Friday, 12 November 2010

UK နိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသမားများအား ချက်ချင်းလွှတ်ပေးရန်ဆက်လက်တောင်းဆို

ကဲကဲလေး (BDC ဝိုင်းတော်သား)










ဒီကနေ့ မြန်မာပြည်တွင်းမှာတော့ နိုင်ငံရေးခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ပတ်သက်ြပီး အတော့ကိုလှုပ်လှုပ်ရှားရှား ဖြစ်နေကြပါတယ်။

တစ်ချို့ကလည်း လွတ်ပေးလိုက်ြပီ၊ တစ်ချို့ကလည်းလွတ်မပေးသေးဘူး စသည်ဖြင့် သတင်းတွေအတည်ပြုလိုမရသေးပေမဲ့ UKနိုင်ငံရောက် မျိုးချစ်စိတ်ဓာတ်အပြည့်ရှိတဲ့ မြန်မာဒီမိုကရေစီအင်အားစုများကတော့ ယနေ့ နေ့လည် ၁၂နာရီမှာ အာဏာရှင်စစ်အစိုးရ ကိုကိုယ်စားပြုထားတဲ့ (London)မြို့ ကမြန်မာသံရုံးရှေ့တွင် Burmar Democratic Concern (BDC)က ဦးဆောင်ကျင်းပသော ဆန္ဒပြပွဲတွင် အပြစ်မဲ့ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသမားများအား ချက်ချင်းလွှတ်ပေးရန် ဆက်လက်တောင်းဆိုလိုက်ပါတယ်။

ထို့အပြင် ၂၀၁၀ အတုအယောင်ရွှေးကောက်ပွဲရလဒ်ကို တရားဝင်ဖျက်သိမ်းဖို့ တောင်းဆိုလိုက်ပါသည်။

No comments:

Post a Comment