iPad ကို ဝယ်ယူရန်စောင့်ဆိုင်းနေစဉ် © dailymail
Apple ၏ Tablet ကွန်ပျူတာများအနက် ဒုတိယမျိုးဆက်အဖြစ် iPad 2 ကို လာမည့်နှစ်အတွင်း ဈေးကွက်ထဲ ရောက်ရှိလာမည်ဟု ယုံကြည်ရကြောင်း ကျွမ်းကျင်သူ တစ်ဦးက ပြောကြားခဲ့သည်။
Wall Street မှ လေ့လာသူ တစ်ဦးဖြစ်သည့် ဘရိုင်ယန်မာရှယ်က Appleသည် ဈေးကွက်လွှမ်းမိုးမှုကို ဆက်လက်ချုပ်ကိုင်ရန် ဒုတိယမျိုးဆက် iPad ကို ဧပြီလခန့်တွင် ဈေးကွက်အတွင်း ဖြန့်ချီနိုင်ကြောင်း ဟောကိန်းထုတ်ခဲ့သည်။ Gleacher & Co.,မှ ဘရိုင်ယန်က iPad 2 ထုတ်လုပ်မည့် အချိန်ကို Appleက မဟာဗျူဟာမြောက် စီမံကိန်းဖြင့် ကြိုတင်သတ်မှတ်ပြီး ဖြစ်နိုင်ကြောင်း ပြောဆိုသွားသည်။
ထို့ အပြင် Apple သည် CDMAစနစ်သုံး iPhoneကိုလည်း မတ်လအတွင်း ထုတ်ဝေသွားနိုင်ပြီး ထုတ်ကုန်နှစ်ခုလုံးမှ အကျိုးအမြတ် ဖြစ်ထွန်းမှု ကြီးကြီးမားမား ဖြစ်လာနိုင်သည်ဟု ဘရိုင်ယန်ကဆိုသည်။ ကမ္ဘာပေါ်တွင် ရောင်းအားအကောင်းဆုံး၊ အအောင်မြင်ဆုံး Tablet