Thursday, 17 September 2009

အကျဉ်းသား ၇၁၁၄ ဦးအား လွတ်ငြိမ်းချမ်းသာခွင့် ပေး

မြဝတီ ရုပ်မြင်သံကြား အစီအစဉ် တွင် အကျဉ်းသား ၇၁၁၄ ဦးအား လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟူ၍ စစ်အစိုးရ သတင်းများက ယနေ့ ညနေပိုင်းတွင် ထုတ်ဖော် ကြေညာလိုက်သည်။ လူသားချင်း စာနာသည့် အနေဖြင့်လည်းကောင်း၊ အမျိုးသားနှင့် တိုင်းပြည် အကျိုးအတွက်လည်းကောင်း ကျန်ရှိနေသော အကျဉ်းကျချိန်များကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်ကြောင်း ကြေညာလိုက်သည်။

ဇူလိုင်လအတွင်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် ပြောဆိုသည်ကို မြန်မာကိုယ်စားလှယ် ဦးကျော်တင့်ဆွေက အကျဉ်းသားများကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးမည်ဟု ပြောဆိုခဲ့သည်။ သို့သော် ယခု တစ်ခါ လွှတ်ပေးသည် အကျဉ်းသား ၇၁၁၄ ဦးတွင် နိုင်ငံရေး အကျဉ်းသား မည့်မျှ ပါဝင်မည် ကို မသိရှိရသေးပေ။

No comments:

Post a Comment