ရွေးကောက်ပွဲ ပြုလုပ်မည့် နိုဝင်ဘာလတွင် မုန်တိုင်းတခု ထပ်ဖြစ်ရန်ရှိနေကြောင်း မိုးလေ၀သနှင့်ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။
၂၀၁၀ ပြည့်နှစ်နှင့် သဏ္ဍာန်တူနှစ်များ (analogueyears) ရွေးချယ်လေ့လာမှုအရ နိုဝင်ဘာလအတွင်း မုန်တိုင်းဖြစ်ရန် အလားအလာတွေ့ရှိချက်မှာ (၆၀) ရာခိုင်နှုန်း ရှိနေကြောင်း ဒေါက်တာထွန်းလွင်က ပြောသည်။
၎င်းက “နှစ်တွေအားလုံးက ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်း (၆) ကြိမ်ဖြစ်ခဲ့တယ်လို့ ဖော်ပြနေပါတယ်။ ပြီးခဲ့တဲ့ ဂီရိ အပါအ၀င်မှာ ဒီနှစ်ထဲမုန်တိုင်းက (၄) ကြိမ်သာဖြစ်ပါသေးတယ်” ဟု ပြောသည်။
လတ်တလော ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ လေထုမငြိမ်သက်မှုများဖြစ်နေကာ ပင်လယ်ရေအပူချိန် ပြန်လည်မြင့်တက်နေကြောင်း၊ ကပ္ပလီကျွန်းစုဧ။်တောင်ဖက်အစွယ်တွင် ပင်လယ်ရေအပူချိန်များ တက်နေသည်ကို အထူးဂရုပြု စောင့်ကြည့်ရန်လိုနေကြောင်းလည်း ၎င်းကပြောသည်။
“မိုးလေ၀သ သတင်းတွေကို အမှန်အတိုင်း ပြည်သူတွေသိနိုင်ဖို့ ကျနော်ထွန်းလွင်ကလည်း အင်တာနက်မှာ သတင်းတွေကို အချိန်နဲ့တပြေးညီ တင်ပြနေပါတယ်” ဟု ဒေါက်တာထွန်းလွင်က ပြောသည်။
No comments:
Post a Comment