Tuesday, 4 November 2008

၂၀၁၀ အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဘာဆက် လုပ်မလဲ?

Click to enlarge

သိချင်နေပြီ

ဝ၁ဝ ခုနှစ်မှာ နအဖက ရွေးကောက်ပွဲ လုပ်မယ်လို့ ကြေညာတာနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က ဘာတွေ စီစဉ်နေ ပြီလဲ ဆိုတာ ပြည်သူ တွေက သိချင်နေတဲ့ သဘောမျိုး ရှိတယ် လို့ ကြား နေရ ပါတယ်။ ဒါကတော့ သဘောဝ ကျ ပါတယ်။ ဘာကြောင့် လဲ ဆိုတော့ လူထုအများစု က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးပါတီကို ထောက်ခံပြီး တခဲနက် မဲပေးခဲ့ကြတာလို့ပါဘဲ။


နအဖကလည်း သိပ်ပြီး သိချင်နေမယ်လို့ ယူဆရပါတယ်။ အမှန်တော့ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ ပြီးကတည်းက အဓိကသရုပ်ဆောင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖြစ်လာရမှာ ဖြစ်ပေမယ့် နဝတ-နအဖ စစ်အစိုးရက အတင်းနေရာယူပြီး မင်းသားကြီး တက်လုပ်နေတော့ ပြဿနာတွေ တက်ပြီးရင်းတက်နေတာ နောက်ဆုံးမရှင်းနိုင်ပဲ ဖြစ်နေရာက လက်သည်တရားခံ လိုက်ရှာနေရတဲ့ အခြေအနေကို ဆိုက်ရောက်နေလို့ ဖြစ်ပါတယ်။


နအဖလိုပဲ တရုတ်၊ အိန္ဒိယနဲ့ အာဆီယံ ကျန်အဖွဲ့ဝင် နိုင်ငံတွေကလည်း သိချင်နေပါလိမ့်မယ်။ အဲဒီ နိုင်ငံတွေကတော့ မြန်မာစစ်အစိုးရနဲ့ပေါင်းပြီး လူသားချင်းစာနာထောက်ထားမှုကင်းမဲ့တဲ့ ဒေသတွင်းမှာ အကျိုးစီးပွားတွေ ဖြစ်ထွန်းကုန်တော့ ဆက်ပြီး ဖြစ်နိုင်ဖို့ မျှော်လင့်နေတာကြောင့် ဖြစ်ပါတယ်။


ကုလသမဂ္ဂကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အသစ်ပြောင်းလဲလာမယ့် သဘောထားကို သိချင်နေတာကတော့ သေချာပါတယ်။ မြန်မာ့ပြဿနာဟာ အဓိကအားဖြင့် နိုင်ငံရေးကြောင့် ဖြစ်နေရပြီး ဒါကိုဖြေရှင်းဖို့ ကုလသမဂ္ဂမှာ တာဝန်အရှိဆုံး ဖြစ်နေပါတယ်။

ဆက်လက်ဖတ်ရူရန်


၂၀၁၀ အတွက် အားလုံး ပါဝင်၊ အားလုံး ဆင်နွှဲ


ရွှေဝါရောင် လှုပ်ရှားမှုမတိုင်ခင် ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၅ ရက်နေ့က ပခုက္ကူ သံဃာတော်များ သွေးမြေကျ နှိပ်စက်ခံရသဖြင့် သံဃာထု သွေးစည်းညီညွတ်ရေးနှင့် အာဏာပိုင်များကို သပိတ်မှောက်ကံဆောင်ရန် ကြေညာချက်များကို အနယ်နယ်အရပ်ရပ်သို့ ဖြန့်ချိသလို၊ မင်းသုည ကလောင်အမည်ဖြင့် လှုံ့ဆော်စာများ ရေးသားသဖြင့် လိုက်လံရှာဖွေခံရသောကြောင့် တိုင်းပြည်အတွင်း လှည့်ပတ်တိမ်းရှောင်ရင်း ပြီးခဲ့သည့်လက ဦးဇင်း ဦးဣသရိယ ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာခဲ့သည်။

စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် မြန်မာပြည် လွတ်လပ်ရေးရရှိရန် တာဝန်ရှိသည့် နိုင်ငံသားအားလုံးက ကြောက်စိတ်ကို ဖယ်ရှားပြီး တက်ညီလက်ညီ တိုက်ပွဲဝင်သွားရန်အတွက် ဦးဇင်း ဦးဣသရိယ ၏ မိန့်ကြားချက်များ အပါအ၀င် မဇ္ဈိမသတင်းထောက် ဇာနည်မှ မေးမြန်း လျှောက်ထားချက်များကို တင်ပြလိုက်ပါသည်။

ဆက်လက်ဖတ်ရူရန်

ဗမာ့အရေးတော်ပုံ

(ဗမာ့အရေးတော်ပုံစာတန်း ရေးသားသူမှာ ရန်ကုန်မြို့မှ အင်ဂျင်နီယာ စက်ဆရာကြီး ဦးလှ ဖြစ်ပြီး ၁၃၀၀ ပြည့်နှစ်တွင် ရေးသားခဲ့ခြင်းဖြစ်သည်။ မူရင်းအတိုင်း ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။-အယ်ဒီတာ)

နိဒါန်း

ဤစာအုပ်ကိုရေးသားရခြင်းမှာ လက်ရှိ မြန်မာပြည်ခေါင်းဆောင်တို့သည် မြန်မာတိုင်းသူပြည်သားတို့အား လှည့်ဖြားပြီးလျင် မိမိတို့ ကိုယ်ကျိုးသာ ရှာနေကြသည်တကြောင်း။

ထိုပုဂ္ဂိုလ်တို့ကို အားပေးအားမြှောက်လုပ်နေသူ အလိုတော်ရိတို့မှာလည်း မိမိတို့နယ်၊ ရွာ၊ မြို့များတွင် အမျိုးသားချင်း လှည့်ဖြား၍၊ ကိုယ်ကျိုးရှာတို့ကိုမှီ၍၊ မိမိတို့ကိုယ်ကျိုးများကိုသာ လုပ်နေသဖြင့် မြန်မာလူမျိုးတောသူတောင်သားနှင့် အလုပ်သမားဆင်းရဲသား တို့မှာ တနေ့ထက်တနေ့ ဆင်းရဲလာကြသည်ကို တွေ့မြင်ရခြင်းကြောင့် လည်းကောင်း၊ ဤကိုယ်ကျိုးရှာတို့၏ ရန်မှ ရှောင်ရှားနိုင် ကြ၍ တကယ့်လွတ်လပ်ရေး၊ စီးပွားရေးတို့ကို လုပ်ကိုင်နိုင်ကြရန် မေတ္တာရှေ့ထား၍ ရေးသားလိုက်ရပါကြောင်း။

မောင်လှ
အင်ဂျင်နီယာ၊ အလုံ၊ ရန်ကုန်မြို့။

ဆက်လက်ဖတ်ရှုရန်


Newskhitpyaing မှ ရယူတင်ဆက်ပါသည်။ ရေးသားသူ မောင်လှ (အလုံ) အားအထူးကျေးဇူးတင်ရှိပါသည်။
B.D.C