Friday, 20 February 2009

၀၉ - ၁၀ ပညာသင်နှစ်တွင် အထက်တန်း သင်ရိုးညွှန်းတမ်းများပြောင်းမည်

Yongon.tk

လာမည့် နှစ် ၂၀၀၉ - ၂၀၁၀ ပညာသင်နှစ်တွင် အထက်တန်း သင်ရိုးညွှန်းတမ်းများပြောင်း လဲမည် ဟုအခြေခံ ပညာဦးစီးဌာနက သတင်း ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။ အထက်တန်းအဆင့်ကိုသာ ပြောင်းလဲမည့် သင်ရိုးညွှန်းတမ်းတွင် လက်ရှိဘာသာရပ်များ အပြင် အသက်မွေးဝမ်းကျောင်း ဘာသာရပ်များကိုပါ ထည့်သွင်းသင်ကြားရမည်ဟုပါရှိသည်။

အခြေခံပညာဦးစီးဌာနက ထည့်သွင်းသင်ကြားမည့် အသက်မွေးဝမ်းကျောင်းဘာသာရပ်များမှာ ယောင်္ကျားကလေးများအတွက် စက်မှုလက်မှုနှင့် သက်ဆိုင်သည့် ဘာသာရပ်များနှင့် မိန်းကလေးများအတွက် မုန့် လုပ်နည်း၊ သိုးမွေးထိုးနှင့် အိမ်တွင်းမှုနှင့် သက်ဆိုင်သောဘာသာရပ်များဖြစ်သည်။

ထိုကဲ့သို့ မကြာခဏ ပြောင်းလဲနေသော ပညာရေးစနစ်ကြောင့် ဆရာ၊ဆရာမများအပြင် ကျောင်းသူ ကျောင်းသားများ ပါဒုက္ခရောက်ရသည်ဟု ကျောင်းသားမိဘ တစ်ဦးကပြောသည်။

ယခုကဲ့သို့ သက်မွေးဝမ်းကျောင်းပညာရပ်များကို ထည့်သွင်းခြင်းသည် မြန်မာနိုင်ငံ၏ ပညာရေးစနစ်နိမ့်ကျနေကြောင်းကို ဖေါ်ပြရာရောက်ကြောင်း အ ထ က (၁)ဒဂုံမှ ဆရာမ တစ်ဦးကပြောသည်။

No comments:

Post a Comment