Thursday, 5 November 2009

Sensational Poem by NIE`Y

ဇယားကွက်တွေပေါ်မှာတောင် နာမည်မပါတဲ့ အန္ဓပုထုဇဉ်
ငါ့ကို ပြဌာန်းချက်ထဲက ထုတ်ပယ်ထားပေမယ့်
ပယ်သပ်မရနိုင်တဲ့ အသိတွေက
ငါ့ရင်ဘတ်ကို ဆောင့်ကန်ထွက်သွားကြ၊ ပြုံးနေဆဲပါ
ကန်လန်ကာနောက်ခြမ်းမှာ ငိုနေပေမယ့်
ပြုံးပျော်ရွင်တဲ့ အရိပ်နဲ့
.........................

ငါငိုခြင်းနိယာမကို ရှာဖွေနေတာတော့ မဖြစ်တန်ကောင်းပါဘူး
ငါ့ကိုငါတော့ သိနေတယ်
ငါသည် ရှင်လျှက်နဲ့သေသူတစ်ယောက်ဖြစ်ပေမယ့်
ရှင်ပြန်ထမြောက်ဖို့အတွက် တွေးတောနေမယ့်အစား
စင်အောက်ကနေ ကပြအသုံးတော်ခံဖို့
လူဖြစ်လာခြင်း ပေတည်း။
ဏီအဲY

Thanks to ဏီအဲY for his emotionally lifted poems
http://niairy152.blogspot.com/

No comments:

Post a Comment