Saturday, 30 October 2010

ရွေးကောက်ပွဲအပြီး အစိုးရသစ်ကို စိန်ခေါ်နေသော အာဆီယံလွတ်လပ်စွာကုန်သွယ်မှုဧရိယာ

စန္ဒာလွင်၊ စိုးသန်းလင်းနှင့် ကျော်ဆုမွန် ပူးပေါင်း ရေးသားသည်။
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၉)

နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် အစိုးရသစ်ကို စောင့်ကြိုနေသည့် စိန်ခေါ်မှုများတွင် 'အာဆီယံ လွတ်လပ်စွာ ကုန်သွယ်မှု ဧရိယာ(Asean Free Trade Area - AFTA)' စိန်ခေါ်မှုသည် အကြီးမားဆုံး အနေအထားတွင်ရှိပြီး အရေးထား ဆောင် ရွက်စေလိုကြောင်း စီးပွားရေး အသိုင်းအ၀ိုင်းက ပြောသည်။

"လာမယ့် လွှတ်တော်သစ်၊ အုပ်ချုပ်ရေးသစ်က နိုင်ငံရေးကိစ္စတွေ၊ အုပ်ချုပ်ရေးကိစ္စတွေကို သွားနေ၊ အဲဒါတွေကို အလေးပေးနေရင် စီးပွားရေးကိစ္စမှာ အားနည်းသွားမှာကို အရမ်းစိုးရိမ်တယ်။ အခုအက်ဖ်တာနဲ့ပတ်သက်ပြီး လုပ်ငန်းအဆင့်မဟုတ်တဲ့ တစ်နိုင်ငံလုံးကို လွှမ်းခြုံထားနိုင်တဲ့ macro economic management က အခုချိန်အထိ မရှိသေးဘူး"ဟု စီးပွားရေးပညာရှင် ခင်မောင်ညို (ဘောဂဗေဒ) က ပြောကြားသည်။

"ကျွန်တော်တို့ mechanism (လုပ်ငန်းယန္တရား)တွေက AFTA market ကြီးကို လက်ခံနိုင်ဖို့ အဆင်သင့် မဖြစ်သေးဘူး။ AFTA အတွက်ကို အခုကတည်းက ဈေးကွက်ကို ပြင်ဆင်ရမယ်"ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ၀န်ကြီး ဟောင်း ဗိုလ်မှူးချုပ်အေဘဲလ်(ငြိမ်း)က ပြောကြားသည်။

No comments:

Post a Comment