Please support This

လာမယ့် ၂၀ . ၁၂ . ၂၀၀၉ (တနင်္ဂနွေနေ့) မှာ ကျွန်တော်တို့ DOI Poetry Club က လူငယ်တွေစုပေါင်းပြီးတော့
“အလင်းပျိုးမယ့်လက်များ” ကဗျာရွတ်ပွဲလေးကို ကျင်းပပါမယ်။ ဒီကဗျာရွတ်ပွဲဟာ HIV AIDS ရောဂါဝေဒနာကို ခံစားနေကြရတဲ့ ကမ္ဘာတစ်ဝှမ်းက ကလေးငယ်တွေအားလုံးကို ရည်စူးတဲ့ ရန်ပုံငွေပွဲလေးတစ်ပွဲဖြစ်လာမှာပါ။
ကျွန်တော်တို့ ဒီကလေးငယ်တွေအတွက် စာနာနားလည်မှုနဲ့ရေးထားတဲ့ ကဗျာလေးတွေရွတ်ကြပါမယ်။ နောက်ပြီး ဒီပွဲအတွက် အမှတ်တရ T-Shirt တွေရောင်းပေးပါမယ်။ T-Shirt ရောင်းရငွေတွေကို ၂၅ ရက်နေ့မှာ “သုခရိပ်မြုံ မိဘမဲ့ကလေးဂေဟာ” ကိုသွားရောက်လှူဒါန်းမှာဖြစ်ပါတယ်။ ကလေးငယ်တွေအတွက် အလှူငွေသီးသန့်ထည့်ချင်တယ် ဆိုရင်လည်း ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ခင်ဗျာ။ ကဗျာရွတ်ပွဲနေ့မှာ တက်ရောက်လာသူတွေကို ကော်ဖီတိုက်ပါမယ်။ နောက်ပြီး တက်ရောက်သူတွေပါ ကျွန်တော်တို့နဲ့အတူ ပူးပေါင်းပါဝင်နိုင်မယ့် “ထူးထူးခြားခြား Performance” အစီအစဉ်လေးတစ်ခုကိုလည်း စီစဉ်ထားပါတယ်။ ကျွန်တော်တို့ကဗျာရွတ်ပွဲကို တက်ရောက်ဖို့အတွက် ဖိတ်စာနဲ့တကွ ဖိတ်ကြားအပ်ပါတယ်ခင်ဗျာ။ နေရာက စိမ်းလန်းစိုပြေဥယျာဉ်ထဲက Zephyr မှာပါ။