကြီးမှူးကျင်းပသော ၂၆ ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ် ကပ်လှူပူဇော်ပွဲကို နိုဝင်ဘာ ၂ဝ ရက် ညနေ ၅ နာရီတွင် မြောက် ဘက်ခ်မုခ်ရှိ အောင်မြေ၌ စည်စည် ကားကား ကျင်းပခဲ့သည်။ရွှေတိဂုံစေတီတော်၏ မသိုး သင်္ကန်းရက်ပြိုင်ပွဲတွင် ပါဝင်ယှဉ် ပြိုင်မည့် ဘာသာရေးအသင်း အဖွဲ့ များ သတ်မှတ်အရေအတွက်ထက် ပိုပါက မဲနှိုက်ရွေးချယ်ယှဉ် ပြိုင်စေ ခြင်းဖြစ်၍ ယခုနှစ် မသိုးသင်္ကန်း ရက်ကန်းပြိုင်ပွဲတွင် အသင်း ၉ သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲ ချိန် ညနေ ၅ နာရီမှ ည ၁ဝ နာရီ အထိ ယှဉ်ပြိုင်ခဲ့ကြသည် ပြိုင်ပွဲ သတ်မှတ်ချိန်ပြည့်သည်နှင့် ရရှိ သောသင်္ကန်းများကို မြန်မာ့အထည် လိပ်လုပ်ငန်းမှပညာရှင်များက စစ် ဆေးပြီး ဆုရွေးချယ်ကြ သည်။ထို့နောက် ဆုရရှိသောအသင်း များကို ဆုကြေညာရာ တနင်္ဂနွေ အသင်းက ပထမ၊ ဗုဒ္မသာသနာ့ ဟိတအသင်းက ဒုတယ၊ ဓမ္မဂုဏ် ရောင်အသင်းက တတိယအသီးသီး ရရှိခဲ့ကြသည်။ ထို့နောက် မသိုး သင်္ကန်းအားဝိနည်တော်နှင့်အညီ ချက်ချင်းချုပ်လုပ်ပြီး နံနက် ၄ နာရီ ၌ ရွှေတိဂုံစေတီတော်အား လက် ယာရစ်တစ်ပတ်ပူဇော်ပြီ ရရှိသော ဆုများအလိုက်ကပ်လှူပူဇော်ရမည့် ဘုရားများ၌ မသိုးသင်္ကန်းများ အသီးသီး ကပ်လှူပူဇော်ခဲ့ကြ ကြောင်း သိရသည်။

No comments:

Post a Comment