မြန်မာအစိုးရသတင်းမီဒီယာဗျုဟာချမှတ်
Wednesday, August 26, 2009
မြန်မာစစ်အစိုးရဟာ သတင်း မီဒီယာဆိုင်ရာ ဗျုဟာ တစ်ခု ချမှတ်ဆောင်ရွက်နေတယ် လို့ ဘီဘီစီက သိရှိရပါတယ်။
မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကမ္ဘာတစ်ဝှမ်းမှာ ရှိတဲ့မြန်မာသံရုံးတွေကို ညွှန်ကြားချက်တရပ် ထုတ်ပြန်ပီး သတင်းတွေ
ထောက်လှမ်းကြဖို့ သံတမန်တွေကို စေခိုင်းထားပါတယ်။မြန်မာသံရုံးတွေဟာ အထူးကော်မတီတရပ်ဖွဲ့ပီး မြန်မာနိုင်ငံနဲ့
ပတ်သက်တဲ့ ဘယ်လို သတင်းမျိုးကိုမဆို နိုင်ငံမျိုးစုံမှာစုဆောင်းပြီး နေပြည်တော်ကို အမြန်ပေးပို့ကြရမယ် လို့ ဆိုပါတယ်။
ဒါ့အပြင် သတင်းဌာနတွေကို ထိုးဖောက်ပြီးသတင်းပေးဖြစ်လာနိုင်သူတွေကို ရှာဖွေ စည်းရုံးဖို့လဲညွန်ကြားခဲ့ပါတယ်။
ဘီဘီစီမှကူးယူဖော်ပြပါသည်။
http://www.yeyintnge.com/2009/08/blog-post_7798.html
No comments:
Post a Comment