Khitpyaing update 20/10/2010
မွန်ပြည်သစ်ပါတီ၏ ထားဝယ်ခရိုင်အတွင်း မှီခိုနေထိုင်နေကြသူ လူဦးရေ (၂၀၀၀) ကျော်တို့သည် ယခုအခါ ဆန်ပြတ်လပ်မှု ပြဿနာနှင့် ရင်ဆိုင်နေရပြီး အကူအညီများ လိုအပ်နေကြောင်း သိရသည်။
၎င်းတို့အား အကူအညီပေးနေသော မွန်ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီမှ အတွင်းရေးမှူး နိုင်ဗညားအိန်က “အဲဒီမှာ ဖွင့်လှစ်ပေးထားတဲ့ ပြန်လည်ထူထောင်ရေးစခန်း (၆) ခုက ပြည်သူ အယောက် (၂၀၀၀) နဲ့ ရွာပုန်းရွာရှောင် (၆) ရွာက အခြားပြည်သူတွေ စားသောက်ဖို့ ဆန်ပြတ်လပ်နေတယ်။ မိုးတွင်းရာသီမှာဆိုတော့ ဆန်တွေကို သွားပို့ဖို့လည်း အခက်အခဲတွေ ရှိနေပါတယ်။ လက်ရှိအချိန်မှာ သူတို့တွေ ဆန်ပြုတ်စားနေရတဲ့အခြေအနေပါ။ ဒီ့အတွက် အလှူရှင်တွေနဲ့ ညှိနှိုင်းမှု လုပ်ဖို့ ကြိုးစားနေပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။
ထိုခရိုင်သို့ ရိက္ခာပို့ဆောင်ရာ လမ်းကြောင်းပေါ်ရှိ ဒေသခံ စစ်အစိုးရ တပ်ဖွဲ့တို့က ဆန်ပို့ဆောင်ရန် ကန့်သတ်ပိတ်ပင်မှုများ ရှိကြောင်း၊ ယခုအခါ မိုးတွင်းကာလဖြစ်၍ ကယ်ဆယ်ရေးအဖွဲ့အနေဖြင့် သွားလာရေး အခက်အခဲများလည်း ရင်ဆိုင်နေရကြောင်း နိုင်ဗညားအိန်က ဆက်လက် ရှင်းပြသည်။
No comments:
Post a Comment