Thursday, 15 January 2009

ညီအကို နှစ်ဦး အဖမ်းခံရ

လူစိတ်မဲ့ နအဖ နဲ့ ၎င်းတို့ရဲ့နောက်လိုက်ခွေးတွေကတော့ အပြစ်မဲ့ပြည်သူတွေကို အကြောင်းမရှိအကြောင်းရှာ ဖမ်းဆီးမှု့တွေကို ဆထက်တဖိုး တိုး၍ကျူးလွန်နေကြပါသည်။ ထိုကဲ့သို့ အမှုမျိုးတွေကို ရပ်တမ်းမှရပ်ရန် ပြည်သူအားလုံး ညီညီညွတ်ညွတ်ဖြင့် တိုက်ပွဲဝင်ကြပါလို့ နိုးဆော်လိုက်ပါတယ်။


မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဇန်နဝါရီလ 13 2009 19:18 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း ဒလမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ဝင် ညီအကို နှစ်ဦးအား ရဲများက ဇန်န၀ါရီ ၁၁ ရက်နေ့ညက နေအိမ်၌ လာရောက် ဖမ်းဆီးသွားခဲ့သည်။

လူငယ်တာဝန်ခံ ( ၁ ) ထက်စိုးလင်းနှင့် ကိုသက်ပိုင်မင်း တို့ကို မြို့နယ် ရဲများနှင့် အက်စ်ဘီ ရဲ ၂၀ ခန့်က လာရောက်ကာ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု အဖွဲ့ချုပ် ပြောခွင့်ရ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောပါသည်။

" အိမ်မှာ ရှာဖွေရေးတွေ ဘာတွေ လုပ်ပြီးတော့ ပါသွားတယ်။ ရှာဖွေတာကတော့ ဘာမှ မတွေ့ဘူး။ ဒါပေမဲ့လို့ အိမ်ရှေ့ ခြံဝန်းအပြင် သစ်ပင်အောက်မှာ မင်္သကာဖွယ် ပစ္စည်းတွေ တွေ့တယ် ဆိုပြီးတော့ လက်မှတ်ထိုးခိုင်း သွားတယ်" ဟု ပြောသည်။

No comments:

Post a Comment