Wednesday, 27 April 2011

Full Report

Full Report

တို့တိုင်းပြေ ဆရာဇော်ဂျီ

တို့တိုင်းပြေ ဆရာဇော်ဂျီ

တို့တိုင်းပြေ ဆရာဇော်ဂျီ



ထလော့မြန်မာ၊ အို မြန်မာတို့



တို့ရွာ တို့ပြေ၊ တို့ရွာမြေ၀ယ်



စေတီ စပါး၊ များလည်းများ၏



များပါလေလဲ၊ တမွဲမွဲနှင့်



ဆင်းရဲကာသာ၊ ကာလကြာလျှင်



ယာစကာမျိုး၊ တညှိုးညှိုးနှင့်



ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား



လှည့်လည်သွားလျက်မစားလေရ၊ ၀မ်းမ၀၍



ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။







ထလော့မြန်မာ၊ အိုမြန်မာတို့



တို့ရွာ တို့ပြေ၊ တို့ရွာမြေ၀ယ်



ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်



သီးနှံချိုပျား၊ များလည်းများ၏



များပါလေလဲ။ တမွဲမွဲနှင့်



ဆင်းရဲကာသာ၊ ကာလကြာလျှင်



မြင်သာမြင်ရ၊ မစားရ၍



တောကပြိတ္တာ ဖြစ်မည်တည်း။







ထလော့ မြန်မာ၊ မြန်မာ ထလော့



အားမပျော့နှင့်၊ မလျှော့လုံ့လ



သူကစ၍၊ ငါကအားလုံး



လက်ရုံးများမြောင်၊ ဉာဏ်များမြောင်နှင့်



စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့



ဤမြေ ဤရွာ၊ ဘယ်သူ့ရွာလဲ



ဤယာစပါး၊ ဘယ်သူ့စပါးလဲ



ထားလော့တာဝန်၊ ပွန်လော့လုပ်ငန်း



ဉာဏ်ရှေ့ပန်း၍



တစ်ဝမ်းတစ်စိတ် ညီစေသတည်း။



ဇော်ဂျီ

ပဲခူးခရိုင်ရဲတပ်ဖွဲ.ရုံးမှရဲအုပ်တင်ထွန်းဦး

ပဲခူးခရိုင်ရဲတပ်ဖွဲ.ရုံးမှရဲအုပ်တင်ထွန်းဦးဆိုသူသည် ( ၂၀.၄.၁၁ ) ရက်နေ.နံနက်( ၁း၀၀ ) နာရီခန်.တွင်ပျဉ်းကတိုးသစ် တစ်တန်ခွဲခန်.တင်လာသော ဒေါ်ခင်ဝင်းဧ။်ကားကိုပဲခူးမြို.ဆေးရုံလမ်းဒေါင်.တွင် စောင်.ဖမ်းပြီး ကျပ်ငွေခုနှစ်သိန်းတောင်းခဲ.ပါသည်။ညှိနှုင်းဈေးဖြင်. ငွေသုံးသိန်း ( ၃၀၀၀၀၀)ဖြင်.အဆင်ပြေခဲ.ပါသည်။ ၄င်းရဲအုပ်တင်ထွန်းဦးဆိုသူမှာ သူဆီးနေကျ မှောင်ခိုကား4W ဖြင်. ဘုရားကြီးမြို.နယ်လမ်းဆုံအနီးရှိ ရွှေသံလွင် ဂိတ်တွင်လည်း မှောင်ခိုဝင်လာသောကားများကိုတစ်စီးလျှင် ငွေတစ်သိန်း နှုံးဖြင်.နေ.စဉ်လိုလိုသွားရောက်တောင်းခံခြင်းလည်းရှိပါသည်

၎င်းအပြင်ပဲခူးမြို.ပေါ်ရှိဥသာမြို.သစ်မှကေတီဗီ၊အနှိပ်ခန်းများတွင်လည်းညအချိန်တာဝန်ကိုဗန်းပြပြီးငွေကြေးတောင်ခြင်းများ၊အရက်သေစာသောက်စားခြင်းများကိုလည်းပြုလုပ်လျှက်ရှိပါသည်။

လစဉ်ကြေးအရနည်းသောလောင်းကစားဒိုင်များကိုလည်းဖမ်းဆီးမှု.များပြုလုပ်လျှက်ရှိပါသည်။သို.ပါရ။်ရဲအုပ်တင်ထွန်းဦးဧ။်ဆောင်ရွက်ချက်များသည်တရားမျှတမှု.မရှိဘဲကိုယ်ကျိုးရှာသက်သက်ဖြစ်နေသည်.အတွက်

အထက်လူကြီးများသိစေရန်ယခုလို.ပြောကြားပေးပါခင်ဗျား။

ပဲခူးသား